Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 4, 2015

ဒီဇင္ဘာ ၁ရက္တြင္ ျမန္မာႏုိင္ငံလာမည့္ ဗီယက္နမ္မင္းသမီး ငုရင္ထရန္ဟုရန္ေမ ၂၀၁၆တြင္ ေနတုိးႏွင့္ ႐ုပ္ရွင္ဇာတ္ကားႀကီး႐ုိက္မည္

ေဖ်ာ္ေျဖေရး  ျပည္တြင္း
ပန္းျမတ္ေဇာ္


ရန္ကုန္၊ ေအာက္တိုဘာ ၄ ။ ။ ျမန္မာျပည္က ပရိသတ္မ်ား အၾကား ေရးပန္း စားခဲ့သည့္ ဗီယက္နမ္ မင္းသမီး ငုရင္ထရန္ဟုရန္ေမသည္ ဒီဇင္ဘာ ၁ရက္တြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္မည္ဟု Media 7 မွ ကိုေဝမင္းေမာင္က မဇၩိမကို ေျပာသည္။

ဗီယက္နမ္ မင္းသမီး ငုရင္ထရန္ဟုရန္ေမသည္ Media 7 ႏွင့္ အႏုပညာလႈပ္ရွားမႈ၊ ပရဟိတလုပ္ငန္းေတြ ပူးေပါင္း လုပ္ေဆာင္ရန္ အတြက္ ဗီယက္နမ္ ႏုိင္ငံတြင္ ေအာက္တိုဘာ ၁၀ရက္က Media 7 မွ တာဝန္ ရွိသူမ်ားႏွင့္ စာခ်ဳပ္ ခ်ဳပ္ဆိုထားသူ တစ္ဦးလည္း ျဖစ္သည္။

Media 7 မွ ကိုေဝမင္းေမာင္က "ျမန္မာျပည္က ပရိသတ္ေတြ စိတ္ဝင္စားမႈမ်ားတဲ့ မင္းသမီး တစ္ဦးလည္း ျဖစ္တာရယ္ ျမန္မာျပည္ ပရိသတ္ေတြကို မိတ္ဆက္ေပးခ်င္တာေၾကာင့္ရယ္ ကိုယ့္ႏိုင္ငံရဲ့ ေစ်းကြက္ကို ခ်ဲ႕ထြင္ဖို႔အတြက္ သူနဲ႔စာခ်ဳပ္ခ်ဳပ္လိုက္တဲ့ သေဘာပါ။ ကြ်န္ေတာ္တို႔ Media 7 က မႏွစ္က ထိုင္းႏိုင္ငံက မင္းသမီး ကရာဗီ နဲ႔ စာခ်ဳပ္ ခ်ဳပ္ထားသလို ဒီႏွစ္မွာေတာ့ ဗီယက္နမ္ မင္းသမီး ငုရင္ထရန္ဟုရန္ေမနဲ႕ စာခ်ဳပ္ ခ်ဳပ္ထားပါတယ္" ဟု ေျပာသည္။

ဗီယက္နမ္ မင္းသမီး ငုရင္ထရန္ဟုရန္ေမသည္ ဒီဇင္ဘာ ၁ရက္ ည ၁၀နာရီ တြင္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိမည္ ျဖစ္ၿပီး ဒီဇင္ဘာ ၂ရက္ နံနက္တြင္ ရန္ကုန္ၿမိဳ႕ရွိ ေရႊတိဂံုဘုရား ႏွင့္ ဗိုလ္တေထာင္ ဘုရားသို႔ သြားေရာက္မည္ ျဖစ္သည္။

ဒီဇင္ဘာ ၂ရက္ ေန႔လည္ ၁နာရီ မွ ၃နာရီ တြင္ သ႐ုပ္ေဆာင္ ေနတိုး အပါအဝင္ ဗီယက္နမ္ မင္းသမီး ငုရင္ထရန္ဟုရန္ေမ ႏွင့္ မီဒီယာမ်ား ေတြ႕ဆံုမည္ ျဖစ္ၿပီး ထိုေတြ႕ဆံုပြဲကို ျမန္မာႏိုင္ငံမွ ပရိသတ္မ်ား ၾကည့္႐ႈႏိုင္ရန္ MNTV ရုပ္သံလိုင္း ႏွင့္ Channel 9 ႐ုပ္သံလိုင္းတုိ႔က တိုက္႐ိုက္ (Live) ထုတ္လႊင့္ ျပသသြားမည္ ျဖစ္သည္။

ညေန ၄နာရီတြင္ MNTV ႐ုပ္သံလိုင္း ႏွင့္ Talk Show ရိုက္ကူးမည္ ျဖစ္ၿပီး ထိုအစီအစဥ္ ၿပီးပါက ဗီယက္နမ္ ႏိုင္ငံသို႕ ျပန္လည္ ထြက္ခြာမည္ ျဖစ္သည္။

Media 7 မွ ၂၀၁၆ ခုႏွစ္တြင္ သရုပ္ေဆာင္ ေနတိုး၊ ဗီယက္နမ္ မင္းသမီး ငုရင္ထရန္ဟုရန္ေမ တို႕ႏွင့္ ႐ုပ္ရွင္ ဇာတ္ကားႀကီး ရိုက္ကူးမည္ ျဖစ္ၿပီး ထိုင္းႏိုင္ငံမွ ဒါရိုက္တာ တစ္ဦး ႏွင့္ ရိုက္ကူးသြားမည္ ျဖစ္သည္။ လက္ရွိတြင္ ဇာတ္လမ္း အမ်ိဳးအစား ေရြးခ်ယ္လ်က္ ရွိၿပီး ထူးထူးဆန္းဆန္း ျဖစ္မည့္ ဇာတ္ကာမ်ိဳးကို ရိုက္ကူးမွာ ျဖစ္သလို ျမန္မာႏိုင္ငံတြင္ ရိုက္ကူးသြားမည္ဟု Media 7 မွ ကိုေဝမင္းေမာင္က ဆိုသည္။

- See more at: http://mizzimaburmese.com/article/6947#sthash.2A6CNn5u.dpuf
......................

ဖျော်ဖြေရေး  ပြည်တွင်း
ပန်းမြတ်ဇော်


ရန်ကုန်၊ အောက်တိုဘာ ၄ ။ ။ မြန်မာပြည်က ပရိသတ်များ အကြား ရေးပန်း စားခဲ့သည့် ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ဒီဇင်ဘာ ၁ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု Media 7 မှ ကိုဝေမင်းမောင်က မဇ္ဈိမကို ပြောသည်။

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် Media 7 နှင့် အနုပညာလှုပ်ရှားမှု၊ ပရဟိတလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ရန် အတွက် ဗီယက်နမ် နိုင်ငံတွင် အောက်တိုဘာ ၁၀ရက်က Media 7 မှ တာဝန် ရှိသူများနှင့် စာချုပ် ချုပ်ဆိုထားသူ တစ်ဦးလည်း ဖြစ်သည်။

Media 7 မှ ကိုဝေမင်းမောင်က "မြန်မာပြည်က ပရိသတ်တွေ စိတ်ဝင်စားမှုများတဲ့ မင်းသမီး တစ်ဦးလည်း ဖြစ်တာရယ် မြန်မာပြည် ပရိသတ်တွေကို မိတ်ဆက်ပေးချင်တာကြောင့်ရယ် ကိုယ့်နိုင်ငံရဲ့ စျေးကွက်ကို ချဲ့ထွင်ဖို့အတွက် သူနဲ့စာချုပ်ချုပ်လိုက်တဲ့ သဘောပါ။ ကျွန်တော်တို့ Media 7 က မနှစ်က ထိုင်းနိုင်ငံက မင်းသမီး ကရာဗီ နဲ့ စာချုပ် ချုပ်ထားသလို ဒီနှစ်မှာတော့ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေနဲ့ စာချုပ် ချုပ်ထားပါတယ်" ဟု ပြောသည်။

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ဒီဇင်ဘာ ၁ရက် ည ၁၀နာရီ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး ဒီဇင်ဘာ ၂ရက် နံနက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား နှင့် ဗိုလ်တထောင် ဘုရားသို့ သွားရောက်မည် ဖြစ်သည်။

ဒီဇင်ဘာ ၂ရက် နေ့လည် ၁နာရီ မှ ၃နာရီ တွင် သရုပ်ဆောင် နေတိုး အပါအဝင် ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ နှင့် မီဒီယာများ တွေ့ဆုံမည် ဖြစ်ပြီး ထိုတွေ့ဆုံပွဲကို မြန်မာနိုင်ငံမှ ပရိသတ်များ ကြည့်ရှုနိုင်ရန် MNTV ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့က တိုက်ရိုက် (Live) ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

ညနေ ၄နာရီတွင် MNTV ရုပ်သံလိုင်း နှင့် Talk Show ရိုက်ကူးမည် ဖြစ်ပြီး ထိုအစီအစဉ် ပြီးပါက ဗီယက်နမ် နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

Media 7 မှ ၂၀၁၆ ခုနှစ်တွင် သရုပ်ဆောင် နေတိုး၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ တို့နှင့် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည် ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒါရိုက်တာ တစ်ဦး နှင့် ရိုက်ကူးသွားမည် ဖြစ်သည်။ လက်ရှိတွင် ဇာတ်လမ်း အမျိုးအစား ရွေးချယ်လျက် ရှိပြီး ထူးထူးဆန်းဆန်း ဖြစ်မည့် ဇာတ်ကာမျိုးကို ရိုက်ကူးမှာ ဖြစ်သလို မြန်မာနိုင်ငံတွင် ရိုက်ကူးသွားမည်ဟု Media 7 မှ ကိုဝေမင်းမောင်က ဆိုသည်။

- See more at: http://mizzimaburmese.com/article/6947#sthash.2A6CNn5u.dpuf

No comments:

Post a Comment