Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

မဂၤလာေစ်း သစ္ ျပန္ေဆာက္ေပးေရး လႊတ္ေတာ္မွာ တင္ျပမည္

31 January 2016 


မီးေလာင္ကၽြမ္းခဲ့တဲ့ မဂၤလာေစ်းသစ္ကို ေစ်းသူ၊ ေစ်းသားေတြရဲ႕ဆႏၵအတုိင္း တည္ေဆာက္ေပးဖို႔အတြက္ ဇန္နဝါရီလ ၃ဝ ရက္ေန႔က ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ေရႊဝါေရာင္ ပညာဒါနေက်ာင္း (ေရႊေတာင္ေက်ာင္း)မွာ သတင္းစာရွင္းလင္းပြဲမွာျပဳလုပ္စဥ္ Photo:Aung Thain Kha/RFA
ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၉ ရက္ေန႔က မီးေလာင္ကၽြမ္းခဲ့တဲ့ မဂၤလာေစ်းသစ္ကို ေစ်းသူ၊ ေစ်းသားေတြရဲ႕ ဆႏၵအတုိင္းတည္ေဆာက္ေပးဖို႔အတြက္ ေဖေဖာ္ဝါရီလမွာ စတင္မယ့္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္မွာ တင္သြင္းသြားမယ္လို႔ သိရပါတယ္။

ဒီကေန႔ ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ေရႊဝါေရာင္ ပညာဒါနေက်ာင္း (ေရႊေတာင္ေက်ာင္း)မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ လႊတ္ေတာ္မွာ အဆိုတစ္ရပ္အေနနဲ႔ တင္သြင္းမယ္လို႔ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ အႏိုင္ရ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွေဌးက ေျပာပါတယ္။

"က်ေနာ္တို႔ ၂ ပိုင္းေပါ့၊ အခုကေတာ့ ၾကားကာလေပါ့၊ ၾကားကာလ ၈ ရက္ေန႔ကေတာ့ က်ေနာ္တို႔ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ သက္တမ္းစတယ္ေပါ့၊ က်ေနာ္တို႔ အလုပ္စလုပ္ရမယ္ေလ၊ ဒါေပမဲ့ အဲ့ဒီအခ်ိန္မွာ အစိုးရအေနနဲ႔က လက္ရွိအစိုရပဲရွိဦးမယ္၊ လက္ရွိရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီပဲရွိမယ္၊ ဒီကာလမွာေတာ့ က်ေနာ္တို႔က သူတို႔ကိုပဲ ဆက္တင္ျပၿပီး သူတို႔ကိုပဲေျပာရမယ္၊ အစိုးရရဲ႕သက္တမ္းကုန္သြားၿပီဆိုတာနဲ႔ အစိုးသစ္တစ္ရပ္ထြက္လာမယ္၊ အစိုးရသစ္တစ္ရပ္ထြက္လာခဲ့ရင္လည္း ဆိုင္ခန္းရွင္ေတြ ျဖစ္ခ်င္တဲ့ဆႏၵကို အစိုးရသစ္ကိုလည္း က်ေနာ္တို႔က တင္ျပရမွာပဲ၊ က်ေနာ္တို႔ကိုယ္စားလွယ္ရဲ႕ တာဝန္ဆိုတာက ဒီဘက္က ျပည္သူလူထု လုပ္ခ်င္တဲ့ ျဖစ္ခ်င္တဲ့ဆႏၵကို က်ေနာ္တို႔က လႊတ္ေတာ္ထဲမွာတင္မယ္၊ က်ေနာ္တို႔တင္တဲ့အဆိုကို ရေအာင္ေဆာင္ရြက္ေပးရမွာ က်ေနာ္တို႔ ကိုယ္စားလွယ္ရဲ႕ တာဝန္ပါ"

ဒါ့အျပင္ မီးေလာင္ဆုံး႐ႈံးသြားခဲ့တဲ့ ေစ်းသည္ေတြရဲ႕ သေဘာထားလက္မွတ္ေပါင္း ၁ဝဝဝ ေက်ာ္ကိုလည္း လက္ရွိအစုိးရကို ေပးပို႔သြားမွာ ျဖစ္ၿပီး ေနာက္တက္လာမယ့္ ျပည္ေထာင္စုအစုိးရကို ေပးပို႔သြားမယ္လုိ႔ မဂၤလာေစ်းဆိုင္ခန္းပိုင္ရွင္ေတြက ေျပာပါတယ္။

မဂၤလာေစ်း မီးေလာင္မႈေၾကာင့္ တန္ဖိုး က်ပ္သိန္းေပါင္း ၃ သိန္း ၆ ေသာင္းေက်ာ္ဖုိး ဆံုးရႈံးခဲ့ၿပီး ဆုိင္ခန္းေပါင္း ၁၆ဝဝ ေက်ာ္ ပ်က္စီးခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese

...................................

မင်္ဂလာစျေး သစ် ပြန်ဆောက်ပေးရေး လွှတ်တော်မှာ တင်ပြမည်
31 January 2016

မီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာစျေးသစ်ကို စျေးသူ၊ စျေးသားတွေရဲ့ဆန္ဒအတိုင်း တည်ဆောက်ပေးဖို့အတွက် ဇန်နဝါရီလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင် ပညာဒါနကျောင်း (ရွှေတောင်ကျောင်း)မှာ သတင်းစာရှင်းလင်းပွဲမှာပြုလုပ်စဉ် Photo:Aung Thain Kha/RFA
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာစျေးသစ်ကို စျေးသူ၊ စျေးသားတွေရဲ့ ဆန္ဒအတိုင်းတည်ဆောက်ပေးဖို့အတွက် ဖေဖော်ဝါရီလမှာ စတင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင် ပညာဒါနကျောင်း (ရွှေတောင်ကျောင်း)မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်မှာ အဆိုတစ်ရပ်အနေနဲ့ တင်သွင်းမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

"ကျနော်တို့ ၂ ပိုင်းပေါ့၊ အခုကတော့ ကြားကာလပေါ့၊ ကြားကာလ ၈ ရက်နေ့ကတော့ ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သက်တမ်းစတယ်ပေါ့၊ ကျနော်တို့ အလုပ်စလုပ်ရမယ်လေ၊ ဒါပေမဲ့ အဲ့ဒီအချိန်မှာ အစိုးရအနေနဲ့က လက်ရှိအစိုရပဲရှိဦးမယ်၊ လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပဲရှိမယ်၊ ဒီကာလမှာတော့ ကျနော်တို့က သူတို့ကိုပဲ ဆက်တင်ပြပြီး သူတို့ကိုပဲပြောရမယ်၊ အစိုးရရဲ့သက်တမ်းကုန်သွားပြီဆိုတာနဲ့ အစိုးသစ်တစ်ရပ်ထွက်လာမယ်၊ အစိုးရသစ်တစ်ရပ်ထွက်လာခဲ့ရင်လည်း ဆိုင်ခန်းရှင်တွေ ဖြစ်ချင်တဲ့ဆန္ဒကို အစိုးရသစ်ကိုလည်း ကျနော်တို့က တင်ပြရမှာပဲ၊ ကျနော်တို့ကိုယ်စားလှယ်ရဲ့ တာဝန်ဆိုတာက ဒီဘက်က ပြည်သူလူထု လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ကျနော်တို့က လွှတ်တော်ထဲမှာတင်မယ်၊ ကျနော်တို့တင်တဲ့အဆိုကို ရအောင်ဆောင်ရွက်ပေးရမှာ ကျနော်တို့ ကိုယ်စားလှယ်ရဲ့ တာဝန်ပါ"

ဒါ့အပြင် မီးလောင်ဆုံးရှုံးသွားခဲ့တဲ့ စျေးသည်တွေရဲ့ သဘောထားလက်မှတ်ပေါင်း ၁ဝဝဝ ကျော်ကိုလည်း လက်ရှိအစိုးရကို ပေးပို့သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ပြည်ထောင်စုအစိုးရကို ပေးပို့သွားမယ်လို့ မင်္ဂလာစျေးဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

မင်္ဂလာစျေး မီးလောင်မှုကြောင့် တန်ဖိုး ကျပ်သိန်းပေါင်း ၃ သိန်း ၆ သောင်းကျော်ဖိုး ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆ဝဝ ကျော် ပျက်စီးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment