Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

ေဒၚစု ရခုိင္ခရီးစဥ္အေပၚ ေဒသခံပါတီမ်ားအျမင္

ေမခ
13.10.2015 08:13

ေရြးေကာက္ပဲြ မဲဆြယ္စည္း႐ုံးေရးခရီးစဥ္အျဖစ္ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ မၾကာခင္မွာ ရခုိင္ျပည္နယ္ကုိ သြားေရာက္ဖုိ႔ရွိေနတဲ့အေပၚ ေဒသခံႏုိင္ငံေရးအသုိင္းအဝုိင္းက မလုိလားတဲ့သေဘာထားေတြ ေျပာဆုိေနၾကပါတယ္။ ေဒသခံ တုိင္းရင္းသားပါတီေတြ ႏုိင္ငံေရးအရအခြင့္အလမ္း ဆုံး႐ႈံးႏုိင္တယ္ဆုိၿပီး ခရီးစဥ္ကုိ ျပန္သုံးသပ္ဖုိ႔ တုိက္တြန္းမႈေတြလည္း ရွိေနတာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ ေမခ က သတင္းေပးပုိ႔ထားပါတယ္။

ေရြးေကာက္ပဲြ နီးလာတာနဲ႔အမွ် မဲဆြယ္စည္း႐ံုးေရး လုပ္ငန္းေတြ အရွိန္ျမႇင့္လုပ္ေဆာင္လာေနတဲ့ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီသီတင္းပတ္ထဲမွာပဲ ရခုိင္ျပည္နယ္ကုိ သြားေရာက္မွာ ျဖစ္ပါတယ္။ ရခုိင္ျပည္နယ္တြင္းက ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားကုိ သြားေရာက္ၿပီး လူထုနဲ႔ ေတြ႔ဆုံစကားေျပာဖုိ႔လည္း စီစဥ္ထားတယ္လုိ႔ NLD ပါတီ ဗဟိုလုပ္မႈေဆာင္ အဖဲြ႔ဝင္ ဦးဝင္းထိန္က ေျပာပါတယ္။

“၁၆ ရက္ေန႔ ေလယာဥ္ပ်ံနဲ႔သြားမယ္၊ ရန္ကုန္ကေန သံတဲြကို။ ေန႔လည္ ၁၁ နာရီမွာ။ သံတြဲေရာက္လို႔ရွိရင္ သံတဲြမွာ မနားဘူး။ …ကိုသြားမယ္။ …..မွာ ေဟာေျပာပြဲလုပ္မယ္။ ……နဲ႔ေတြ႔မယ္။ ၿပီးရင္ သံတဲြမွာ ျပန္လာညအိပ္မယ္။ ေနာက္တေန႔မနက္မွာ သံတဲြမွာ ေဟာေျပာပြဲလုပ္မယ္။ …က်ိန္တလီေရာက္မယ္။ က်ိန္တလီၿပီးရင္ ဂြေရာက္မယ္။ ဂြမွာ ညအိပ္မယ္။ …ဂြမွာေျပာစရာရွိတာ ေျပာၿပီးလို႔ရွိရင္ ငသိုင္းေခ်ာင္းသြားမယ္၊ ငသိုင္းေခ်ာင္း။ ငသိုင္းေခ်ာင္းမွာေျပာၿပီးရင္ ….။ ….ၿပီးရင္ ရန္ကုန္။”

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ တုိင္းရင္းသားနယ္ေျမေတြအပါအဝင္ ေရြးေကာက္ပဲြအတြက္ စည္း႐ုံးေရးခရီးထြက္ေနတဲ့ အေပၚမွာေတာ့ ေဒသခံ ႏုိင္ငံေရးသမားေတြၾကား ဘဝင္မက်တဲ့သေဘာထားေတြလည္း ရွိေနၾကပါတယ္။ ရခိုင္အမ်ိဳးသားပါတီက ေဒါက္တာေအးေမာင္ကေတာ့ျပည္ေထာင္စုထူေထာင္ဖို႔ တိုင္းရင္းသားေတြပါပါဝင္ဖို႔လိုေၾကာင္း၊ တပါတီအာဏာအတြက္ စည္း႐ံုးမႈ အေပၚတိုင္းရင္းသားေတြဘက္က ယံုၾကည္မႈအားနည္းလာေနၿပီျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မဲဆြယ္စည္း႐ံုးမႈအေပၚ ခုလိုေျပာပါတယ္။

“အခုခ်ဥ္းကပ္မႈမွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ တစ္ပါတီ ….ဆိုတဲ့ …..ေထာက္ထားၿပီးမွ ခ်ဥ္းကပ္တဲ့အခါမွာ တိုင္းရင္းသားေတြနဲ႔ မဟာမိတ္၊ လိုအပ္တဲ့ မဟာမိတ္ျပဳမႈဆိုတဲ့က႑၊ ေနာက္ခ်န္သြားပါတယ္။ အဲဒါေၾကာင့္ ….သူတို႔စည္း႐ံုးမႈသည္ တစံုတခုျဖစ္လာခဲ့လို႔ရွိရင္ ျပည္ေထာင္စုအစိုးရအဖြဲ႔အစည္းအေနနဲ႔ က်ေနာ္တို႔ရဲ႕ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရးဆိုတဲ့လမ္းေၾကာင္း ေဝဝါးသြားၿပီးမွ အတိုက္အခံပါတီႀကီးတစ္ခုအျဖစ္ လာမယ့္ျပည္ေထာင္စုလႊတ္ေတာ္မွာ ဆက္ေနသြားရမွာကို က်ေနာ္တို႔စိုးရိမ္ပါတယ္။ က်ေနာ္တို႔က …အစိုးရကို တုိင္းရင္းသားမဟာမိတ္ေတြနဲ႔ NLD ဦးေဆာင္တဲ့ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈ …။ စစ္မွန္တဲ့ …ဆိုတဲ့ပုဂၢိဳလ္ေတြနဲ႔ ညီညီညြတ္ညြတ္လက္တြဲၿပီးမွ မဟာမိတ္ဖြဲ႔ၿပီးမွ ဖြဲ႔စည္းတည္ေထာင္ခ်င္တယ္။ ျပန္သံုးသပ္သင့္တဲ့အတုိင္းအတာ ရွိတယ္လုိ႔ NLD ကို message ေပးလိုပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ လက္ရွိႏုိင္ငံေရး အေျခအေနအရ NLD အေနနဲ႔ တခဲနက္အႏုိင္ရဖုိ႔ လုိအပ္တဲ့အတြက္ အင္တုိက္အားတုိက္ စည္း႐ုံးေရးလုပ္ေနရတာျဖစ္တဲ့အေၾကာင္း ေျပာဆုိထားပါတယ္။ ရခိုင္မ်ိဳးခ်စ္ပါတီ ဥကၠ႒ဦးေမာင္ေမာင္ေစာ ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ တုိင္းရင္းသားေတြရဲ႕ ေထာက္ခံမႈေတာ့ရႏုိင္မွာ မဟုတ္ဘူးလုိ႔ ေျပာပါတယ္။

“သူ႔ပါတီရဲ႕ …campaign ဆင္းတာနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ပါတီအေနနဲ႔ ေထြေထြထူးထူး ဘာမွ ေျပာစရာမရွိပါဘူး။ သူ႔ကိုေထာက္ခံေနတာက သူ႔ရဲ႕ပါတီဝင္ေတြကလြဲၿပီးေတာ့ ျပည္သူေတြ မရွိဘူးခင္ဗ်။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ရပ္တည္မႈဟာ ဒီမိုကေရစီေပၚမွာ အဓိက အေျခခံတယ္။ တုိင္းရင္းသားျပည္သူေတြအေပၚမွာ အဓိက အေျခမခံဘူး။ …..၂၀၁၂ ခုႏွစ္က ရခုိင္နဲ႔ကုလားျပႆနာျဖစ္တဲ့အခါ သူက ရခုိင္ဘက္က ရပ္တည္မေျပာဘဲ ကုလားဘက္က ရပ္တည္ေျပာတယ္။ ကခ်င္ဘက္က ျပည္တြင္းစစ္ေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း ျပည္သူ႔ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ တစ္ခါမွ ဝင္မေျပာဖူးဘူး။ ျပည္သူရဲ႕စိတ္ဝင္စားမႈဟာ ဒီမိုကေရစီထက္ တုိင္းရင္းသားတန္းတူေရးကိုပဲ အဓိကစိတ္ဝင္စားတယ္လို႔ ေျပာခ်င္တာ။”

ရခုိင္ျပည္နယ္ခရီးစဥ္ တစိတ္တပုိင္းအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ ဝင္ေရာက္မယ့္ ဂြၿမိဳ႕က NLD ပါတီ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းဦးညီပုကေတာ့ လူထုအေနနဲ႔ ခရီးစဥ္အတြက္ စိတ္အားထက္သန္ေနၾကတယ္လုိ႔ ဆုိပါတယ္။

“ဒီခရီးစဥ္နဲ႔ပတ္သက္လို႔ အေျခအေနစိုးရိမ္ရမႈ ဘာညာ ဆိုတဲ့ဟာကေတာ့ အခုခ်ိန္အထိေတာ့ သိပ္ၿပီးေတာ့ မေတြ႔ရေသးပါဘူး၊ နည္းနည္းပါးပါး အသံေလးေတြ၊ ဘာေလးေတြေတာ့ ထြက္တာေတာ့ရွိပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ကေတာ့ တတ္ႏိုင္သမွ် ႀကိဳဆိုေရးကိစၥေတြ၊ လံုၿခံဳေရးကိစၥေတြ ၿမိဳ႕နယ္အလုိက္ေရာ၊ ေနာက္ဆံုး ရြာေတြအထိပါ ဒါေတြလုပ္ဖို႔ကို ညႊန္ၾကားထားပါတယ္။”

 ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ခရီးစဥ္မွာ ၃ရက္ၾကာျမင့္မွာျဖစ္ၿပီး ရခိုင္ကေနတဆင့္ ဧရာဝတီတိုင္းကိုပါ ကားနဲ႔ ဆက္လက္ ခရီး ဆက္မွာပါ။ ဒီရခိုင္ခရီးစဥ္ဟာ ၂ဝဝ၂ ခုႏွစ္ေနအိမ္အက်ယ္ခ်ဳပ္မွလြတ္အၿပီး ၁၃ႏွစ္အတြင္း ပထမအႀကိမ္သြားေရာက္တဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။ ဒီခရီးစဥ္အၿပီး ေအာက္တိုဘာ ၂ဝ၊ ၂၁မွာ ရွမ္းျပည္နယ္က်ိဳင္းတံုၿမိဳ႔ကို ေဒၚေအာင္ဆန္းစုၾကည္ဟာ မဲဆြယ္ေရးခရီးစဥ္ဆက္ လက္ထြက္မွာျဖစ္ပါတယ္ရွင္။
http://burmese.voanews.com/content/local-parties-opinions-on-daw-aung-san-suu-kyi-rakhine-trip-/3003523.html
.....................

ဒေါ်စု ရခိုင်ခရီးစဉ်အပေါ် ဒေသခံပါတီများအမြင်

မေခ
13.10.2015 08:13

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကြာခင်မှာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေတဲ့အပေါ် ဒေသခံနိုင်ငံရေးအသိုင်းအဝိုင်းက မလိုလားတဲ့သဘောထားတွေ ပြောဆိုနေကြပါတယ်။ ဒေသခံ တိုင်းရင်းသားပါတီတွေ နိုင်ငံရေးအရအခွင့်အလမ်း ဆုံးရှုံးနိုင်တယ်ဆိုပြီး ခရီးစဉ်ကို ပြန်သုံးသပ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက မြို့တော်တော်များများကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံစကားပြောဖို့လည်း စီစဉ်ထားတယ်လို့ NLD ပါတီ ဗဟိုလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“၁၆ ရက်နေ့ လေယာဉ်ပျံနဲ့သွားမယ်၊ ရန်ကုန်ကနေ သံတွဲကို။ နေ့လည် ၁၁ နာရီမှာ။ သံတွဲရောက်လို့ရှိရင် သံတွဲမှာ မနားဘူး။ …ကိုသွားမယ်။ …..မှာ ဟောပြောပွဲလုပ်မယ်။ ……နဲ့တွေ့မယ်။ ပြီးရင် သံတွဲမှာ ပြန်လာညအိပ်မယ်။ နောက်တနေ့မနက်မှာ သံတွဲမှာ ဟောပြောပွဲလုပ်မယ်။ …ကျိန်တလီရောက်မယ်။ ကျိန်တလီပြီးရင် ဂွရောက်မယ်။ ဂွမှာ ညအိပ်မယ်။ …ဂွမှာပြောစရာရှိတာ ပြောပြီးလို့ရှိရင် ငသိုင်းချောင်းသွားမယ်၊ ငသိုင်းချောင်း။ ငသိုင်းချောင်းမှာပြောပြီးရင် ….။ ….ပြီးရင် ရန်ကုန်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေအပါအဝင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးထွက်နေတဲ့ အပေါ်မှာတော့ ဒေသခံ နိုင်ငံရေးသမားတွေကြား ဘဝင်မကျတဲ့သဘောထားတွေလည်း ရှိနေကြပါတယ်။ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကတော့ပြည်ထောင်စုထူထောင်ဖို့ တိုင်းရင်းသားတွေပါပါဝင်ဖို့လိုကြောင်း၊ တပါတီအာဏာအတွက် စည်းရုံးမှု အပေါ်တိုင်းရင်းသားတွေဘက်က ယုံကြည်မှုအားနည်းလာနေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးမှုအပေါ် ခုလိုပြောပါတယ်။

“အခုချဉ်းကပ်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ပါတီ ….ဆိုတဲ့ …..ထောက်ထားပြီးမှ ချဉ်းကပ်တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်၊ လိုအပ်တဲ့ မဟာမိတ်ပြုမှုဆိုတဲ့ကဏ္ဍ၊ နောက်ချန်သွားပါတယ်။ အဲဒါကြောင့် ….သူတို့စည်းရုံးမှုသည် တစုံတခုဖြစ်လာခဲ့လို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအနေနဲ့ ကျနော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတဲ့လမ်းကြောင်း ဝေဝါးသွားပြီးမှ အတိုက်အခံပါတီကြီးတစ်ခုအဖြစ် လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ ဆက်နေသွားရမှာကို ကျနော်တို့စိုးရိမ်ပါတယ်။ ကျနော်တို့က …အစိုးရကို တိုင်းရင်းသားမဟာမိတ်တွေနဲ့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု …။ စစ်မှန်တဲ့ …ဆိုတဲ့ပုဂ္ဂိုလ်တွေနဲ့ ညီညီညွတ်ညွတ်လက်တွဲပြီးမှ မဟာမိတ်ဖွဲ့ပြီးမှ ဖွဲ့စည်းတည်ထောင်ချင်တယ်။ ပြန်သုံးသပ်သင့်တဲ့အတိုင်းအတာ ရှိတယ်လို့ NLD ကို message ပေးလိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိနိုင်ငံရေး အခြေအနေအရ NLD အနေနဲ့ တခဲနက်အနိုင်ရဖို့ လိုအပ်တဲ့အတွက် အင်တိုက်အားတိုက် စည်းရုံးရေးလုပ်နေရတာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။ ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဦးမောင်မောင်စော ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုတော့ရနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“သူ့ပါတီရဲ့ …campaign ဆင်းတာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ပါတီအနေနဲ့ ထွေထွေထူးထူး ဘာမှ ပြောစရာမရှိပါဘူး။ သူ့ကိုထောက်ခံနေတာက သူ့ရဲ့ပါတီဝင်တွေကလွဲပြီးတော့ ပြည်သူတွေ မရှိဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်မှုဟာ ဒီမိုကရေစီပေါ်မှာ အဓိက အခြေခံတယ်။ တိုင်းရင်းသားပြည်သူတွေအပေါ်မှာ အဓိက အခြေမခံဘူး။ …..၂၀၁၂ ခုနှစ်က ရခိုင်နဲ့ကုလားပြဿနာဖြစ်တဲ့အခါ သူက ရခိုင်ဘက်က ရပ်တည်မပြောဘဲ ကုလားဘက်က ရပ်တည်ပြောတယ်။ ကချင်ဘက်က ပြည်တွင်းစစ်တွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ တစ်ခါမှ ဝင်မပြောဖူးဘူး။ ပြည်သူရဲ့စိတ်ဝင်စားမှုဟာ ဒီမိုကရေစီထက် တိုင်းရင်းသားတန်းတူရေးကိုပဲ အဓိကစိတ်ဝင်စားတယ်လို့ ပြောချင်တာ။”

ရခိုင်ပြည်နယ်ခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်မယ့် ဂွမြို့က NLD ပါတီ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်းဦးညီပုကတော့ လူထုအနေနဲ့ ခရီးစဉ်အတွက် စိတ်အားထက်သန်နေကြတယ်လို့ ဆိုပါတယ်။

“ဒီခရီးစဉ်နဲ့ပတ်သက်လို့ အခြေအနေစိုးရိမ်ရမှု ဘာညာ ဆိုတဲ့ဟာကတော့ အခုချိန်အထိတော့ သိပ်ပြီးတော့ မတွေ့ရသေးပါဘူး၊ နည်းနည်းပါးပါး အသံလေးတွေ၊ ဘာလေးတွေတော့ ထွက်တာတော့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ တတ်နိုင်သမျှ ကြိုဆိုရေးကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေ မြို့နယ်အလိုက်ရော၊ နောက်ဆုံး ရွာတွေအထိပါ ဒါတွေလုပ်ဖို့ကို ညွှန်ကြားထားပါတယ်။”

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ ၃ရက်ကြာမြင့်မှာဖြစ်ပြီး ရခိုင်ကနေတဆင့် ဧရာဝတီတိုင်းကိုပါ ကားနဲ့ ဆက်လက် ခရီး ဆက်မှာပါ။ ဒီရခိုင်ခရီးစဉ်ဟာ ၂ဝဝ၂ ခုနှစ်နေအိမ်အကျယ်ချုပ်မှလွတ်အပြီး ၁၃နှစ်အတွင်း ပထမအကြိမ်သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အပြီး အောက်တိုဘာ ၂ဝ၊ ၂၁မှာ ရှမ်းပြည်နယ်ကျိုင်းတုံမြို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်ရေးခရီးစဉ်ဆက် လက်ထွက်မှာဖြစ်ပါတယ်ရှင်။
http://burmese.voanews.com/content/local-parties-opinions-on-daw-aung-san-suu-kyi-rakhine-trip-/3003523.html

No comments:

Post a Comment