Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

လက္ပံေတာင္း အၾကမ္းဖက္ၿဖိဳခြင္းမႈ ၃၈ လျပည့္အထိမ္းအမွတ္ မံုရြာ-ပုသိမ္လမ္းဆံုတြင္ ဆႏၵေဖာ္ထုတ္


စစ္ကိုင္းတိုင္းေဒသႀကီး ဆားလင္းႀကီးၿမိဳ႕နယ္ ေၾကးနီစီမံကိန္းဖ်က္သိမ္းေရး ဆႏၵျပရာတြင္ မီးေလာင္ဗုံးျဖင့္ အၾကမ္းဖက္ ၿဖိဳခြင္းခံရျခင္း ၃၈ လျပည့္ အထိမ္းအမွတ္အျဖစ္ လက္ပံေတာင္းေဒသခံမ်ားက မုံရြာ-ပုသိမ္ လမ္းမဆုံ၌ ဇန္နဝါရီလ-၂၉ ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။

မီးေလာင္ဗုံးျဖင့္အၾကမ္းဖက္ ၿဖိဳခြင္းခံခဲ့ရျခင္း အထိမ္းအမွတ္ ဆႏၵထုတ္ေဖာ္ပြဲကို လက္ပံေတာင္းေတာင္ ေဒသခံ ရွစ္ဆယ္ဝန္းက်င္ ပါဝင္ခဲ့ၿပီး၊ လုံ/ထိန္း အင္အားဝန္းက်င္ကလည္း မုံရြာ၊ ပုသိမ္လမ္းမဆုံကိုေန႔လယ္ ၁ နာ ရီေက်ာ္ေလာက္္တြင္ ေဒသခံမ်ား၏ ဆႏၵျပခ်ီတက္လာသည့္ လမ္းေၾကာင္းအား သံဆူးၾကိဳးမ်ားျဖင့္ ပိတ္ဆို႔ တားဆီးခဲ့ေၾကာင္း သိရသည္။

"ကြ်န္မတို႔ ေတာင္သူလယ္သမားေတြ အာဏာပိုင္ေတြရဲ႕ အၾကမ္းဖက္ ၿဖိဳခြင္းတာကို ခံရပါတယ္။ ဒီကေန႔မွာ ဆိုရင္ ေတာ့ ၃၈ လျပည့္တဲ့ အေနနဲ႔ အခုလို ဆႏၵျပရျခင္းပါတယ္။ လူသတ္တရားခံေတြကိုလည္း အခုထိ ေဖာ္ ထုတ္ေပးျခင္း မရွိေသးပါဘူး။ ကြ်န္မတို႔ ဆႏၵျပတိုင္း အာဏာပိုင္ေတြရဲ႕ တားဆီးျခင္း ခံေနရပါတယ္။ ဒီအတြက္ ကြ်န္မတို႔ လက္ပံေတာင္း ေဒသခံေတြက မေက်နပ္ပါဘူး"ဟု တုံအလယ္ရြာမွ မစႏၵာက ေျပာသည္။

လက္ပံေတာင္းေတာင္ဆႏၵျပ ေဒသခံမ်ားသည္ သီးႏွံေလ်ာ္ေၾကးေငြရရွိေရး-နယ္/လုံဝန္ႀကီး ျဖဳတ္ခ်ေပးေရး-ေၾကးနီစီမံကိန္း ရပ္ဆိုင္းေပးေရး-မီးေလာင္ဗုံး ေဖာက္ခြဲသည့္ တရားခံ ေဖာ္ထုတ္ေပးေရး-ေဒၚခင္ဝင္းအား သတ္ခဲ႔သည့္ လူသတ္တရားခံ ေဖာ္ထုတ္ေပးေရး စသည့္ အခ်က္မ်ား ေတာင္းဆိုကာ မုံရြာ-ပုသိမ္လမ္းမဆုံ၌ ဆႏၵထုတ္ေဖာ္ခဲ႔ျခင္း ျဖစ္သည္။

၂၀၁၂ ခုႏွစ္ ႏုိဝင္ဘာလ ၁၉ ရက္ေန႔တြင္ ေၾကးနီေတာင္စီမံကိန္း ဖ်က္သိမ္းေရးအတြက္ သံဃာေတာ္မ်ား အပါ အဝင္ ေဒသခံေတာင္သူ ၁,၂၀၀ ဝန္းက်င္ သပိတ္စခန္းဖြင့္၍ ဆႏၵျပေနစဥ္အတြင္း ေဒသအာဏာပိုင္မ်ားက
မီးေလာင္ဗံုး အသံုးျပဳၿပီး ၿဖိဳခြင္းခဲ့သည့္အတြက္ သံဃာေတာ္မ်ားအပါအဝင္ ေဒသခံေတာင္သူ တစ္ရာဝန္းက်င္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

"လက္ပံေတာင္းေတာင္ စီမံကိန္းစစခ်င္း ကြ်န္ေတာ္တို႔ ေဒသခံေတြက အသည္းအသန္ ကန္႔ကြက္ခဲ႔ပါတယ္။ ဘာျဖစ္လို႔ ကန္႔ကြက္တာလဲ ဆိုေတာ့ ကြ်န္ေတာ္တို႔ ေျမေတြ သိမ္းပါတယ္။ ေျမယာနဲ႔ သီးႏွံေလ်ာ္ေၾကးေငြ ေပးပါ့မယ္လို႔ စာခ်ဳပ္ခ်ဳပ္ထားပါတယ္။ စာခ်ဳပ္ကိုလည္း လိုက္နာျခင္းမရွိပါဘူး။ ဒီကေန႔ ဆႏၵျပေနတာဟာ အၾကမ္းဖက္ ၿဖိဳခြင္း ၃၈ လျပည့္နဲ႔ သီးႏွံေလ်ာ္ေၾကးကို ေတာင္းဆို ဆႏၵျပရျခင္းျဖစ္ပါတယ္" ဟု မိုးႀကိဳးျပင္ အလယ္ရြာမွ ကိုဝင္းေက်ာ္က ေျပာသည္။

အၾကမ္းဖက္ၿဖိဳခြင္းျခင္း ၃၈ လျပည့္ အထိမ္းအမွတ္အျဖစ္ ဆည္းတည္းရြာ-တုံအလယ္ေတာ-တုံေတာေက်ာင္း-တုံရြာမ-တုံရြာသစ္-တုံလယ္တီ-ေရႊေလွရြာ-တုံအလယ္ရြာ-ရြာသစ္ရြာ-မိုးႀကိဳးျပင္အလယ္ရြာ မိုးႀကိဳးျပင္ ေျမာက္ ရြာ-မိုးႀကိဳးျပင္ေတာင္ရြာတို႔မွ ေဒသခံေတာင္သူရွစ္ဆယ္ေက်ာ္က ဆႏၵထုတ္ေဖာ္ခ့ဲဲျခင္း ျဖစ္သည္။

သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
...................


စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ကြေးနီစီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြရာတွင် မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခံရခြင်း ၃၈ လပြည့် အထိမ်းအမှတ်အဖြစ် လက်ပံတောင်းဒေသခံများက မုံရွာ-ပုသိမ် လမ်းမဆုံ၌ ဇန်နဝါရီလ-၂၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

မီးလောင်ဗုံးဖြင့်အကြမ်းဖက် ဖြိုခွင်းခံခဲ့ရခြင်း အထိမ်းအမှတ် ဆန္ဒထုတ်ဖော်ပွဲကို လက်ပံတောင်းတောင် ဒေသခံ ရှစ်ဆယ်ဝန်းကျင် ပါဝင်ခဲ့ပြီး၊ လုံ/ထိန်း အင်အားဝန်းကျင်ကလည်း မုံရွာ၊ ပုသိမ်လမ်းမဆုံကိုနေ့လယ် ၁ နာ ရီကျော်လောက််တွင် ဒေသခံများ၏ ဆန္ဒပြချီတက်လာသည့် လမ်းကြောင်းအား သံဆူးကြိုးများဖြင့် ပိတ်ဆို့ တားဆီးခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ တောင်သူလယ်သမားတွေ အာဏာပိုင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းတာကို ခံရပါတယ်။ ဒီကနေ့မှာ ဆိုရင် တော့ ၃၈ လပြည့်တဲ့ အနေနဲ့ အခုလို ဆန္ဒပြရခြင်းပါတယ်။ လူသတ်တရားခံတွေကိုလည်း အခုထိ ဖော် ထုတ်ပေးခြင်း မရှိသေးပါဘူး။ ကျွန်မတို့ ဆန္ဒပြတိုင်း အာဏာပိုင်တွေရဲ့ တားဆီးခြင်း ခံနေရပါတယ်။ ဒီအတွက် ကျွန်မတို့ လက်ပံတောင်း ဒေသခံတွေက မကျေနပ်ပါဘူး"ဟု တုံအလယ်ရွာမှ မစန္ဒာက ပြောသည်။

လက်ပံတောင်းတောင်ဆန္ဒပြ ဒေသခံများသည် သီးနှံလျော်ကြေးငွေရရှိရေး-နယ်/လုံဝန်ကြီး ဖြုတ်ချပေးရေး-ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး-မီးလောင်ဗုံး ဖောက်ခွဲသည့် တရားခံ ဖော်ထုတ်ပေးရေး-ဒေါ်ခင်ဝင်းအား သတ်ခဲ့သည့် လူသတ်တရားခံ ဖော်ထုတ်ပေးရေး စသည့် အချက်များ တောင်းဆိုကာ မုံရွာ-ပုသိမ်လမ်းမဆုံ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းရေးအတွက် သံဃာတော်များ အပါ အဝင် ဒေသခံတောင်သူ ၁,၂၀၀ ဝန်းကျင် သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေစဉ်အတွင်း ဒေသအာဏာပိုင်များက
မီးလောင်ဗုံး အသုံးပြုပြီး ဖြိုခွင်းခဲ့သည့်အတွက် သံဃာတော်များအပါအဝင် ဒေသခံတောင်သူ တစ်ရာဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

"လက်ပံတောင်းတောင် စီမံကိန်းစစချင်း ကျွန်တော်တို့ ဒေသခံတွေက အသည်းအသန် ကန့်ကွက်ခဲ့ပါတယ်။ ဘာဖြစ်လို့ ကန့်ကွက်တာလဲ ဆိုတော့ ကျွန်တော်တို့ မြေတွေ သိမ်းပါတယ်။ မြေယာနဲ့ သီးနှံလျော်ကြေးငွေ ပေးပါ့မယ်လို့ စာချုပ်ချုပ်ထားပါတယ်။ စာချုပ်ကိုလည်း လိုက်နာခြင်းမရှိပါဘူး။ ဒီကနေ့ ဆန္ဒပြနေတာဟာ အကြမ်းဖက် ဖြိုခွင်း ၃၈ လပြည့်နဲ့ သီးနှံလျော်ကြေးကို တောင်းဆို ဆန္ဒပြရခြင်းဖြစ်ပါတယ်" ဟု မိုးကြိုးပြင် အလယ်ရွာမှ ကိုဝင်းကျော်က ပြောသည်။

အကြမ်းဖက်ဖြိုခွင်းခြင်း ၃၈ လပြည့် အထိမ်းအမှတ်အဖြစ် ဆည်းတည်းရွာ-တုံအလယ်တော-တုံတောကျောင်း-တုံရွာမ-တုံရွာသစ်-တုံလယ်တီ-ရွှေလှေရွာ-တုံအလယ်ရွာ-ရွာသစ်ရွာ-မိုးကြိုးပြင်အလယ်ရွာ မိုးကြိုးပြင် မြောက် ရွာ-မိုးကြိုးပြင်တောင်ရွာတို့မှ ဒေသခံတောင်သူရှစ်ဆယ်ကျော်က ဆန္ဒထုတ်ဖော်ခဲ့ဲခြင်း ဖြစ်သည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment