Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

ဟံသာဝတီေလဆိပ္ ပဏာမ သေဘာတူညီခ်က္ လက္မွတ္ေရးထိုး

ပဲခူးၿမိဳ႕အနီးက ဟံသာဝတီေလဆိပ္ ပံုစံငယ္ကို ေတြ႔ရစဥ္ Photo: Courtesy of CNA

31 January 2016 


ပဲခူးၿမိဳ႕အနီး  ဟံသာဝတီ နိုင္ငံတကာ ေလဆိပ္ႀကီး တည္ေဆာက္ေရးအတြက္ အေရးႀကီးတဲ့ ပဏာမသေဘာတူညီခ်က္ ကို ျမန္မာနို္င္ငံ ၿမိဳ႕ျပေလေၾကာင္းဦးစီးဌာန နဲ႔ ျပည္ပကုမၸဏီ သံုးခုတို႔ဟာ မေန႔က တရားဝင္ လက္မွတ္ေရးထိုးလိုက္ၾက တယ္လို႔ ခ်ယ္နယ္လ္ နယူးေအးရွား သတင္းဌာနက ေဖၚျပပါတယ္။

အဲဒီ ဟံသာဝတီ နိုင္ငံတကာ ေလဆိပ္ႀကီးကို အေမရိကန္ေဒၚလာ တစ္ဘီလီယံခဲြ အကုန္ခံတည္ေဆာက္မယ့္ ျပည္ပ ကုမၸဏီေတြက ဂ်ပန္နိုင္ငံက JGC Corporation, စင္ကာပူနိုင္ငံက Yongnam Holdings Ltd နဲ႔ Changi Airports International တို႔ ျဖစ္ၾကပါတယ္။

ေျမအက်ယ္  ဟက္တာ ၃၆၀၀ ေပၚမွာ တည္ေဆာက္မယ့္ ဒီေလဆိပ္ႀကီးဟာ ျမန္မာနိုင္ငံမွာ အႀကီးဆံုးေလဆိပ္ျဖစ္ လာမွာပါ။ ၂၀၂၂  ႏွစ္မွာ အၿပီးသတ္ ေဆာက္ လုပ္မွာျဖစ္ၿပီး၊ တစ္ႏွစ္ကို ခရီးသည္ ၁၂ သန္း အဝင္အထြက္ရွိမွာ ျဖစ္ ပါတယ္။

အၿပီးသတ္သေဘာတူညီခ်က္ကို အခုႏွစ္ ေအာက္တိုဘာေလာက္မွာ လက္မွတ္ေရးထိုးမွာ ျဖစ္ၿပီး စီမံကိန္းတစ္ခုလံုးမွာ  JGC Corporation  က ၅၅%   Yongnam Holdings Ltd   က ၂၅%  နဲ႔  Changi Airports က ၂၀% တို႔ပါဝင္ၾက မွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

................................................

ဟံသာဝတီလေဆိပ် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး
31 January 2016 
ပဲခူးမြို့အနီးက ဟံသာဝတီလေဆိပ် ပုံစံငယ်ကို တွေ့ရစဉ် Photo: Courtesy of CNA
ပဲခူးမြို့အနီး  ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကြီး တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ပဏာမသဘောတူညီချက် ကို မြန်မာနို်င်ငံ မြို့ပြလေကြောင်းဦးစီးဌာန နဲ့ ပြည်ပကုမ္ပဏီ သုံးခုတို့ဟာ မနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ကြ တယ်လို့ ချယ်နယ်လ် နယူးအေးရှား သတင်းဌာနက ဖေါ်ပြပါတယ်။

အဲဒီ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကြီးကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ အကုန်ခံတည်ဆောက်မယ့် ပြည်ပ ကုမ္ပဏီတွေက ဂျပန်နိုင်ငံက JGC Corporation, စင်ကာပူနိုင်ငံက Yongnam Holdings Ltd နဲ့ Changi Airports International တို့ ဖြစ်ကြပါတယ်။

မြေအကျယ်  ဟက်တာ ၃၆၀၀ ပေါ်မှာ တည်ဆောက်မယ့် ဒီလေဆိပ်ကြီးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးလေဆိပ်ဖြစ် လာမှာပါ။ ၂၀၂၂  နှစ်မှာ အပြီးသတ် ဆောက် လုပ်မှာဖြစ်ပြီး၊ တစ်နှစ်ကို ခရီးသည် ၁၂ သန်း အဝင်အထွက်ရှိမှာ ဖြစ် ပါတယ်။

အပြီးသတ်သဘောတူညီချက်ကို အခုနှစ် အောက်တိုဘာလောက်မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးမှာ  JGC Corporation  က ၅၅%   Yongnam Holdings Ltd   က ၂၅%  နဲ့  Changi Airports က ၂၀% တို့ပါဝင်ကြ မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment