Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

သမၼတတာ၀န္လႊဲေျပာင္းေပးေရး အေသးစိတ္ကို ဒီဇင္ဘာ ၂၂ ရက္တြင္ ထပ္မံေဆြးေႏြးမည္

ByနႏၵOn  Sun, 2015-12-20 06:30Locationရန္ကုန္Issue No.No.953 Sunday, December 20, 2015

အာဏာလႊဲေျပာင္းေရးအတြက္ ပထမအႀကိမ္ ေတြ႕ဆုံေဆြးေႏြးေနစဥ္ (ဓာတ္ပံု − ဒီခ်ဳပ္ေဖ့စ္ဘြတ္ခ္)
ႏုိင္ငံေတာ္အႀကီးအကဲ တာ၀န္ စနစ္တက်လႊဲေျပာင္းရန္ အစိုးရ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ အသြင္ကူးေျပာင္းေရး ေကာ္မတီ တို႔ လာမည့္ဒီဇင္ဘာ ၂၂  ရက္ (အဂၤါေန႔)တြင္ အေသးစိတ္ ေဆြး ေႏြးၾကမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

‘‘သမၼတတာ၀န္လႊဲေျပာင္း တဲ့ အခမ္းအနားနဲ႔ပတ္သက္တာ ေပါ့။ ေနာက္တစ္ခုက ၀န္ႀကီးဌာန ေတြ လႊဲေျပာင္းေပးဖို႔ လာမယ့္ အဂၤါေန႔မွာ အေသးစိတ္ေဆြးေႏြး ၾကမွာပါ’’ဟုသမၼတ ေျပာေရးဆို ခြင့္ရွိသူ ဦးရဲထြဋ္က ေျပာၾကား သည္။

အစိုးရအဖြဲ႕သစ္တြင္ ၀န္ ႀကီးဌာနအခ်ိဳ႕ ပူးေပါင္းမည္ျဖစ္ ေသာ္လည္း ၀န္ထမ္းမ်ားကိုျဖဳတ္ ထုတ္သတ္လမ္းစဥ္က်င့္သံုးမည္ မဟုတ္ေၾကာင္း ေနျပည္ေတာ္ စည္ပင္ရိပ္သာ၌ ၀န္ထမ္းအခ်ိဳ႕ အား ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၁၇ ရက္တြင္ ေျပာၾကား ခဲ့သည္။

အစိုးရက ႏိုင္ငံေတာ္အႀကီး အကဲ တာ၀န္လႊဲေျပာင္းမႈ အ ေထာက္အကူျပဳ ေကာ္မတီႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၏ အသြင္ကူးေျပာင္းေရး ေကာ္မ တီတို႔၏ ဒီဇင္ဘာ ၁၆ ရက္ ပထမ အႀကိမ္ေတြ႕ဆံုမႈတြင္ ပူးေပါင္း ေဆာင္ရြက္ရမည့္ကိစၥမ်ားကို ႏွစ္ ဖက္အျမင္ခ်င္း ဖလွယ္ခဲ့ေၾကာင္း ေတြ႕ဆံုမႈ၌ ပါ၀င္သူ ဦးရဲထြဋ္က ေျပာသည္။

ပထမအႀကိမ္ေတြ႕ဆံုမႈတြင္ မပါ၀င္ခဲ့သည့္ အစိုးရကိုယ္စား လွယ္အဖြဲ႕ဥကၠ႒ သမၼတ႐ံုး၀န္ ႀကီး ဦးလွထြန္းသည္ ဒုတိယအ ႀကိမ္ေတြ႕ဆံုပြဲတြင္ ပါ၀င္မည္ျဖစ္ ရာ ပထမအႀကိမ္ ေဆြးေႏြးမႈထက္ ပိုမိုထိေရာက္မႈ ရွိႏိုင္မည္ျဖစ္ သည္။

အာဏာလႊဲေျပာင္းေပးမႈကို ထိုသို႔ ေကာ္မတီမ်ားဖြဲ႕စည္း ေဆာင္ရြက္မႈအေပၚ ေ၀ဖန္မႈ အ ခ်ိဳ႕ရွိခဲ့ေသာ္လည္း စနစ္တက် လႊဲ ေျပာင္းႏိုင္ေရးအတြက္ ေကာ္မတီ မ်ားလိုအပ္ေၾကာင္း ဦးရဲထြဋ္က ေျပာသည္။

‘‘အရင္အစိုးရကေန ကြၽန္ ေတာ္တို႔အစိုးရကို လႊဲေတာ့ ဒီ ယႏၲရားထဲမွာရွိခဲ့တဲ့လူအမ်ားစုပဲ ျပန္ပါလာတာဆိုေတာ့ အခက္အ ခဲသိပ္မရွိဘူး။ အခုက်ေတာ့ အ သစ္ကို လႊဲရတာဆိုေတာ့ စနစ္ တက်လႊဲေျပာင္းေပးေတာ့ေနာက္ ပိုင္းအေကာင္အထည္ေဖာ္ရတာ အဆင္ေျပတာေပါ့’’ဟု ဦးရဲထြဋ္ ကေျပာသည္။

၁၉၈၈ မွစ၍ တာ၀န္ယူခဲ့ ေသာ တပ္မေတာ္အစိုးရသည္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျဖင့္ ၂၀၁၀ ေရြးေကာက္ပြဲက်င္းပ ၿပီး အာဏာလႊဲေပးခဲ့ရာ ႀကံ႕ခိုင္ ေရးအသင္းအသြင္ေျပာင္း ႀကံ႕ ခိုင္ေရးပါတီ အစိုးရတက္လာၿပီး ဗိုလ္ခ်ဳပ္ႀကီးေဟာင္းမ်ားကပင္ အရပ္၀တ္ျဖင့္ တိုင္းျပည္ကိုဆက္ လက္အုပ္ခ်ဳပ္ခဲ့သည္။ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲ၌မူ ျပည္သူလူထု၏ တစ္ခဲနက္ ေထာက္ခံမႈျဖင့္ အႏိုင္ရလာေသာ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္း ေဆာင္သည့္ အမ်ိဳးသားဒီမိုကေရ စီအဖြဲ႕ခ်ဳပ္ကို ႀကံ႕ခိုင္ေရးအစိုးရ က အာဏာလႊဲေပးရမည္ ျဖစ္ သည္။
7Daydaily
..............
သမ္မတတာဝန်လွှဲပြောင်းပေးရေး အသေးစိတ်ကို ဒီဇင်ဘာ ၂၂ ရက်တွင် ထပ်မံဆွေးနွေးမည်

Byနန္ဒOn  Sun, 2015-12-20 06:30Locationရန်ကုန်Issue No.No.953 Sunday, December 20, 2015

အာဏာလွှဲပြောင်းရေးအတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ − ဒီချုပ်ဖေ့စ်ဘွတ်ခ်)
နိုင်ငံတော်အကြီးအကဲ တာဝန် စနစ်တကျလွှဲပြောင်းရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အသွင်ကူးပြောင်းရေး ကော်မတီ တို့ လာမည့်ဒီဇင်ဘာ ၂၂  ရက် (အင်္ဂါနေ့)တွင် အသေးစိတ် ဆွေး နွေးကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘သမ္မတတာဝန်လွှဲပြောင်း တဲ့ အခမ်းအနားနဲ့ပတ်သက်တာ ပေါ့။ နောက်တစ်ခုက ၀န်ကြီးဌာန တွေ လွှဲပြောင်းပေးဖို့ လာမယ့် အင်္ဂါနေ့မှာ အသေးစိတ်ဆွေးနွေး ကြမှာပါ’’ဟုသမ္မတ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်။

အစိုးရအဖွဲ့သစ်တွင် ၀န် ကြီးဌာနအချို့ ပူးပေါင်းမည်ဖြစ် သော်လည်း ၀န်ထမ်းများကိုဖြုတ် ထုတ်သတ်လမ်းစဉ်ကျင့်သုံးမည် မဟုတ်ကြောင်း နေပြည်တော် စည်ပင်ရိပ်သာ၌ ၀န်ထမ်းအချို့ အား ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြား ခဲ့သည်။

အစိုးရက နိုင်ငံတော်အကြီး အကဲ တာဝန်လွှဲပြောင်းမှု အ ထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အသွင်ကူးပြောင်းရေး ကော်မ တီတို့၏ ဒီဇင်ဘာ ၁၆ ရက် ပထမ အကြိမ်တွေ့ဆုံမှုတွင် ပူးပေါင်း ဆောင်ရွက်ရမည့်ကိစ္စများကို နှစ် ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြောင်း တွေ့ဆုံမှု၌ ပါ၀င်သူ ဦးရဲထွဋ်က ပြောသည်။

ပထမအကြိမ်တွေ့ဆုံမှုတွင် မပါ၀င်ခဲ့သည့် အစိုးရကိုယ်စား လှယ်အဖွဲ့ဥက္ကဋ္ဌ သမ္မတရုံးဝန် ကြီး ဦးလှထွန်းသည် ဒုတိယအ ကြိမ်တွေ့ဆုံပွဲတွင် ပါ၀င်မည်ဖြစ် ရာ ပထမအကြိမ် ဆွေးနွေးမှုထက် ပိုမိုထိရောက်မှု ရှိနိုင်မည်ဖြစ် သည်။

အာဏာလွှဲပြောင်းပေးမှုကို ထိုသို့ ကော်မတီများဖွဲ့စည်း ဆောင်ရွက်မှုအပေါ် ဝေဖန်မှု အ ချို့ရှိခဲ့သော်လည်း စနစ်တကျ လွှဲ ပြောင်းနိုင်ရေးအတွက် ကော်မတီ များလိုအပ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

‘‘အရင်အစိုးရကနေ ကျွန် တော်တို့အစိုးရကို လွှဲတော့ ဒီ ယန္တရားထဲမှာရှိခဲ့တဲ့လူအများစုပဲ ပြန်ပါလာတာဆိုတော့ အခက်အ ခဲသိပ်မရှိဘူး။ အခုကျတော့ အ သစ်ကို လွှဲရတာဆိုတော့ စနစ် တကျလွှဲပြောင်းပေးတော့နောက် ပိုင်းအကောင်အထည်ဖော်ရတာ အဆင်ပြေတာပေါ့’’ဟု ဦးရဲထွဋ် ကပြောသည်။

၁၉၈၈ မှစ၍ တာဝန်ယူခဲ့ သော တပ်မတော်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပ ပြီး အာဏာလွှဲပေးခဲ့ရာ ကြံ့ခိုင် ရေးအသင်းအသွင်ပြောင်း ကြံ့ ခိုင်ရေးပါတီ အစိုးရတက်လာပြီး ဗိုလ်ချုပ်ကြီးဟောင်းများကပင် အရပ်ဝတ်ဖြင့် တိုင်းပြည်ကိုဆက် လက်အုပ်ချုပ်ခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌မူ ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံမှုဖြင့် အနိုင်ရလာသော ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကို ကြံ့ခိုင်ရေးအစိုးရ က အာဏာလွှဲပေးရမည် ဖြစ် သည်။
7Daydaily

No comments:

Post a Comment