Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

NLD ေအာင္နိုင္ေရး ကူညီခဲ့ၾကသူ ဆိုက္ကားသမားေတြ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႕မည္

NLD ေရြးေကာက္ပြဲ ေအာင္နိုင္ေရး ကူညီခဲ့ၾကတဲ့ ဆိုက္ကားသမားေတြကို ေတြ႕ရစဥ္
Photo: RFA

မဲဆြယ္စည္း႐ုံးေရးကာလမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေအာင္ႏိုင္ေရးအတြက္ ပါဝင္ကူညီခဲ့ၾကတဲ့ ရန္ကုန္ တုိင္းေဒသႀကီး ၿမိဳ႕နယ္အသီးသီးက ဆုိက္ကားသမားေတြကို အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္း စုၾကည္က လာမယ့္ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။

ၿမိဳ႕နယ္တုိင္းက ဆုိက္ကားသမားအကုန္လုံးကို ေတြ႔ဆုံဖုိ႔ အဆင္မေျပတာေၾကာင့္ မဲႏႈိက္ေရြးခ်ယ္ခဲ့တယ္ လုိ႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေစာႏုိင္ က ေျပာပါတယ္။

"မဲစနစ္နဲ႔ ေရြးခ်ယ္တယ္ဆိုတာက ေတာင္ဥကၠလာမွာ ေအာင္ႏိုင္ေရးကို တကယ္လိုက္တဲ့ အေႏွးယာဥ္ လုပ္သားေတြက ၂ဝဝ ေက်ာ္ေလာက္ရွိတာကိုး၊ မဲစနစ္နဲ႔ ေရြးခ်ယ္မွပဲ ပိုၿပီးေတာ့အဆင္လည္းေျပမယ္၊ ေနာက္ က်ေနာ္တို႔ပါတီရဲ႕ ညႊန္ၾကားခ်က္လည္း ျဖစ္တယ္ေပါ့ေနာ္၊ အဲ့လိုညႊန္ၾကားထားတဲ့အတြက္ အဲ့လိုေရြးခ်ယ္တာပါ၊ အန္တီစုနဲ႔ေတြ႕ဖို႔ အဲ့လိုေရြးခ်ယ္ခံရတဲ့ ငါးဦးကို ၿမိဳ႕နယ္အလုပ္အမႈေဆာင္ကိုယ္စား အက်ီၤနဲ႔ ကခ်င္ လံုခ်ည္ေလးေတြ က်ေနာ္တို႔က စီစဥ္ေပးမယ္၊ ၿပီးရင္သူတို႔ကို ေတာ္ဝင္ႏွင္းဆီကို လိုက္ပို႔ေပးမယ္၊ ၁၃ ရပ္ကြက္မွာ အားလံုးေပါက္တာ ၅ ရပ္ကြက္ေပ့ါေနာ္၊ အဲ့ ၅ ရပ္ကြက္က ေပါက္တဲ့လူေတြကို ေသခ်ာျပန္ၾကည့္ လိုက္ေတာ့ ေအာင္ႏိုင္ေရးမွာ တက္တက္ၾကြၾကြလုပ္ခဲ့တဲ့လူေတြျဖစ္ေနတာ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ရ တယ္ေပါ့ေနာ္"

ရန္ကုန္တုိင္း ေတာင္ဥကၠလာပၿမိဳ႕နယ္ ရပ္ကြက္ေပါင္း ၁၃ ရပ္ကြက္က တစ္ရပ္ကြက္ တစ္ဦးႏႈန္း ေရြးခ်ယ္ၿပီး တက္ေရာက္မယ့္ ၅ ဦးကို မဲႏႈိက္ေရြးခ်ယ္ခဲ့ပါတယ္။

အဲဒီလုိ ေတြ႔ဆုံဖုိ႔အတြက္ ၿမိဳ႕နယ္အသီးသီးက ဆုိက္ကားသမားေတြကို တစ္ၿမိဳ႕နယ္ ၅ ဦးႏႈန္း နဲ႕ မဲႏႈိက္ေရြး ခ်ယ္ မွာ ျဖစ္ပါတယ္။

ေတြ႔ဆုံပြဲကိုေတာ့ လာမယ့္ ဒီဇင္ဘာလ ၂၆ ရက္ေန႔ ရန္ကုန္တုိင္း ဗဟန္းၿမိဳ႕နယ္ ေရႊဂုံတုိင္မွာရွိတဲ့ ေတာ္ဝင္ႏွင္းဆီ ခန္းမမွာ ေတြ႔ဆုံသြားမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

ဒီအတြင္း ေဒၚေအာင္ဆန္းစုၾကည္ဟာ လူငယ္စင္တာ အဖြဲ႔ဝင္ေတြနဲ႔ ေနျပည္ေတာ္ လႊတ္ေတာ္က တရားဥပေဒ စိုးမိုးေရးနဲ႔ တည္ျငိမ္ေအးခ်မ္းေရး ေကာ္မတီအေဆာင္မွာ ေတြ႕ဆံုေဆြးေႏြးခဲ့ပါတယ္။

အစိုးရသစ္လက္ထက္မွာ လူငယ္ေတြ ပါဝင္ခြင့္ရႏုိင္ဖို႔ အခန္းက႑အျပင္ တိုင္းရင္းသားေဒသေတြမွာ ဖြ႔ံၿဖိဳးမႈေနာက္က်ေနတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီးလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

.....................................................

NLD အောင်နိုင်ရေး ကူညီခဲ့ကြသူ ဆိုက်ကားသမားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကူညီခဲ့ကြတဲ့ ဆိုက်ကားသမားတွေကို တွေ့ရစဉ်
Photo: RFA

မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြတဲ့ ရန်ကုန် တိုင်းဒေသကြီး မြို့နယ်အသီးသီးက ဆိုက်ကားသမားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က လာမယ့်ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြို့နယ်တိုင်းက ဆိုက်ကားသမားအကုန်လုံးကို တွေ့ဆုံဖို့ အဆင်မပြေတာကြောင့် မဲနှိုက်ရွေးချယ်ခဲ့တယ် လို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် က ပြောပါတယ်။

"မဲစနစ်နဲ့ ရွေးချယ်တယ်ဆိုတာက တောင်ဥက္ကလာမှာ အောင်နိုင်ရေးကို တကယ်လိုက်တဲ့ အနှေးယာဉ် လုပ်သားတွေက ၂ဝဝ ကျော်လောက်ရှိတာကိုး၊ မဲစနစ်နဲ့ ရွေးချယ်မှပဲ ပိုပြီးတော့အဆင်လည်းပြေမယ်၊ နောက် ကျနော်တို့ပါတီရဲ့ ညွှန်ကြားချက်လည်း ဖြစ်တယ်ပေါ့နော်၊ အဲ့လိုညွှန်ကြားထားတဲ့အတွက် အဲ့လိုရွေးချယ်တာပါ၊ အန်တီစုနဲ့တွေ့ဖို့ အဲ့လိုရွေးချယ်ခံရတဲ့ ငါးဦးကို မြို့နယ်အလုပ်အမှုဆောင်ကိုယ်စား အကျီင်္နဲ့ ကချင် လုံချည်လေးတွေ ကျနော်တို့က စီစဉ်ပေးမယ်၊ ပြီးရင်သူတို့ကို တော်ဝင်နှင်းဆီကို လိုက်ပို့ပေးမယ်၊ ၁၃ ရပ်ကွက်မှာ အားလုံးပေါက်တာ ၅ ရပ်ကွက်ပေ့ါနော်၊ အဲ့ ၅ ရပ်ကွက်က ပေါက်တဲ့လူတွေကို သေချာပြန်ကြည့် လိုက်တော့ အောင်နိုင်ရေးမှာ တက်တက်ကြွကြွလုပ်ခဲ့တဲ့လူတွေဖြစ်နေတာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရ တယ်ပေါ့နော်"

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်က တစ်ရပ်ကွက် တစ်ဦးနှုန်း ရွေးချယ်ပြီး တက်ရောက်မယ့် ၅ ဦးကို မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံဖို့အတွက် မြို့နယ်အသီးသီးက ဆိုက်ကားသမားတွေကို တစ်မြို့နယ် ၅ ဦးနှုန်း နဲ့ မဲနှိုက်ရွေး ချယ် မှာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်စင်တာ အဖွဲ့ဝင်တွေနဲ့ နေပြည်တော် လွှတ်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အစိုးရသစ်လက်ထက်မှာ လူငယ်တွေ ပါဝင်ခွင့်ရနိုင်ဖို့ အခန်းကဏ္ဍအပြင် တိုင်းရင်းသားဒေသတွေမှာ ဖွ့ံဖြိုးမှုနောက်ကျနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmeseNLD အောင်နိုင်ရေး ကူညီခဲ့ကြသူ ဆိုက်ကားသမားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

No comments:

Post a Comment