Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

ေဒၚေအာင္ဆန္းစုၾကည္ ႐ံုးအဖြဲ႔မွဴ း အသစ္ခန္႔

 ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ရံုးအဖြဲ႔မွဴး အျဖစ္ ေဆာင္ရြက္လာခဲ့တဲ႔ ေဒါက္တာ ေဒၚတင္မာေအာင္ (Photo-NLD Chairperson)
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနျပည္ေတာ္ ရံုးအတြက္ ရံုးအဖြဲ႔မွဴး အသစ္အျဖစ္ ဦးမိုးေဇာ္ဦးကို ခန္႔အပ္လိုက္တဲ႔ အေၾကာင္း ပါတီက ဒီကေန႔ တရား၀င္ ထုတ္ျပန္ေၾကညာပါတယ္။

၂၀၁၀ ျပည့္ႏွစ္ ႏွစ္ကုန္ပိုင္းမွာေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က လြတ္ေျမာက္လာၿပီးေနာက္ပိုင္း ရံုးအဖြဲ႔မွဴး အျဖစ္ ေဆာင္ရြက္လာတဲ႔ ေဒါက္တာ ေဒၚတင္မာေအာင္ရဲ႕ ေနရာမွာ ဦးမိုးေဇာ္ဦးကို အစားထိုး ခန္႔အပ္လိုက္တာ ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲကေန ေရြးေကာက္တင္ေျမွာက္လုိက္တဲ႔ NLD ကိုယ္စားလွယ္ အမ်ားစုပါ၀င္တဲ႔ လႊတ္ေတာ္သစ္ေတြကို ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ တနလာၤေန႔ စတင္မယ့္ အခ်ိန္မွာဘဲ လက္ရွိ ေဒါက္တာ တင္မာေအာင္ရဲ႕ ရံုးအဖြဲ႔မွဴး ေနရာမွာ ဦးမိုးေဇာ္ဦးက အစားထိုးၿပီး စတင္တာ၀န္ယူမွာလည္း ျဖစ္ပါတယ္။

NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္သြယ္လိုရင္လည္း ဦးမိုးေဇာ္ဦးကို ဆက္သြယ္ၾကဖို႔လည္း ပါတီရဲ႕ ေၾကညာခ်က္မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အနီးကပ္ဆံုး ရွိခဲ႔ၿပီး ရံုးအဖြဲ႔မွဴးအျဖစ္လည္း တာ၀န္ယူခဲ႔သူ ေဒါက္တာ တင္မာေအာင္ က ပါတီ အတြက္ ဘယ္လို တာ၀န္ေတြ ေျပာင္းလဲ ထမ္းေဆာင္မလဲ ဆိုတာကိုေတာ့ ပါတီဘက္က ထုတ္ေဖာ္ ေျပာဆိုတာမရွိေသးပါဘူး။

လႊတ္ေတာ္ ၂ ရပ္စလံုကို ႀကီးစိုးၿပီး အစိုးရဖြဲ႔စည္းႏုိင္ေလာက္တဲ႔ အထိ အမ်ားစု အႏုိင္ရထားတဲ႔ NLD ပါတီဘက္က အကူးအေျပာင္းကာလ အကဲဆတ္မႈကို အေၾကာင္းျပၿပီး သမၼတ အမည္စာရင္း၊ အစိုးရ အဖြဲ႔ လ်ာထားခ်က္နဲ႔ ပတ္သက္လို႔ မထုတ္ျပန္ေသးတဲ႔ အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အနီးကပ္ ရံုးအဖြဲ႔မွဴး အျဖစ္ တာ၀န္ယူခဲ႔သူ ေဒါက္တာ တင္မာေအာင္ ဘယ္လို တာ၀န္မ်ိဳး ယူလာမလဲ ဆိုတာကိုလည္း အမ်ားက စိတ္၀င္စားေနၾကတာ ျဖစ္ပါတယ္။

ေဒါက္တာ တင္မာေအာင္ရဲ႕ ေနရာမွာ အစားထိုး ခန္႔ထားလိုက္တဲ႔ ဦးမိုးေဇာ္ဦးကေတာ့ ၁၉၈၈ ခုႏွစ္ လူထု လႈပ္ရွားမႈေတြ ေနာက္ပိုင္း အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ကို ၀င္ေရာက္ခဲ႔သူ ျဖစ္ၿပီး ႏုိင္ငံေရး အက်ဥ္းသားေဟာင္းလည္း ျဖစ္ပါတယ္။ ထိုင္းႏုိင္ငံ ခ်ဴလာေလာင္ကြန္း တကၠသိုလ္ကေန မဟာဝိဇၨာဘြဲ႔ ရရွိထားတဲ႔ ဦးမိုးေဇာ္ဦးဟာ ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲ ကာလက စလို႔ NLD ဥကၠဌ ရံုးမွာ အလုပ္လုပ္ကိုင္ ေနသူလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................
  ဒေါ်အောင်ဆန်းစုကြည် နဲ့ ရုံးအဖွဲ့မှူး အဖြစ် ဆောင်ရွက်လာခဲ့တဲ့ ဒေါက်တာ ဒေါ်တင်မာအောင် (Photo-NLD Chairperson)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ရုံးအတွက် ရုံးအဖွဲ့မှူး အသစ်အဖြစ် ဦးမိုးဇော်ဦးကို ခန့်အပ်လိုက်တဲ့ အကြောင်း ပါတီက ဒီကနေ့ တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း ရုံးအဖွဲ့မှူး အဖြစ် ဆောင်ရွက်လာတဲ့ ဒေါက်တာ ဒေါ်တင်မာအောင်ရဲ့ နေရာမှာ ဦးမိုးဇော်ဦးကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်လိုက်တဲ့ NLD ကိုယ်စားလှယ် အများစုပါ၀င်တဲ့ လွှတ်တော်သစ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ တနလာင်္နေ့ စတင်မယ့် အချိန်မှာဘဲ လက်ရှိ ဒေါက်တာ တင်မာအောင်ရဲ့ ရုံးအဖွဲ့မှူး နေရာမှာ ဦးမိုးဇော်ဦးက အစားထိုးပြီး စတင်တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်လိုရင်လည်း ဦးမိုးဇော်ဦးကို ဆက်သွယ်ကြဖို့လည်း ပါတီရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံး ရှိခဲ့ပြီး ရုံးအဖွဲ့မှူးအဖြစ်လည်း တာဝန်ယူခဲ့သူ ဒေါက်တာ တင်မာအောင် က ပါတီ အတွက် ဘယ်လို တာဝန်တွေ ပြောင်းလဲ ထမ်းဆောင်မလဲ ဆိုတာကိုတော့ ပါတီဘက်က ထုတ်ဖော် ပြောဆိုတာမရှိသေးပါဘူး။

လွှတ်တော် ၂ ရပ်စလုံကို ကြီးစိုးပြီး အစိုးရဖွဲ့စည်းနိုင်လောက်တဲ့ အထိ အများစု အနိုင်ရထားတဲ့ NLD ပါတီဘက်က အကူးအပြောင်းကာလ အကဲဆတ်မှုကို အကြောင်းပြပြီး သမ္မတ အမည်စာရင်း၊ အစိုးရ အဖွဲ့ လျာထားချက်နဲ့ ပတ်သက်လို့ မထုတ်ပြန်သေးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ရုံးအဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာ တင်မာအောင် ဘယ်လို တာဝန်မျိုး ယူလာမလဲ ဆိုတာကိုလည်း အများက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒေါက်တာ တင်မာအောင်ရဲ့ နေရာမှာ အစားထိုး ခန့်ထားလိုက်တဲ့ ဦးမိုးဇော်ဦးကတော့ ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွေ နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ၀င်ရောက်ခဲ့သူ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်ကနေ မဟာဝိဇ္ဇာဘွဲ့ ရရှိထားတဲ့ ဦးမိုးဇော်ဦးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလက စလို့ NLD ဥက္ကဌ ရုံးမှာ အလုပ်လုပ်ကိုင် နေသူလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment