Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

႐ႈံးေႂကြးျပန္ဆပ္ခဲ့ေပမယ့္ ပရိသတ္ေတြ ေဒါသျဖစ္ခဲ့ ရတဲ့ ထြန္းထြန္းမင္း-ဆုိင္းရပ္စ္ ပဲြ

ပထမအခ်ီ ၁၅ စကၠန္႔အတြင္းမွာပဲ ထြန္းထြန္းမင္းရဲ႕ လက္သီးခ်က္ ဆုိင္းရပ္စ္မ်က္ႏွာကိုထိလုိ္႔ ၂ မိနစ္ အနားေတာင္းခဲ့ရျပီး ဆက္မထုိးႏုိင္ေတာ့လုိ႔
ထြန္းထြန္းမင္းကုိ အ႐ႈံးေပးလုိက္ရပါတယ္။ ထြန္းထြန္းမင္းအႏုိင္ရခဲ့ေပမယ့္ ပရိတ္သတ္ေတြ မခ်င့္မရဲ အားမလုိ အားမရျဖစ္ၿပီး လက္ေဝွ႔စင္ဘက္ကုိ ေရသန္႔ဗူးေတြနဲ႔ ပစ္ေပါက္တာေတြ ျဖစ္ခဲ့ပါတယ္။ ဆုေပးပဲြလည္း မလုပ္နိုင္ခဲ့ပါ။ တစ္ေယာက္တစ္ပဲြစီ အႏုိင္ရရိွထားၾကသူေတြဆုိေတာ့ ဘယ္သူခ်န္ပီယံျဖစ္မလဲ၊ ႐ႈံးေႂကြးကုိ ဘယ္သူျပန္ဆပ္မလဲဆုိၿပီးေတာ့ ပြဲေကာင္းတစ္ပဲြအျဖစ္ လက္မွတ္တစ္ေစာင္ ၁ ေသာင္း၊၂ ေသာင္း၊ ၃ ေသာင္းနဲ႔ လက္ေဝွ႔ဝါသနာ႐ွင္ေတြ ရုံလံုးျပည့္ လာေရာက္အားေပးၾကပါတယ္။
ဒီပဲြစဥ္ေတြကုိ 9 မွ ည ၇ နာရီမွာ ရုပ္သံ ျပန္လႊင့္မယ္လုိ႔ သိရတယ္။ ဒီဇင္ဘာ ၂၀ရက္ေန႔ သိမ္ျဖဴအားကစား႐ုံမွာယွဥ္ၿပိဳင္ထုိးသတ္တဲ့
ဒီပြဲကို ျမန္မာႏုိင္ငံ႐ုိးရာလက္ေဝွ့အဖဲြ႔ခ်ဳပ္က ႀကီးမႉးၿပီး
AIR KBZ က အဓိက ပ့ံပုိးကူညီကာ ျမန္မာမီဒီယာဂ႐ု (ပ္)က စီစဥ္ခဲ့ျခင္းျဖစ္ပါတယ္။
ထြန္းထြန္းမင္းနဲ႔ ဆုိင္းရပ္ တုိ႔ ရဲ႕ ၅ ခ်ီစိန္ေခၚပဲြမွာ
သူတုိ႔ႏွစ္ဦးဟာ ပထမဆုံးအႀကိမ္အျဖစ္ ရန္ကုန္ၿမိဳ ့ ေမွာ္စင္ကြၽန္း လက္ေဝွ့႐ုံမွာ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး တတိယအခ်ီမွာ ထြန္းထြန္းမင္း အလဲထိုးခံခဲ့ရပါတယ္။
ဒုတိယအႀကိမ္ ျပန္လည္ေတြ႔ဆုံရာမွာေတာ့ ထြန္းထြန္းမင္း အႏုိင္ရရွိခဲ့ပါတယ္။
ဒီပဲြစဥ္မတုိင္မီ ၅ ခ်ီစိန္ေခၚပြဲ ၄ ပဲြစလုံး ပူးတဲြသေရနဲ႔ ျပီးဆံုးခဲ့ျပီး ၄ခ်ီစိန္ေခၚပြဲ ၃ပဲြအနက္မွ ၂ပဲြသာ အႏုိင္အ႐ႈံး ေပၚခဲ့ပါတယ္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
.........
ရှုံးကြွေးပြန်ဆပ်ခဲ့ပေမယ့် ပရိသတ်တွေ ဒေါသဖြစ်ခဲ့ 
ရတဲ့ ထွန်းထွန်းမင်း-ဆိုင်းရပ်စ် ပွဲ
ပထမအချီ ၁၅ စက္ကန့်အတွင်းမှာပဲ ထွန်းထွန်းမင်းရဲ့ လက်သီးချက် ဆိုင်းရပ်စ်မျက်နှာကိုထိလို့် ၂ မိနစ် အနားတောင်းခဲ့ရပြီး ဆက်မထိုးနိုင်တော့လို့ 
ထွန်းထွန်းမင်းကို အရှုံးပေးလိုက်ရပါတယ်။ ထွန်းထွန်းမင်းအနိုင်ရခဲ့ပေမယ့် ပရိတ်သတ်တွေ မချင့်မရဲ အားမလို အားမရဖြစ်ပြီး လက်ဝှေ့စင်ဘက်ကို ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဆုပေးပွဲလည်း မလုပ်နိုင်ခဲ့ပါ။ တစ်ယောက်တစ်ပွဲစီ အနိုင်ရရှိထားကြသူတွေဆိုတော့ ဘယ်သူချန်ပီယံဖြစ်မလဲ၊ ရှုံးကြွေးကို ဘယ်သူပြန်ဆပ်မလဲဆိုပြီးတော့ ပွဲကောင်းတစ်ပွဲအဖြစ် လက်မှတ်တစ်စောင် ၁ သောင်း၊၂ သောင်း၊ ၃ သောင်းနဲ့ လက်ဝှေ့ဝါသနာရှင်တွေ ရုံလုံးပြည့် လာရောက်အားပေးကြပါတယ်။
ဒီပွဲစဉ်တွေကို 9 မှ ည ရ နာရီမှာ ရုပ်သံ ပြန်လွှင့်မယ်လို့ သိရတယ်။ ဒီဇင်ဘာ ၂၀ရက်နေ့ သိမ်ဖြူအားကစားရုံမှာယှဉ်ပြိုင်ထိုးသတ်တဲ့ 
ဒီပွဲကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး 
AIR KBZ က အဓိက ပ့ံပိုးကူညီကာ မြန်မာမီဒီယာဂရု (ပ်)က စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
ထွန်းထွန်းမင်းနဲ့ ဆိုင်းရပ် တို့ ရဲ့ ၅ ချီစိန်ခေါ်ပွဲမှာ 
သူတို့နှစ်ဦးဟာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို ့ မှော်စင်ကျွန်း လက်ဝှေ့ရုံမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး တတိယအချီမှာ ထွန်းထွန်းမင်း အလဲထိုးခံခဲ့ရပါတယ်။
ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံရာမှာတော့ ထွန်းထွန်းမင်း အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်မတိုင်မီ ၅ ချီစိန်ခေါ်ပွဲ ၄ ပွဲစလုံး ပူးတွဲသရေနဲ့ ပြီးဆုံးခဲ့ပြီး ၄ချီစိန်ခေါ်ပွဲ ၃ပွဲအနက်မှ ၂ပွဲသာ အနိုင်အရှုံး ပေါ်ခဲ့ပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment