Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

တ႐ုတ္ျပည္ထဲ သူတို႔သမီး အျဖစ္ ေရာင္းစားခံရတာ အျဖစ္အမ်ားဆုံး

31 January 2016 

အလုပ္အကိုင္ မက္လုံး ေပးၿပီး တ႐ုတ္ နိုင္ငံထဲ ေခၚ သြားကာ တ႐ုတ္ အမ်ိဳးသား ေတြ နဲ႔ အဓမၼ လက္ထပ္ ခိုင္းတာ မ်ိဳး အျဖစ္အမ်ားဆုံး။
ျမန္မာ နိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္တဲ့ စာရင္းအရ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ အတြင္း လူကုန္ကူး ခံရမွု ေပါင္း ၁၃၀ ရွိၿပီး အမ်ားစု ဟာ အမ်ိဳးသမီး ေတြ ျဖစ္တယ္ လို႔ ဆိုပါတယ္။

အသက္ ၂၀ နဲ႔ ၃၀ ၾကား အမ်ိဳးသမီး ေတြကို အလုပ္အကိုင္ မက္လုံး ေပးၿပီး တ႐ုတ္ နိုင္ငံထဲ ေခၚ သြားကာ တ႐ုတ္ အမ်ိဳးသား ေတြ နဲ႔ အဓမၼ လက္ထပ္ ခိုင္းတာ မ်ိဳး အျဖစ္အမ်ားဆုံး ပဲလို႔ ျမန္မာနိုင္ငံ လူကုန္ ကူးမွု တိုက္ဖ်က္ေရး တပ္ဖြဲ႕က ထိပ္တန္း ရဲ အရာရွိ တစ္ဦး က ဘီဘီစီ ကို ေျပာပါတယ္။

ထိုင္း ငါးဖမ္း ေလွ ေတြ ေပၚမွာ ေရာင္းစား ခံရသူေတြ ကို ကယ္တင္ ခဲ့ရတာ ေတြ လည္း ရွိတယ္လို႔ လည္း အဲဒီ့ ရဲ အရာရွိ က ဆိုပါတယ္။

ရဲတပ္ဖြဲ႕ က သိရွိ ခဲ့သမၽွ အမွု ေပါင္း ၁၃၀ ဟာ၂၀၁၅ အတြင္း တ႐ုတ္ နဲ႔ ထိုင္း နိုင္ငံေတြ ဘက္ လူေမွာင္ခို သမားေတြ ေခၚ ေဆာင္ သြားတာ ခံခဲ့ ရသမၽွ လူ ဦးေရ ရဲ့ တကယ့္ ပမာဏ ကို ထင္ဟပ္ ရဲ့လား ဆိုတာ ကေတာ့ ေမးခြန္း ထုတ္ စရာ ျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ေတြ တုန္း က အင္တာနက္ လူမွု ကြန္ရက္ စာမ်က္ႏွာေတြ ထက္ ျပန္႔ႏွံ့ ခဲ့တဲ့ ကေလး ခိုးမွု ေတြ ျမန္မာ နိုင္ငံ ထဲမွာ က်ယ္က်ယ္ ျပန္႔ျပန္႔ ျဖစ္ေပၚ ေနတယ္ ဆိုတာ နဲ႔ ပတ္သက္ၿပီး လို႔ေတာ့ ဒုတိယ ရဲမွုးႀကီး သက္ေနာက္ က ျငင္းဆို ခဲ့ၿပီး အမ်ားစု ဟာ ေကာလဟာလ ေတြ ျဖစ္တယ္ လို႔ ဆိုပါတယ္။

ရဲတပ္ဖြဲ႕ရဲ့ စိစစ္ စုံစမ္းမွု အရ ကေလး ခိုးမွု လို႔ ျဖစ္နိုင္ေၿခ ရွိသေယာင္ေယာင္ ၂ မွု ပဲ ေတြ႕ ထားရတယ္ လို႔ လည္း ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

.................................................

တရုတ်ပြည်ထဲ သူတို့သမီး အဖြစ် ရောင်းစားခံရတာ အဖြစ်အများဆုံး
31 January 2016
အလုပ်အကိုင် မက်လုံး ပေးပြီး တရုတ် နိုင်ငံထဲ ခေါ် သွားကာ တရုတ် အမျိုးသား တွေ နဲ့ အဓမ္မ လက်ထပ် ခိုင်းတာ မျိုး အဖြစ်အများဆုံး။
မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်း လူကုန်ကူး ခံရမှု ပေါင်း ၁၃၀ ရှိပြီး အများစု ဟာ အမျိုးသမီး တွေ ဖြစ်တယ် လို့ ဆိုပါတယ်။

အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသမီး တွေကို အလုပ်အကိုင် မက်လုံး ပေးပြီး တရုတ် နိုင်ငံထဲ ခေါ် သွားကာ တရုတ် အမျိုးသား တွေ နဲ့ အဓမ္မ လက်ထပ် ခိုင်းတာ မျိုး အဖြစ်အများဆုံး ပဲလို့ မြန်မာနိုင်ငံ လူကုန် ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့က ထိပ်တန်း ရဲ အရာရှိ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ထိုင်း ငါးဖမ်း လှေ တွေ ပေါ်မှာ ရောင်းစား ခံရသူတွေ ကို ကယ်တင် ခဲ့ရတာ တွေ လည်း ရှိတယ်လို့ လည်း အဲဒီ့ ရဲ အရာရှိ က ဆိုပါတယ်။

ရဲတပ်ဖွဲ့ က သိရှိ ခဲ့သမျှ အမှု ပေါင်း ၁၃၀ ဟာ၂၀၁၅ အတွင်း တရုတ် နဲ့ ထိုင်း နိုင်ငံတွေ ဘက် လူမှောင်ခို သမားတွေ ခေါ် ဆောင် သွားတာ ခံခဲ့ ရသမျှ လူ ဦးရေ ရဲ့ တကယ့် ပမာဏ ကို ထင်ဟပ် ရဲ့လား ဆိုတာ ကတော့ မေးခွန်း ထုတ် စရာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်တွေ တုန်း က အင်တာနက် လူမှု ကွန်ရက် စာမျက်နှာတွေ ထက် ပြန့်နှံ့ ခဲ့တဲ့ ကလေး ခိုးမှု တွေ မြန်မာ နိုင်ငံ ထဲမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် နေတယ် ဆိုတာ နဲ့ ပတ်သက်ပြီး လို့တော့ ဒုတိယ ရဲမှုးကြီး သက်နောက် က ငြင်းဆို ခဲ့ပြီး အများစု ဟာ ကောလဟာလ တွေ ဖြစ်တယ် လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စိစစ် စုံစမ်းမှု အရ ကလေး ခိုးမှု လို့ ဖြစ်နိုင်ခြေ ရှိသယောင်ယောင် ၂ မှု ပဲ တွေ့ ထားရတယ် လို့ လည်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment