Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

ထုိင္းေနျမန္မာတခ်ိဳ႕ ေမာ္ေတာ္ကား၀ယ္ခြင့္ရၿပီ

(ဓာတ္ပံု-ေအးေအးမာ ဗြီအိုေအျမန္မာပိုင္း)

31 January 2016 


ထိုင္းႏုိင္ငံအတြင္းမွာ အခ်ိန္ၾကာျမင့္စြာ ေနထိုင္ေနၾကတဲ့ ျမန္မာျပည္သားေတြအေနနဲ႔ ယာဥ္ဝယ္ခြင့္နဲ႔ ယာဥ္ေမာင္းလိုင္စင္ကိုင္ေဆာင္ခြင့္ဆိုင္ရာ ဥပေဒတရပ္ဟာ အခုရက္ပိုင္းအတြင္းမွာပဲ စတင္ အသက္ဝင္ခဲ့ပါၿပီ။

ဒီဥပေဒနဲ႔ အက်ဳံးဝင္တဲ့ ထိုင္းႏုိင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြဟာ ထိုင္းႏိုင္ငံသားေတြလိုပဲ အစိုးရေဆး႐ံုေတြမွာ အခမဲ့ ေဆးကုသခြင့္နဲ႔ ေက်ာင္းေတြမွာ အခမဲ့ပညာသင္ၾကားခြင့္ေတြ ရရွိၾကမွာ ျဖစ္ပါတယ္။ ဒီဥပေဒမွာ ဘယ္လိုအခ်က္အလက္ေတြက အက်ဳံးဝင္သလဲဆိုတာကို ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာ ဆက္သြယ္စံုစမ္းထားခ်က္ေတြကို မခြာညိဳက တင္ျပထားပါတယ္။

ဇန္နဝါရီလ ၁၂ ရက္ေန႔က ခ်မွတ္ခဲ့တဲ့ ဥပေဒအရ ထိုင္းႏိုင္ငံမွာအေနၾကာၿပီး ၁၀ ႏွစ္ခံကဒ္လို႔ လူသိမ်ားတဲ့ တရား၀င္ေနထုိင္ခြင့္ အေထာက္အထား ၁၀ ႏွစ္ သက္တမ္းေပးထားတဲ့ကဒ္ ကိုင္ေဆာင္ထားသူေတြနဲ႔ ႏိုင္ငံကူးလက္မွတ္ရွိတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ၊ ထိုင္းအစိုးရက ထုတ္ေပးထားတဲ့ အလုပ္လုပ္ခြင့္ ပန္းေရာင္ကဒ္ ကိုင္ေဆာင္ထားသူေတြဟာ ယာဥ္ပစၥည္းေတြနဲ႔ ယာဥ္ဝယ္ယူခြင့္အျပင္ ယာဥ္ေမာင္း လိုင္စင္လည္း ရယူႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ အခု ရက္ပိုင္းအတြင္း စတင္ အသက္ဝင္လာၿပီျဖစ္တဲ့ ဒီဥပေဒနဲ႔ ပတ္သက္လို႔ ထုိင္းလုပ္ငန္းရွင္တစ္ဦးက အခုလို ေျပာျပပါတယ္။

“ပတ္စ္ပို႔သမားေတြက သူေဌးေနာ္ စာ အလုပ္လုပ္ခြင့္ပါမစ္ပါ ပါရမယ္။ သူေဌးအိမ္ေထာင္စုစာရင္း၊ မွတ္ပံုတင္ အဲ့လိုေပါ့ ေျဖတဲ့အခါက်ရင္ေပါ့ အဲ့လိုေနာ္။ တကယ္လို႔ အေရာင္းအ၀ယ္လည္း သူေဌးဥစၥာလည္း ပါရမယ္။ ပတ္စ္ပို႔သမားေတြေပ့ါေနာ္။ ၁၀ ႏွစ္ခံကဒ္ ကိုင္ေဆာင္ထားသူေတြကေတာ့ သူေဌးမလိုဘူး။ အလုပ္လုပ္ခြင့္ ပါမစ္လည္း မလိုဘူး။ ပန္းေရာင္ကဒ္လည္း လုပ္ေပးတယ္။ လုပ္ေပးတဲ့သူက သူေဌး အိမ္ေထာင္စုစာရင္းေရာ၊ ဘာေရာ အကုန္ပါရမယ္။ သူက တျခားနယ္ေက်ာ္ၿပီးေတာ့ သြားလုပ္လို႔မရဘူး။ ကိုယ္ေနတဲ့ေနရာပဲ လုပ္ရတယ္။ အေရာင္းအ၀ယ္လုပ္ရတယ္။”

၁၀ ႏွစ္ခံကဒ္မွာ ထုိင္းႏိုင္ငံအတြင္း အေနၾကာေပမယ့္ အေထာက္အထားျပႏိုင္ျခင္းမရွိတဲ့ ျမန္မာႏုိင္ငံသားေတြကို ထုတ္ေပးတဲ့ကဒ္ကိုေတာ့ ႏွစ္မ်ဳိးခဲြထားပါတယ္။  ကဒ္ ႏွစ္မ်ဳိးစလံုးမွာ   မဂဏန္း ၁၃ လံုးပါၿပီး-   သုည - နဲ႔စၿပီး ဂဏန္း ၆ လံုးေျမာက္နဲ႔ ၇ လံုးေျမာက္မွာ ၈ နဲ႔ ၉ ပါတဲ့ ကဒ္ေတြသာ အခုထုတ္ျပန္တဲ့ ဥပေဒနဲ႔ အက်ဳံး ဝင္မွာျဖစ္ၿပီး ၈ နဲ႔ ၉ ဂဏန္းမပါတဲ့ကဒ္ ကိုင္ေဆာင္သူေတြက ဒီဥပေဒပါ အခြင့္အေရး ရမွာ မဟုတ္ပါဘူး။

“သုည အေရွ႕ေပါ့ေနာ္ ေနာက္ၿပီးရင္ ၈၊ ၉ ျဖစ္ရမယ္။ အဲ့လိုလူေတြက ရတယ္။ အေရွ႕မွာလည္း သုည၊ အေနာက္မွာလည္း သုည ဆုိရင္ အဲ့လိုကေတာ့ မရဘူး။ အားလံုး သုညျဖစ္တဲ့သူေတြက မရဘူးေပါ့။”

ဂဏန္း ၈ နဲ႔ ၉ ပါတဲ့အဓိပၸာယ္က သူတို႔ေနထုိင္ရာ ထိုင္းႏိုင္ငံအတြင္းက ေက်းရြာေတြမွာ သန္းေခါင္စာရင္း ရရွိထားသူေတြျဖစ္ၿပီး ေရွ႕က သုည နဲ႔စၿပီး ဂဏန္း ၆ လံုး ေျမာက္နဲ႔ ၇ လံုးေျမာက္မွာ သုည - ေတြပဲ ပါေနရင္ေတာ့ အဲဒီကဒ္ ကိုင္ေဆာင္သူေတြဟာ ေနထိုင္ရာ အတည္ တက် မရွိေသးသူေတြလို႔ သတ္မွတ္ပါတယ္။

သန္းေခါင္စာရင္းရထားတဲ့ အလယ္မွာ ၈ နဲ႔ ၉ ပါတဲ့ ဆယ္ႏွစ္ခံ ကဒ္ ကိုင္ဆိုင္သူေတြဟာ ထိုင္းႏုိင္ငံသားေတြနည္းတူ သက္ဆုိင္ရာ အစိုးရ ေဆး႐ံု ေတြမွာ အခမဲ့ က်န္းမာေရး ေစာင့္ေရွာက္ခြင့္၊ ကေလးေတြ အခမဲ့ပညာသင္ၾကားခြင့္ေတြကိုလည္း တပါတည္း ရရွိမွာျဖစ္ပါတယ္။ ဒါ့အျပင္ သက္ဆုိင္ရာ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ထိုင္းႏိုင္ငံအႏွံ႔ ခရီးသြားခြင့္လည္း ရမွာျဖစ္ပါတယ္။

ထုိင္းႏုိင္ငံမွာ တစ္ႏွစ္တစ္ႀကိမ္သက္တမ္းတိုးရတဲ့ ဘတ္ - လို႔ေခၚတဲ့ ေနထိုင္ခြင့္ကဒ္ ကိုင္ေဆာင္ထားသူေတြအတြက္ေတာ့  အလုပ္လုပ္ခြင့္ ကဒ္ ရွိရင္ေတာင္ တၿမိဳ႕ထဲ မွာ ဒီဘက္ရပ္ကြက္ကေန ဟိုဘက္ရပ္ကြက္ကို ကူးသန္းခြင့္သလို အလုပ္ေျပာင္းေရႊ႕ လုပ္ကိုင္ခြင့္လည္း မရွိၾကပါဘူး။

ထိုင္းႏုိင္ငံက တရားဝင္ထုတ္ေပးတဲ့ ဆယ္ႏွစ္ခံလက္မွတ္ကိုင္ေဆာင္ထားႏိုင္တဲ့ ျမန္မာႏုိင္ငံသားေတြ အပါအဝင္ ႏုိင္ငံျခားသားေတြ၊ ေရႊ႕ေျပာင္း အလုပ္သမားေတြအတြက္ ယာဥ္ဝယ္ယူခြင့္နဲ႔ လိုင္စင္လုပ္ခြင့္ဆိုတာကလည္း ဒါဟာ ပထမဆံုးရတဲ့ အခြင့္အေရးျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၆ ႏွစ္က ယာဥ္ေမာင္းလုိင္စင္လုပ္ခြင့္ဥပေဒ ျပဌာန္းေပးခဲ့တာရွိခဲ့ၿပီး အခုထုတ္ျပန္တဲ့ ဥပေဒသစ္အရ ဥပေဒေဟာင္းကို ဖ်က္သိမ္း လိုက္တဲ့အတြက္လည္း အရင္ဥပေဒအရ ထုတ္ေပးထားတဲ့ လိုင္စင္ေဟာင္းကိုင္ေဆာင္သူေတြလည္း လိုင္စင္သစ္ျပန္လုပ္ရမွာ ျဖစ္ပါတယ္။

ဒီဥပေဒအတည္မျပဳခင္အခ်ိန္အထိ ဒီလက္မွတ္ကိုင္ေဆာင္ထားသူေတြဟာ ယာဥ္ေမာင္းခြင့္မရွိတဲ့အတြက္ မၾကာခဏ ဖမ္းဆီးခံရတာ ဒဏ္ေငြ ေပးေဆာင္ရတာေတြ ရွိေနခဲ့တာပါ။  ယာဥ္ေမာင္းသူေတြလိုက္နာရမယ့္စည္းကမ္း အေတာ္မ်ားမ်ား ထပ္တိုးလာတဲ့အတြက္ ယာဥ္ ေမာင္းခြင့္ လိုင္စင္ေျဖဆိုရာမွာလည္း အရင္က ထက္ ပိုခက္ခဲလာမွာျဖစ္ပါတယ္။ ယာဥ္ေမာင္းခြင့္လိုင္စင္ စာေမးပဲြကို အဂၤလိပ္၊ ထိုင္း ႏွစ္ဘာသာအနက္ ႏွစ္သက္ရာ ဘာသာနဲ႔ ေျဖဆို ႏုိင္ၾကပါတယ္။ ျမန္မာႏုိင္ငံသား အမ်ားစုက ဒီဥပေဒဟာ အခြင့္အလမ္းေကာင္းတရပ္အျဖစ္ ႐ႈျမင္ၾကတာ ျဖစ္ပါတယ္။

မေအးေအးမာ, မခြာညိဳ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................................

ထိုင်းနေမြန်မာတချို့ မော်တော်ကားဝယ်ခွင့်ရပြီ
31 January 2016
(ဓာတ်ပုံ-အေးအေးမာ ဗွီအိုအေမြန်မာပိုင်း)
ထိုင်းနိုင်ငံအတွင်းမှာ အချိန်ကြာမြင့်စွာ နေထိုင်နေကြတဲ့ မြန်မာပြည်သားတွေအနေနဲ့ ယာဉ်ဝယ်ခွင့်နဲ့ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတရပ်ဟာ အခုရက်ပိုင်းအတွင်းမှာပဲ စတင် အသက်ဝင်ခဲ့ပါပြီ။

ဒီဥပဒေနဲ့ အကျုံးဝင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသားတွေလိုပဲ အစိုးရဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နဲ့ ကျောင်းတွေမှာ အခမဲ့ပညာသင်ကြားခွင့်တွေ ရရှိကြမှာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ဘယ်လိုအချက်အလက်တွေက အကျုံးဝင်သလဲဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ ဆက်သွယ်စုံစမ်းထားချက်တွေကို မခွာညိုက တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ချမှတ်ခဲ့တဲ့ ဥပဒေအရ ထိုင်းနိုင်ငံမှာအနေကြာပြီး ၁၀ နှစ်ခံကဒ်လို့ လူသိများတဲ့ တရားဝင်နေထိုင်ခွင့် အထောက်အထား ၁၀ နှစ် သက်တမ်းပေးထားတဲ့ကဒ် ကိုင်ဆောင်ထားသူတွေနဲ့ နိုင်ငံကူးလက်မှတ်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေဟာ ယာဉ်ပစ္စည်းတွေနဲ့ ယာဉ်ဝယ်ယူခွင့်အပြင် ယာဉ်မောင်း လိုင်စင်လည်း ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်း စတင် အသက်ဝင်လာပြီဖြစ်တဲ့ ဒီဥပဒေနဲ့ ပတ်သက်လို့ ထိုင်းလုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပြပါတယ်။

“ပတ်စ်ပို့သမားတွေက သူဌေးနော် စာ အလုပ်လုပ်ခွင့်ပါမစ်ပါ ပါရမယ်။ သူဌေးအိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် အဲ့လိုပေါ့ ဖြေတဲ့အခါကျရင်ပေါ့ အဲ့လိုနော်။ တကယ်လို့ အရောင်းအဝယ်လည်း သူဌေးဥစ္စာလည်း ပါရမယ်။ ပတ်စ်ပို့သမားတွေပေ့ါနော်။ ၁၀ နှစ်ခံကဒ် ကိုင်ဆောင်ထားသူတွေကတော့ သူဌေးမလိုဘူး။ အလုပ်လုပ်ခွင့် ပါမစ်လည်း မလိုဘူး။ ပန်းရောင်ကဒ်လည်း လုပ်ပေးတယ်။ လုပ်ပေးတဲ့သူက သူဌေး အိမ်ထောင်စုစာရင်းရော၊ ဘာရော အကုန်ပါရမယ်။ သူက တခြားနယ်ကျော်ပြီးတော့ သွားလုပ်လို့မရဘူး။ ကိုယ်နေတဲ့နေရာပဲ လုပ်ရတယ်။ အရောင်းအဝယ်လုပ်ရတယ်။”

၁၀ နှစ်ခံကဒ်မှာ ထိုင်းနိုင်ငံအတွင်း အနေကြာပေမယ့် အထောက်အထားပြနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထုတ်ပေးတဲ့ကဒ်ကိုတော့ နှစ်မျိုးခွဲထားပါတယ်။  ကဒ် နှစ်မျိုးစလုံးမှာ   မဂဏန်း ၁၃ လုံးပါပြီး-   သုည - နဲ့စပြီး ဂဏန်း ၆ လုံးမြောက်နဲ့ ရ လုံးမြောက်မှာ ၈ နဲ့ ၉ ပါတဲ့ ကဒ်တွေသာ အခုထုတ်ပြန်တဲ့ ဥပဒေနဲ့ အကျုံး ဝင်မှာဖြစ်ပြီး ၈ နဲ့ ၉ ဂဏန်းမပါတဲ့ကဒ် ကိုင်ဆောင်သူတွေက ဒီဥပဒေပါ အခွင့်အရေး ရမှာ မဟုတ်ပါဘူး။

“သုည အရှေ့ပေါ့နော် နောက်ပြီးရင် ၈၊ ၉ ဖြစ်ရမယ်။ အဲ့လိုလူတွေက ရတယ်။ အရှေ့မှာလည်း သုည၊ အနောက်မှာလည်း သုည ဆိုရင် အဲ့လိုကတော့ မရဘူး။ အားလုံး သုညဖြစ်တဲ့သူတွေက မရဘူးပေါ့။”

ဂဏန်း ၈ နဲ့ ၉ ပါတဲ့အဓိပ္ပာယ်က သူတို့နေထိုင်ရာ ထိုင်းနိုင်ငံအတွင်းက ကျေးရွာတွေမှာ သန်းခေါင်စာရင်း ရရှိထားသူတွေဖြစ်ပြီး ရှေ့က သုည နဲ့စပြီး ဂဏန်း ၆ လုံး မြောက်နဲ့ ရ လုံးမြောက်မှာ သုည - တွေပဲ ပါနေရင်တော့ အဲဒီကဒ် ကိုင်ဆောင်သူတွေဟာ နေထိုင်ရာ အတည် တကျ မရှိသေးသူတွေလို့ သတ်မှတ်ပါတယ်။

သန်းခေါင်စာရင်းရထားတဲ့ အလယ်မှာ ၈ နဲ့ ၉ ပါတဲ့ ဆယ်နှစ်ခံ ကဒ် ကိုင်ဆိုင်သူတွေဟာ ထိုင်းနိုင်ငံသားတွေနည်းတူ သက်ဆိုင်ရာ အစိုးရ ဆေးရုံ တွေမှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ ကလေးတွေ အခမဲ့ပညာသင်ကြားခွင့်တွေကိုလည်း တပါတည်း ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံအနှံ့ ခရီးသွားခွင့်လည်း ရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးရတဲ့ ဘတ် - လို့ခေါ်တဲ့ နေထိုင်ခွင့်ကဒ် ကိုင်ဆောင်ထားသူတွေအတွက်တော့  အလုပ်လုပ်ခွင့် ကဒ် ရှိရင်တောင် တမြို့ထဲ မှာ ဒီဘက်ရပ်ကွက်ကနေ ဟိုဘက်ရပ်ကွက်ကို ကူးသန်းခွင့်သလို အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ခွင့်လည်း မရှိကြပါဘူး။

ထိုင်းနိုင်ငံက တရားဝင်ထုတ်ပေးတဲ့ ဆယ်နှစ်ခံလက်မှတ်ကိုင်ဆောင်ထားနိုင်တဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာဉ်ဝယ်ယူခွင့်နဲ့ လိုင်စင်လုပ်ခွင့်ဆိုတာကလည်း ဒါဟာ ပထမဆုံးရတဲ့ အခွင့်အရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်က ယာဉ်မောင်းလိုင်စင်လုပ်ခွင့်ဥပဒေ ပြဌာန်းပေးခဲ့တာရှိခဲ့ပြီး အခုထုတ်ပြန်တဲ့ ဥပဒေသစ်အရ ဥပဒေဟောင်းကို ဖျက်သိမ်း လိုက်တဲ့အတွက်လည်း အရင်ဥပဒေအရ ထုတ်ပေးထားတဲ့ လိုင်စင်ဟောင်းကိုင်ဆောင်သူတွေလည်း လိုင်စင်သစ်ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေအတည်မပြုခင်အချိန်အထိ ဒီလက်မှတ်ကိုင်ဆောင်ထားသူတွေဟာ ယာဉ်မောင်းခွင့်မရှိတဲ့အတွက် မကြာခဏ ဖမ်းဆီးခံရတာ ဒဏ်ငွေ ပေးဆောင်ရတာတွေ ရှိနေခဲ့တာပါ။  ယာဉ်မောင်းသူတွေလိုက်နာရမယ့်စည်းကမ်း အတော်များများ ထပ်တိုးလာတဲ့အတွက် ယာဉ် မောင်းခွင့် လိုင်စင်ဖြေဆိုရာမှာလည်း အရင်က ထက် ပိုခက်ခဲလာမှာဖြစ်ပါတယ်။ ယာဉ်မောင်းခွင့်လိုင်စင် စာမေးပွဲကို အင်္ဂလိပ်၊ ထိုင်း နှစ်ဘာသာအနက် နှစ်သက်ရာ ဘာသာနဲ့ ဖြေဆို နိုင်ကြပါတယ်။ မြန်မာနိုင်ငံသား အများစုက ဒီဥပဒေဟာ အခွင့်အလမ်းကောင်းတရပ်အဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။

မအေးအေးမာ, မခွာညို / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment