Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

Deir al-Zour မွာ ဘာျဖစ္ခဲ့လဲ အမ်ိဳးမ်ိဳး ေျပာေနၾက

               


ဆီးရီးယား အေရွ႕ပိုင္းၿမိဳ႕ ဒီရာလ္ေဇာ ရဲ႕ ဆင္ေျခဖုံး၊ အစိုးရ တပ္ ေတြ ထိန္းခ်ဳပ္ ထားတဲ့ အရပ္ ေတြမွာ အခု သီတင္းပတ္ အကုန္က အစၥလာမ္မစ္ ႏိုင္ငံ အဖြဲ႕ IS ေတြ တိုက္ခိုက္ လာတဲ့ေနာက္ ဘာေတြ ျဖစ္ခဲ့သလဲ ဆိုတဲ့ အေပၚ တစ္ခုနဲ႔ တစ္ခု ကြဲလြဲေနတဲ့ သတင္းေတြ အမ်ိဳးမ်ိဳး ထြက္ ေပၚ ေနပါတယ္။

ဆီးရီးယား လူ႕အခြင့္ အေရး ဆိုင္ရာ ေစာင့္ၾကည့္ေရး အဖြဲ႕ ရဲ႕ အဆိုအရ IS ေတြဟာ အစိုးရ စစ္သားေတြ ရဲ႕ ေဆြမ်ိဳး ေတြ အပါအဝင္ လူ ၄၀၀ ေက်ာ္ ကို ဓားစာခံ အေနနဲ႔ ဖမ္းဆီး ေခၚေဆာင္ သြားတယ္ လို႔ ေျပာပါတယ္။

ဆီးရီးယား အစိုးရ သတင္းဌာန ကေတာ့ IS ေတြ က လူ ၃၀၀ ကို အစုလိုက္ အၿပဳံလိုက္ သတ္ လိုက္တယ္ ဆိုၿပီး ေဖာ္ျပ ေနပါတယ္။

ဒါေပမယ့္ ဒီရာလ္ေဇာ က လာတဲ့ သတင္း ေတြ အရေတာ့ အဲဒီလို အစုလိုက္ အၿပဳံလိုက္ ဖမ္းဆီး ခံရတာ ဒါမွမဟုတ္ အသတ္ ခံရတာမ်ိဳး မၾကားရဘူး ဆိုၿပီး ေျပာေနပါတယ္။

ဒီရာလ္ေဇာ္ ၿမိဳ႕ခံ တစ္ေယာက္ ဘီဘီစီ ကို ေျပာတာ ကေတာ့ အစိုးရ အေပၚ လိုလားတဲ့ လက္နက္ကိုင္ ေတြရဲ႕ ေခါင္းေဆာင္ ပိုင္း ကို လိုက္လံ ရွာေဖြ ေနတဲ့ IS ေတြဟာ လူ တခ်ိဳ႕ ကို ေခၚေဆာင္ သြားတာေတာ့ ဟုတ္တယ္၊ ဒါေပမယ့္ လူ ၄၀၀ ေက်ာ္ ေလာက္ ထိ ေတာ့ မမ်ားဘူး လို႔ ဆိုပါတယ္။

BBC Burmese
https://www.facebook.com/bbcburmese

...............................................

Deir al-Zour မှာ ဘာဖြစ်ခဲ့လဲ အမျိုးမျိုး ပြောနေကြ


ဆီးရီးယား အရှေ့ပိုင်းမြို့ ဒီရာလ်ဇော ရဲ့ ဆင်ခြေဖုံး၊ အစိုးရ တပ် တွေ ထိန်းချုပ် ထားတဲ့ အရပ် တွေမှာ အခု သီတင်းပတ် အကုန်က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ တိုက်ခိုက် လာတဲ့နောက် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတဲ့ အပေါ် တစ်ခုနဲ့ တစ်ခု ကွဲလွဲနေတဲ့ သတင်းတွေ အမျိုးမျိုး ထွက် ပေါ် နေပါတယ်။

ဆီးရီးယား လူ့အခွင့် အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ ရဲ့ အဆိုအရ IS တွေဟာ အစိုးရ စစ်သားတွေ ရဲ့ ဆွေမျိုး တွေ အပါအဝင် လူ ၄၀၀ ကျော် ကို ဓားစာခံ အနေနဲ့ ဖမ်းဆီး ခေါ်ဆောင် သွားတယ် လို့ ပြောပါတယ်။

ဆီးရီးယား အစိုးရ သတင်းဌာန ကတော့ IS တွေ က လူ ၃၀၀ ကို အစုလိုက် အပြုံလိုက် သတ် လိုက်တယ် ဆိုပြီး ဖော်ပြ နေပါတယ်။

ဒါပေမယ့် ဒီရာလ်ဇော က လာတဲ့ သတင်း တွေ အရတော့ အဲဒီလို အစုလိုက် အပြုံလိုက် ဖမ်းဆီး ခံရတာ ဒါမှမဟုတ် အသတ် ခံရတာမျိုး မကြားရဘူး ဆိုပြီး ပြောနေပါတယ်။

ဒီရာလ်ဇော် မြို့ခံ တစ်ယောက် ဘီဘီစီ ကို ပြောတာ ကတော့ အစိုးရ အပေါ် လိုလားတဲ့ လက်နက်ကိုင် တွေရဲ့ ခေါင်းဆောင် ပိုင်း ကို လိုက်လံ ရှာဖွေ နေတဲ့ IS တွေဟာ လူ တချို့ ကို ခေါ်ဆောင် သွားတာတော့ ဟုတ်တယ်၊ ဒါပေမယ့် လူ ၄၀၀ ကျော် လောက် ထိ တော့ မများဘူး လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment