Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 19, 2015
ပြီးခဲ့သည့်ေ၇ွးကောက်ပွဲတွင် ၀န်ကြိးဦးအောင်မင်းမှာ မဲဆန္ဒရှင် ၃၀၀၀ ကျော် သာရှိသည့် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှားတောသို့သွားရောက်ခဲ့ကာ အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်စည်းရုံးဟောပြောခဲ့ဖူးပါသည်။
............
သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းအား NLD အစိုးရအဖွဲ့တွင် ပူးပေါင်း ပါ၀င်ရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားဟု သိရ
-------- ---- ----- ---
အန်အယ်လ်ဒီက ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရအဖွဲ့တွင် ပူးပေါင်းပါ၀င်ရန်အတွက် သမ္မတရုံးဝန်ကြီးဦးအောင်မင်းကို ဒေါ်အောင်ဆန်းစုကြည်မှ ကမ်းလှမ်းထားကြောင်း နှစ်ဘက်အသိုင်းအဝန်းထံမှ သိရသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးပမ်းနေသည့် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ကာလ အပြီးမှ စတင်၍ ၀န်ကြီး ဦးအောင်မင်းနှင့် နှစ်ကြိမ် တိုင်တိုင် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ကမ်းလှမ်းထားခြင်း ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းနှင့် အလွန်နီးစပ်သူ သုံးဦးကလည်း The Ladies သို့ အတည်ပြုပြောဆိုသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးပမ်းနေသည့် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ကာလအပြီးမှ စတင်၍ ၀န်ကြီး ဦးအောင်မင်းနှင့် နှစ်ကြိမ် တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ်းလှမ်းထားခြင်း ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းနှင့် အလွန်နီးစပ်သူ သုံးဦးကလည်း The Ladies News သို့ အတည်ပြုပြောဆိုသည်။်။
သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသူ ၀န်ကြီးဦးအောင်မင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ဆောင်ရွက်နေသည့် အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက ညှိနှိုင်းပေးသူ တဦးအဖြစ် တာဝန်ယူနေသူ တဦးလည်းဖြစ်သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ၀န်ကြိးဦးအောင်မင်းမှာ မဲဆန္ဒရှင် ၃၀၀၀ ကျော် သာရှိသည့် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှားတောသို့သွားရောက်ခဲ့ကာ အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်စည်းရုံးဟောပြောခဲ့ဖူးပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတွင် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးအောင်မင်းကို အန်အယ်လ်ဒီ အနေဖြင့် ကမ်းလှမ်းခဲ့ခြင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပြင် ဦးအောင်မင်း၏ ၅ နှစ်တာဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ အတွေ့အကြုံကို လိုက်မှီသည့်လူမျိုး အန်အယ်လ်ဒီတွင် မရှိသေး ၍ ဖြစ်နိုင်ကြောင်း မကြာသေးခင်ကမှ ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံ ခဲ့သည့် ပြည်ထောင်စု အင်စတီကျူ့မှ ဦးခွန်ဆိုင်းက မှတ်ချက်ပြု ပြော ဆိုသည်။
တိုင်းရင်းသား အရေးက သိပ်နက်နဲတယ်လေ။ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ဆက်ဆွေးနွေးဖို့ဆိုရင် လောလောဆယ် အနေထားအရ ၀န်ကြီး ဦးအောင်မင်းကို တာဝန်တစ်ခု ဆက်ပေးဖို့လိုနေပါသေးတယ် ကျန်တော်တို့ မူဘောင်ရေးဆွဲရေးတို့မှာ လာလာနေတဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ ၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲတွေမှာ လာနေတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက သိပ်အတွေ့အကြံုမရှိဘူး ‘ဟု ဦးခွန်ဆိုင်းက သုံးသပ်သည်။
မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးကမူ ‘ အခုလိုကမ်းလှမ်းတာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှူတဲ့ အစိုးရကို ဖွဲ့စည်းဖို့ အတွက်ကော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်ဆွေးနွေးဖို့ အတွက်ကော ရည်ရွယ်တာလို့ ကျန်တော်မြင်တယ်။ အန်အယ်လ်ဒီအနေနဲ့ လုပ်ရင်းလုပ်ရင်း တိုင်းရင်းသားအရေးကိစ္စတွေကို ကိုင်တွယ်ဖို့က အတွေ့ အကြံ ရှိတဲ့ လူလိုအပ်တယ်လို့ ထင်လာပုံရတယ်။ ‘ ဟု သုံးသပ်သည်။
အန်အယ်လ်ဒီမှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ အန်အယ်လ်ဒီ ပါတီဝင် မဟုတ်သည့် တိုင်းရင်းသားများကိုလည်း ထည့်သွင်းဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
စိုင်းထွန်းအောင်လွင်
The Ladies News Journal
No comments:
Post a Comment