Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

ႏိုင္ငံေရးပင္စင္ ဗဟိုအစိုးရ အဖြဲ႕၀င္ေတြပါ ခံစားရမည္

ျပည္ေထာင္စုလႊတ္ေတာ္ နာယက သူရဦးေရႊမန္းကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ေတြ႕ရစဥ္
Photo: ThuraUShweMann Facebook

ႏုိင္ငံေရးပင္စင္လို႔ေခၚႏုိင္တဲ့ တလုံးတခဲတည္းခ်ီးျမွင့္ေငြဟာ လႊတ္ေတာ္ကုိယ္စားလွယ္ေတြတင္ မဟုတ္ဘဲ ၊ ႏုိင္ငံေတာ္သမၼတ၊ ဒုတိယသမၼတေတြ၊ ျပည္ေထာင္စုအဆင့္ ၀န္ၾကီးေတြပါ ရယူခံစားၾကတာလို႔ ျပည္ေထာင္စု လႊတ္ေတာ္နာယက သူရဦးေရႊမန္း က ေျပာပါတယ္။

ဒီကေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ျပည္ေထာင္စုလႊတ္ေတာ္ နာယက သူရဦးေရႊမန္း က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

"အခုလည္းဒီကိစၥကို စာေပးႏိုင္ဖို႔ သက္ဆိုင္ရာဌာနက ပံုစံေတြေပးပို႔ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မိမိနဲ႔သက္ဆိုင္တဲ့ အခ်က္အလက္ေတြ ျဖည့္ဆည္းေပးဖို႔ ေတာင္းခံေဆာင္ရြက္ေနတာက ဒီလိုေဝဖန္ေျပာ ဆိုမႈေတြနဲ႔ ရွင္းလင္းရတဲ့ အေျခအေနေပၚလာတာလို႔ ယူဆပါတယ္၊ ေနာက္ဆံုးရွင္းလင္းခ်င္တာက လႊတ္ေတာ္ ကိုယ္စားလွယ္ေတြပဲ မဟုတ္ပါဘူး ႏိုင္ငံေတာ္မွာ ၿပီးခဲ့တဲ့ငါးႏွစ္ကာလအတြင္း အဆင့္ဆင့္တာဝန္ထမ္းေဆာင္ ခဲ့ၾကၿပီး တင္ျပခဲ့တဲ့ဥပေဒမ်ားမွာ အက်ံဳးဝင္တဲ့ပုဂၢိဳလ္အားလံုး ခံစားခြင့္ရရွိတာျဖစ္ပါေၾကာင္း လႊတ္ေတာ္အပိုင္းက ရွင္းလင္းသင့္တဲ့ အေျခအေနကို တင္ျပျခင္းျဖစ္ပါတယ္"

ၿပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္  ၅ ႏွစ္အတြင္း တာ၀န္ထမ္းေဆာင္ခဲ့တဲ့ သမၼတ၊ ဒုတိယသမၼတေတြ ၊ ျပည္ေထာင္စုအဆင့္အဖြဲ႕၀င္ေတြ၊ တုိင္းေဒသႀကီးကုိယ္စားလွယ္ေတြဟာ လက္ရွိရရွိေနတဲ့ လစာခ်ီးျမွင့္ေငြကုိ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ လုပ္သက္ႏွစ္နဲ႔ ေျမွာက္ၿပီး ရရွိလာတဲ့ပမာဏကုိ ႏုိင္ငံေရးပင္စင္ ခ်ီးျမွင့္ေငြအျဖစ္ ေပးအပ္ မွာျဖစ္ပါ တယ္။

တစ္လခ်ီးျမွင့္ေငြ  သိန္း ၃၀ ခံစားရတဲ့ ၀န္ႀကီးတစ္ဦးဟာ သိန္း ၁၅၀၊ တစ္လ ၂၅ သိန္းခံစားခြင့္ရ ဒု၀န္ႀကီးတစ္ဦး ဟာ ၇၅ သိန္း၊ တစ္လ ၁၀ သိန္းခံစားခြင့္ရ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးဟာ သိန္း ၅၀ တစ္လုံးတစ္ခဲတည္းရရွိ မွာ ျဖစ္ပါတယ္။

ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္မ်ားရဲ့ ခ်ီးျမွင့္ေငြ၊ စရိတ္နဲ႔ အေဆာင္အေယာာင္မ်ား ဥပေဒအရ ခ်ီးျမွင့္တာျဖစ္ၿပီး အဲဒီထဲမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိက္ရုိက္ခန္႔အပ္ထားတဲ့ ကာကြယ္ေရး၀န္ႀကီး၊ နယ္စပ္ေရးရာ ၀န္ႀကီး၊ ျပည္ထဲေရး၀န္ႀကီးနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ေတြ မပါ၀င္ဘူးလို႔ သိရပါတယ္။


RFA Burmese
http://www.rfa.org/burmese

..............................................................

နိုင်ငံရေးပင်စင် ဗဟိုအစိုးရ အဖွဲ့ဝင်တွေပါ ခံစားရမည်

နိုင်ငံရေးပင်စင်လို့ခေါ်နိုင်တဲ့ တလုံးတခဲတည်းချီးမြှင့်ငွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေတင် မဟုတ်ဘဲ ၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေပါ ရယူခံစားကြတာလို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။

"အခုလည်းဒီကိစ္စကို စာပေးနိုင်ဖို့ သက်ဆိုင်ရာဌာနက ပုံစံတွေပေးပို့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မိမိနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ ဖြည့်ဆည်းပေးဖို့ တောင်းခံဆောင်ရွက်နေတာက ဒီလိုဝေဖန်ပြော ဆိုမှုတွေနဲ့ ရှင်းလင်းရတဲ့ အခြေအနေပေါ်လာတာလို့ ယူဆပါတယ်၊ နောက်ဆုံးရှင်းလင်းချင်တာက လွှတ်တော် ကိုယ်စားလှယ်တွေပဲ မဟုတ်ပါဘူး နိုင်ငံတော်မှာ ပြီးခဲ့တဲ့ငါးနှစ်ကာလအတွင်း အဆင့်ဆင့်တာဝန်ထမ်းဆောင် ခဲ့ကြပြီး တင်ပြခဲ့တဲ့ဥပဒေများမှာ အကျုံးဝင်တဲ့ပုဂ္ဂိုလ်အားလုံး ခံစားခွင့်ရရှိတာဖြစ်ပါကြောင်း လွှတ်တော်အပိုင်းက ရှင်းလင်းသင့်တဲ့ အခြေအနေကို တင်ပြခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်  ၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ၊ ဒုတိယသမ္မတတွေ ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးကိုယ်စားလှယ်တွေဟာ လက်ရှိရရှိနေတဲ့ လစာချီးမြှင့်ငွေကို တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်နှစ်နဲ့ မြှောက်ပြီး ရရှိလာတဲ့ပမာဏကို နိုင်ငံရေးပင်စင် ချီးမြှင့်ငွေအဖြစ် ပေးအပ် မှာဖြစ်ပါ တယ်။

တစ်လချီးမြှင့်ငွေ  သိန်း ၃၀ ခံစားရတဲ့ ၀န်ကြီးတစ်ဦးဟာ သိန်း ၁၅၀၊ တစ်လ ၂၅ သိန်းခံစားခွင့်ရ ဒုဝန်ကြီးတစ်ဦး ဟာ ရ၅ သိန်း၊ တစ်လ ၁၀ သိန်းခံစားခွင့်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ သိန်း ၅၀ တစ်လုံးတစ်ခဲတည်းရရှိ မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောာင်များ ဥပဒေအရ ချီးမြှင့်တာဖြစ်ပြီး အဲဒီထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မပါ၀င်ဘူးလို့ သိရပါတယ်။


RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment