သတင္း ျပည္တြင္း
ဦးလြင္
ေနျပည္ေတာ္၊ဒီဇင္ဘာ၁၈ ။ ။ အစုိးရႏွင့္ျပည္သူလူထုအတြက္ က်န္းမာေရးဆုိင္ရာ ၀န္ထုတ္၀န္ပုိးသက္သာေစရန္အတြက္ စီးကရက္ႏွင့္အရက္အခြန္ကုိ ထုပ္လုပ္သည့္ ပမာဏအလုိက္ အခြန္ေကာက္ခံလုပ္ေဆာင္ ျခင္းကုိေထာက္ခံၿပီး လူထုသံုးစြဲမႈ ေလွ်ာ့နည္းသည္အထိ အခြန္ျမင့္ရန္လိုေၾကာင္း အမ်ိဳးသားဒီမိုကေရးစီအဖြဲ႕ခ်ဳပ္မွ ေဒၚခင္စန္းလွဳိင္ ဒီဇင္ဘာ ၁၈ ရက္ေန႔က က်င္းပသည့္ ျပည္ေထာင္စု လႊတ္ေတာ္၏ အထူးကုန္စည္းခြန္ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးရာတြင္ ေထာက္ခံ ေဆြးေႏြး ခဲ့ျခင္းျဖစ္သည္။
“စားသုံးမႈနည္းေစလုိလ်င္ အခြန္ကုိ ပုိေကာက္ရမွာျဖစ္ပါတယ္ “ ဟု NLD အမတ္ေဒၚခင္စန္းလွိဳင္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေထာက္ခံေဆြးေႏြးခဲ့သည္။
လက္ရွိ ျမန္မာႏုိင္ငံ၌ စီးကရက္အမ်ဳိးမ်ဳိးႏွင့္အရက္အမ်ဳိးမ်ဳိးအေပၚေကာက္ခံစည္းၾကပ္သည့္ အခြန္သည္ အာစီယံႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ၾကည့္လ်င္ အခြန္ေကာက္ခံမႈ နိမ့္က်ေနျခင္းေၾကာင့္ ႏုိင္ငံအတြင္း သုံးစြဲ သည့္ စီးကရက္သည္ အေရတြက္သည္ ၂၀၁၂ခုႏွစ္တြင္ ေဆးလိပ္ဘူးေပါင္းသန္းေလးရာေက်ာ္ရွိခဲ့ရာ မွ ၂၀၁၄ခုႏွစ္၌ ေဆးလိပ္ဘူးေပါင္း သန္း ေျခာက္ရာေက်ာ္အထိ သုံးစြဲမႈ တုိးတက္ လာသည္ကုိေတြ႕ရေၾကာင္း ေဒၚခင္စန္းလွဳိင္က ေဆြးေႏြးခဲ့သည္။
“ ေစ်းေစ်းေပါေပါနဲ႔ ရႏုိင္တဲ့ စီးကရက္နဲ႔ကြမ္းယာမ်ားကလဲ ေစ်းကြက္အတြင္းရွိေနပါေသးတယ္၊ ေဆးလိပ္ေသာက္သုံးမႈနဲ႔စပ္စပ္၍ တစ္ႏွစ္မွာ လူခုႏွစ္ေသာင္းေက်ာ္ေသဆုံးေနၿပီးစုစုေပါင္း ေသဆုံးမႈရဲ႕ (၁၃) ရာခုိင္ႏႈန္း ရွိတယ္လုိ႔ ဆုိပါတယ္၊ ၎ကဆုိသည္။
ျပည္တြင္းေစ်းကြက္တြင္လည္း ေစ်းႏႈန္းသက္၍ အလြယ္တကူ ၀ယ္ယူေသာက္ႏိုင္သည့္ အရက္မ်ဳိးစုံ ေပါမ်ားလာမႈေၾကာင့္ အရက္ေသာက္သုံးသူ ဦးေရသည္လည္း မ်ားျပာလ်က္ရွိေၾကာင္း၊ အရက္ႏွင့္ စက္ႏြယ္သည့္ေရာဂါမ်ား၊ မႈခင္းမ်ားလည္း ျမင့္တက္လ်က္ရွိေၾကာင္း ေဒၚခင္စန္းလွဳိင္က ျပည္ေထာင္စု လႊတ္ေတာ္ တြင္ ေဆြးေႏြးခဲ့သည္။
- See more at: http://mizzimaburmese.com/article/8722#sthash.2h5IuoPf.AwA54i9x.dpuf
...................
စီးကရက်နှင့်အရက်ကို လူထုသုံးစွဲမှု လျှော့နည်းသည်အထိ အခွန်နှုန်းမြင့်ရန်လို
သတင်း ပြည်တွင်း
ဦးလွင်
နေပြည်တော်၊ဒီဇင်ဘာ၁၈ ။ ။ အစိုးရနှင့်ပြည်သူလူထုအတွက် ကျန်းမာရေးဆိုင်ရာ ၀န်ထုတ်ဝန်ပိုးသက်သာစေရန်အတွက် စီးကရက်နှင့်အရက်အခွန်ကို ထုပ်လုပ်သည့် ပမာဏအလိုက် အခွန်ကောက်ခံလုပ်ဆောင် ခြင်းကိုထောက်ခံပြီး လူထုသုံးစွဲမှု လျှော့နည်းသည်အထိ အခွန်မြင့်ရန်လိုကြောင်း အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်မှ ဒေါ်ခင်စန်းလှိုင် ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၏ အထူးကုန်စည်းခွန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထောက်ခံ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
“စားသုံးမှုနည်းစေလိုလျင် အခွန်ကို ပိုကောက်ရမှာဖြစ်ပါတယ် “ ဟု NLD အမတ်ဒေါ်ခင်စန်းလှိုင် ပြည်ထောင်စုလွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၌ စီးကရက်အမျိုးမျိုးနှင့်အရက်အမျိုးမျိုးအပေါ်ကောက်ခံစည်းကြပ်သည့် အခွန်သည် အာစီယံနိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်လျင် အခွန်ကောက်ခံမှု နိမ့်ကျနေခြင်းကြောင့် နိုင်ငံအတွင်း သုံးစွဲ သည့် စီးကရက်သည် အရေတွက်သည် ၂၀၁၂ခုနှစ်တွင် ဆေးလိပ်ဘူးပေါင်းသန်းလေးရာကျော်ရှိခဲ့ရာ မှ ၂၀၁၄ခုနှစ်၌ ဆေးလိပ်ဘူးပေါင်း သန်း ခြောက်ရာကျော်အထိ သုံးစွဲမှု တိုးတက် လာသည်ကိုတွေ့ရကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။
“ စျေးစျေးပေါပေါနဲ့ ရနိုင်တဲ့ စီးကရက်နဲ့ကွမ်းယာများကလဲ စျေးကွက်အတွင်းရှိနေပါသေးတယ်၊ ဆေးလိပ်သောက်သုံးမှုနဲ့စပ်စပ်၍ တစ်နှစ်မှာ လူခုနှစ်သောင်းကျော်သေဆုံးနေပြီးစုစုပေါင်း သေဆုံးမှုရဲ့ (၁၃) ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်၊ ၎င်းကဆိုသည်။
ပြည်တွင်းစျေးကွက်တွင်လည်း စျေးနှုန်းသက်၍ အလွယ်တကူ ၀ယ်ယူသောက်နိုင်သည့် အရက်မျိုးစုံ ပေါများလာမှုကြောင့် အရက်သောက်သုံးသူ ဦးရေသည်လည်း များပြာလျက်ရှိကြောင်း၊ အရက်နှင့် စက်နွယ်သည့်ရောဂါများ၊ မှုခင်းများလည်း မြင့်တက်လျက်ရှိကြောင်း ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စု လွှတ်တော် တွင် ဆွေးနွေးခဲ့သည်။
- See more at: http://mizzimaburmese.com/article/8722#sthash.2h5IuoPf.AwA54i9x.dpuf
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, December 18, 2015
စီးကရက္ႏွင့္အရက္ကုိ လူထုသံုးစြဲမႈ ေလွ်ာ့နည္းသည္အထိ အခြန္ႏႈန္းျမင့္ရန္လို
စီးကရက္ႏွင့္အရက္ကုိ လူထုသံုးစြဲမႈ ေလွ်ာ့နည္းသည္အထိ အခြန္ႏႈန္းျမင့္ရန္လို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 18, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment