Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

ဟန္နာ၀ွစ္တာရစ္ခ်္၏ အစ္မ ေလာ္ရာ၏ စြပ္စြဲမႈမ်ားကုိ ထုိင္းရဲတပ္ဖြဲ႕ အႀကီးအကဲမ်ားက ျငင္းဆုိ


 ခုိေတာင္ကၽြန္း လူသတ္မႈႏွင့္ ပတ္သက္၍ ေသဆံုးသူ ဟန္နာ၀ွစ္တာရစ္ခ်္၏ အစ္မ ေလာ္ရာ၏ စြပ္စြဲမႈမ်ားကုိ ထုိင္းရဲတပ္ဖြဲ႕ အႀကီးအကဲမ်ားႏွင့္ တရားေရး အရာရွိမ်ားက ျငင္းဆုိလုိက္သည္။ ထုိ လူသတ္မႈတြင္ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာ္းလုပ္သား ႏွစ္ဦးအား ေသဒဏ္ ခ်မွတ္ခဲ့ျခင္းကုိ ဆန္႔က်င္ တံု႔ျပန္သည့္အေနျဖင့္ ထုိင္းတရား႐ံုးႏွင့္ အစုိးရ၀က္ဘ္ဆုိက္ သံုးရာနီးပါးကုိ Anonymous ဟက္ကာ အဖြဲ႕က တုိက္ခုိက္မႈျပဳလုပ္ခဲ့ၿပီးေနာက္ ထုိင္းအာဏာပုိင္မ်ားက ယခုကဲ့သုိ႔ တံု႔ျပန္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ေလာ္ရာ၏ စြပ္စြဲမႈတြင္ ပါ၀င္ေသာ အခ်က္မ်ားႏွင့္ ပတ္သက္၍ တုိင္းတရား႐ံုးက ကနဦး စစ္ေဆးမႈ ျပဳလုပ္ၿပီး ျဖစ္သည္ဟု တရား႐ံုးေျပာခြင့္ရ ပုဂၢိဳလ္က ဆုိသည္။ “အမႈစစ္ေနစဥ္အတြင္းမွာ ခ်က္ခ်င္း အေရးယူ ေဆာင္ရြက္ ရေလာက္တဲ့ မူမမွန္တာ၊ ကန္႔ကြက္တာမ်ဳိး မရွိပါဘူး” ဟု ယင္း ေျပာခြင့္ရ ပုဂိၢဳလ္က ဆုိသည္။ လူသတ္မႈတြင္ ေသဆံုးခဲ့သူမ်ား၏ မိသားစု၀င္မ်ားအေနျဖင့္ ၿဗိတိန္သံ႐ံုးမွ တစ္ဆင့္ တရား၀င္ ကန္႔ကြက္လႊာတင္သြင္းမွသာ အျပည့္အ၀ စံုစမ္း စစ္ေဆးမႈ ျပဳလုပ္ႏုိင္မည္ဟု ယင္းက ေျပာၾကားသည္။

မၾကာေသးခင္က လိပ္ကြ်န္းရွိ ဟိုတယ္တစ္ခု၏ ေရကူးကန္တြင္ ေနာက္ထပ္ ျဗိတိန္ခရီးသြား အမ်ဳိးသားတစ္ဦး ေသဆုံးခဲ့သည့္ ေနာက္တြင္ ထိုင္းႏိုင္ငံသည္ ကမၻာေပၚ၌ အလွဆုံးေနရာ ဆိုသည့္ ထုိင္းရဲ၏ မဆီေလ်ာ္ေသာ ေျပာၾကားခ်က္ႏွင့္ ပတ္သက္ျပီး ဖြင့္ေျပာရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု ေလာ္ရာက ဆိုသည္။

“ထိုင္းႏိုင္ငံ လွတယ္ဆိုတာ ပို ့စကတ္တို ့ဓာတ္ပုံထဲမွာေတာ့ ဟုတ္ပါလိမ့္မယ္ ။ ဒါေပမဲ့ ကၽြန္မကေတာ့ သေဘာမတူႏိုင္ဘူး။ လွတယ္လို ့ထင္တဲ့ အရာေတြ အမ်ားႀကီး ရွိတယ္ေလ။ က်ားတို ့၊ ျခေသၤ့တို ့လို အေကာင္ေတြေပါ့၊ ၾကည့္ရတာေတာ့ လွတာပဲ ။ ဒါေပမဲ ့ အနီးကပ္ သြားၾကည့္ပါလား၊ ရွင့္ကို တစ္စစီ ဆြဲျဖဲပစ္မွာ ။ ကြ်န္မေျပာခ်င္တာက ထိုင္းႏိုင္ငံလို အေယာင္ေဆာင္ အလွေတြက ရွင့္ကို အလြန္အႏၱရာယ္ၾကီးတဲ ့ ေထာင္ေခ်ာက္ထဲ ေရာက္ေအာင္ ျဖားေယာင္းႏိုင္တယ္” ဟု ေလာ္ရာက ဆုိသည္။

ထိုင္းရဲတပ္ဖဲြ႕က ဟန္နာ ႏွင့္ ေဒးဗစ္ေမလာတို ့အသတ္ခံရမႈကို စက္တင္ဘာလ အတြင္းက စစ္ေဆး ေဖာ္ထုတ္ခ်က္သည္ စနစ္က်ေသခ်ာမႈမရွိဟု ေလာ္ရာက ေရးသား ခဲ့သည္။ ထို ့ျပင္ မိမိတုိ႔ မိသားစုအေနျဖင့္ လူသတ္တရားခံမ်ားႏွင့္ ပတ္သက္ျပီး ႏုတ္ဆိတ္ေနရန္ ေငြ အေျမာက္အျမား ကမ္းလွမ္းကာ ၿခိမ္းေျခာက္ ခံခဲ့ရသည္ဟု ေလာ္ရာက ဆိုသည္။ ထို ့ျပင္ ထိုင္းအစိုးရသည္ လိပ္ကြ်န္းတြင္ အေနာက္တိုင္း ခရီးသြားမ်ားကို သတ္ျဖတ္ေနမႈမ်ားအား ကာကြယ္ ဖုံးဖိေနသည္ဟုလည္း သူမက စြပ္စြဲခဲ့သည္။

အြန္လိုင္းလႈပ္ရွားသူမ်ားက ထိုင္းရဲမ်ားသည္ ျမန္မာႏွစ္ဦးကို လူစားထိုး ခ်ေကြ်းသည္ဟု ဆိုေသာ ဗီဒီယိုတစ္ခုကို ေလာ္ရာ၏ ေဖ့စ္ဘုတ္စာမ်က္နွာတြင္ တင္ထားခဲ့သည္။

ေဒးဗစ္ေမလာ၏ မိဘမ်ားႏွင့္ အစ္ကိုျဖစ္သူအေနျဖင့္ ဒီဇင္ဘာ ၂၅ ရက္ေန ့တြင္ ခ်မွတ္ခဲ့ေသာ ျမန္မာအမ်ဳိးသား နွစ္ဦးအေပၚ ေသဒဏ္စီရင္ခ်က္ကို ေထာက္ခံခဲ့ေသာ္လည္း ဟန္နာ၏ မိသားစုက အမႈႏွင့္ ပတ္သက္ျပီး ျဖစ္ႏိုင္ေျခမ်ားကို ေလ့လာရန္ႏွင့္ သူတို ့၏ အေၾကာင္းကို ေျပာျပသိရွိရန္ အသင့္ေတာ္ဆုံး နည္းလမ္းကိုရွာႏုိင္ရန္ အတြက္ အခ်ိန္လိုအပ္သည္ဟု ေျပာၾကားခဲ့သည္။

“ထိုင္းအေတာ္မ်ားမ်ားက အေနာက္တိုင္းသားေတြကို မုန္းၾကတယ္။ သူတို ့က လူေတြရဲ႕ အသက္ကို နည္းနည္းပဲ တန္ဖိုးထားတယ္။ ဒါ ကၽြန္မ ေပါ့ေပါ့တန္တန္ ေျပာေနတာ မဟုတ္ဘူး ။ အေၾကာင္းမရွိဘဲ ေျပာတာ မဟုတ္ဘူး" ဟု ေလာ္ရာက လိပ္ကၽြန္း၌ မၾကာေသးခင္က ေသဆုံးခဲ့ေသာ ျဗိတိန္လူငယ္ အပါအ၀င္ ႏိုင္ငံျခားသားမ်ား ဆက္တိုက္ေသဆုံးမႈ ကို အေလးထား ေျပာျပခဲ့သည္။

အဆုိပါ ျဗိတိန္လူငယ္၏ ကိုယ္ကို ခြဲစိတ္စစ္ေဆးရန္ ကြ်န္းမွ သယ္လာခဲ့ၿပီး ထိုင္းရဲမ်ားက သူသည္ အရက္မူးျပီး ေရကူးကန္ထဲ ေခါင္းစိုက္ ေသဆုံးျခင္းျဖစ္သည္ဟု မီဒီယာမ်ားကို ေျပာခဲ့သည္။

“ဟန္နာကို ဆုံး႐ံႈးရကတည္းက လိပ္ကၽြန္းမွာ ေနာက္ထပ္ သံသယရွိစရာ ေကာင္းတဲ ့ ေသဆုံးမႈေတြ အမ်ားၾကီး ရွိေနခဲ့တာ။ အခုေနာက္ဆုံး လူေသမႈမွာလည္း ကြ်န္မ သံသယအမ်ားၾကီး ရွိတယ္။ ထိုင္းေတြကေတာ့ မူးယစ္ေဆးသုံးလို ့မေတာ္တဆ ေသတာပါလို ့ ေျပာလိမ့္မယ္။ အျဖစ္အမွန္ကို ဖုံးကြယ္ျပီး ဇတ္လမ္းဆင္တာက သူတို ့ခဏခဏ လုပ္ေနၾကပဲ။” ဟု ေလာ္ရာက ေျပာၾကားခဲ့သည္။

The Ladies News Journal
https://www.facebook.com/News.TheLadies

................................................

ဟန်နာဝှစ်တာရစ်ချ်၏ အစ်မ လော်ရာ၏ စွပ်စွဲမှုများကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲများက ငြင်းဆို


 ခိုတောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဆုံးသူ ဟန်နာဝှစ်တာရစ်ချ်၏ အစ်မ လော်ရာ၏ စွပ်စွဲမှုများကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲများနှင့် တရားရေး အရာရှိများက ငြင်းဆိုလိုက်သည်။ ထို လူသတ်မှုတွင် မြန်မာနိုင်ငံသား ရွှေ့ပြော်းလုပ်သား နှစ်ဦးအား သေဒဏ် ချမှတ်ခဲ့ခြင်းကို ဆန့်ကျင် တုံ့ပြန်သည့်အနေဖြင့် ထိုင်းတရားရုံးနှင့် အစိုးရဝက်ဘ်ဆိုက် သုံးရာနီးပါးကို Anonymous ဟက်ကာ အဖွဲ့က တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

လော်ရာ၏ စွပ်စွဲမှုတွင် ပါ၀င်သော အချက်များနှင့် ပတ်သက်၍ တိုင်းတရားရုံးက ကနဦး စစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သည်ဟု တရားရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ “အမှုစစ်နေစဉ်အတွင်းမှာ ချက်ချင်း အရေးယူ ဆောင်ရွက် ရလောက်တဲ့ မူမမှန်တာ၊ ကန့်ကွက်တာမျိုး မရှိပါဘူး” ဟု ယင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ လူသတ်မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအနေဖြင့် ဗြိတိန်သံရုံးမှ တစ်ဆင့် တရားဝင် ကန့်ကွက်လွှာတင်သွင်းမှသာ အပြည့်အဝ စုံစမ်း စစ်ဆေးမှု ပြုလုပ်နိုင်မည်ဟု ယင်းက ပြောကြားသည်။

မကြာသေးခင်က လိပ်ကျွန်းရှိ ဟိုတယ်တစ်ခု၏ ရေကူးကန်တွင် နောက်ထပ် ဗြိတိန်ခရီးသွား အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် နောက်တွင် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်၌ အလှဆုံးနေရာ ဆိုသည့် ထိုင်းရဲ၏ မဆီလျော်သော ပြောကြားချက်နှင့် ပတ်သက်ပြီး ဖွင့်ပြောရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လော်ရာက ဆိုသည်။

“ထိုင်းနိုင်ငံ လှတယ်ဆိုတာ ပို ့စကတ်တို ့ဓာတ်ပုံထဲမှာတော့ ဟုတ်ပါလိမ့်မယ် ။ ဒါပေမဲ့ ကျွန်မကတော့ သဘောမတူနိုင်ဘူး။ လှတယ်လို ့ထင်တဲ့ အရာတွေ အများကြီး ရှိတယ်လေ။ ကျားတို ့၊ ခြင်္သေ့တို ့လို အကောင်တွေပေါ့၊ ကြည့်ရတာတော့ လှတာပဲ ။ ဒါပေမဲ ့ အနီးကပ် သွားကြည့်ပါလား၊ ရှင့်ကို တစ်စစီ ဆွဲဖြဲပစ်မှာ ။ ကျွန်မပြောချင်တာက ထိုင်းနိုင်ငံလို အယောင်ဆောင် အလှတွေက ရှင့်ကို အလွန်အန္တရာယ်ကြီးတဲ ့ ထောင်ချောက်ထဲ ရောက်အောင် ဖြားယောင်းနိုင်တယ်” ဟု လော်ရာက ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့က ဟန်နာ နှင့် ဒေးဗစ်မေလာတို ့အသတ်ခံရမှုကို စက်တင်ဘာလ အတွင်းက စစ်ဆေး ဖော်ထုတ်ချက်သည် စနစ်ကျသေချာမှုမရှိဟု လော်ရာက ရေးသား ခဲ့သည်။ ထို ့ပြင် မိမိတို့ မိသားစုအနေဖြင့် လူသတ်တရားခံများနှင့် ပတ်သက်ပြီး နုတ်ဆိတ်နေရန် ငွေ အမြောက်အမြား ကမ်းလှမ်းကာ ခြိမ်းခြောက် ခံခဲ့ရသည်ဟု လော်ရာက ဆိုသည်။ ထို ့ပြင် ထိုင်းအစိုးရသည် လိပ်ကျွန်းတွင် အနောက်တိုင်း ခရီးသွားများကို သတ်ဖြတ်နေမှုများအား ကာကွယ် ဖုံးဖိနေသည်ဟုလည်း သူမက စွပ်စွဲခဲ့သည်။

အွန်လိုင်းလှုပ်ရှားသူများက ထိုင်းရဲများသည် မြန်မာနှစ်ဦးကို လူစားထိုး ချကျွေးသည်ဟု ဆိုသော ဗီဒီယိုတစ်ခုကို လော်ရာ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ထားခဲ့သည်။

ဒေးဗစ်မေလာ၏ မိဘများနှင့် အစ်ကိုဖြစ်သူအနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ ့တွင် ချမှတ်ခဲ့သော မြန်မာအမျိုးသား နှစ်ဦးအပေါ် သေဒဏ်စီရင်ချက်ကို ထောက်ခံခဲ့သော်လည်း ဟန်နာ၏ မိသားစုက အမှုနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို လေ့လာရန်နှင့် သူတို ့၏ အကြောင်းကို ပြောပြသိရှိရန် အသင့်တော်ဆုံး နည်းလမ်းကိုရှာနိုင်ရန် အတွက် အချိန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

“ထိုင်းအတော်များများက အနောက်တိုင်းသားတွေကို မုန်းကြတယ်။ သူတို ့က လူတွေရဲ့ အသက်ကို နည်းနည်းပဲ တန်ဖိုးထားတယ်။ ဒါ ကျွန်မ ပေါ့ပေါ့တန်တန် ပြောနေတာ မဟုတ်ဘူး ။ အကြောင်းမရှိဘဲ ပြောတာ မဟုတ်ဘူး" ဟု လော်ရာက လိပ်ကျွန်း၌ မကြာသေးခင်က သေဆုံးခဲ့သော ဗြိတိန်လူငယ် အပါအဝင် နိုင်ငံခြားသားများ ဆက်တိုက်သေဆုံးမှု ကို အလေးထား ပြောပြခဲ့သည်။

အဆိုပါ ဗြိတိန်လူငယ်၏ ကိုယ်ကို ခွဲစိတ်စစ်ဆေးရန် ကျွန်းမှ သယ်လာခဲ့ပြီး ထိုင်းရဲများက သူသည် အရက်မူးပြီး ရေကူးကန်ထဲ ခေါင်းစိုက် သေဆုံးခြင်းဖြစ်သည်ဟု မီဒီယာများကို ပြောခဲ့သည်။

“ဟန်နာကို ဆုံးရှုံးရကတည်းက လိပ်ကျွန်းမှာ နောက်ထပ် သံသယရှိစရာ ကောင်းတဲ ့ သေဆုံးမှုတွေ အများကြီး ရှိနေခဲ့တာ။ အခုနောက်ဆုံး လူသေမှုမှာလည်း ကျွန်မ သံသယအများကြီး ရှိတယ်။ ထိုင်းတွေကတော့ မူးယစ်ဆေးသုံးလို ့မတော်တဆ သေတာပါလို ့ ပြောလိမ့်မယ်။ အဖြစ်အမှန်ကို ဖုံးကွယ်ပြီး ဇတ်လမ်းဆင်တာက သူတို ့ခဏခဏ လုပ်နေကြပဲ။” ဟု လော်ရာက ပြောကြားခဲ့သည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment