Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

ေလွစီးေျပး ၁၀၃ ဦး ဘဂၤလားေဒ့ရွ္ကုိ ျပန္ပုိ႔

ကုိရန္ႏုိင္
13.10.2015 08:36

အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံက ေလွစီးေျပးဒုကၡသည္ ၁၀၃ ဦးကို ဘဂၤလားေဒ့္အာဏာပိုင္ေတြကို မေန႔တနလၤာေန႔က လႊဲေျပာင္းေပးလိုက္တယ္လို႔ ျမန္မာ အာဏာပိုင္ေတြက ေျပာပါတယ္။ ကပၸလီပင္လယ္ျပင္အတြင္းမွာ ျမန္မာေရတပ္က ကယ္တင္ခဲ့တဲ့ ဒုကၡသည္ ၉၀၀ ေက်ာ္ထဲက အခုတႀကိမ္ အပါအဝင္ ဒုကၡသည္ ၇၂၉ ဦးကို ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြဘက္ လႊဲေျပာင္းေပးခဲ့ၿပီး က်န္ေနတဲ့ ဒုကၡသည္ေတြကိုလည္း မၾကာခင္လႊဲေျပာင္းေပးႏုိင္ဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ နယ္စပ္ေဒသလုံၿခဳံေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အာဏာပိုင္ေတြၾကား ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ရခုိင္ျပည္နယ္ တာဝန္ရွိသူေတြကေျပာပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္ႏုိင္က တင္ျပေပးထားပါတယ္။

ရခုိင္ျပည္နယ္တြင္းမွာ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ေလွစီးေျပးဒုကၡသည္ ၁၀၃ ေယာက္ကို ျမန္မာႏုိင္ငံကေန ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ေအာက္တုိဘာလ ၁၂ ရက္ေန႔ လႊဲေျပာင္းေပးလိုက္တာျဖစ္ပါတယ္။ ဒုကၡသည္ေတြ လဲႊေျပာင္းေပးခဲ့တဲ့အေျခအေနနဲ႔ ပတ္သက္ၿပီး ဒီကိစၥမွာ ဦးေဆာင္ ပါဝင္ခဲ့တဲ့ ေမာင္ေတာခ႐ိုင္ လူဝင္မႈႀကီးၾကပ္ေရး နဲ႔ အမ်ိဳးသားမွတ္ပုံတင္ေရးဦးစီးဌာနမွာ အရာရွိ ဦးေစာႏုိင္က ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ဒီေန႔ က်ေနာ္တို႔ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး႐ံုး အစည္းအေဝးခန္းမမွာပဲ အခ်ိန္ကေတာ့ ျမန္မာစံေတာ္ခ်ိန္ ၁၁ နာရီေပါ့။ ဘဂၤလားေဒ့ရွ္ စံေတာ္ခ်ိန္ ၁၀ နာရီခြဲ၊ ျမန္မာဘက္ကေတာ့ က်ေနာ္ဦးေဆာင္တဲ့အဖြဲ႔ေပါ့။ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကေတာ့ ေကာ့ဘဇားအေျခစိုက္ အမွတ္ (၁၇) နယ္ျခားေစာင့္ တပ္ရင္းယာယီတပ္ရင္းမႉး ဒါ႐ိုက္တာ ေမဂ်ာ ဂ်င္နရယ္ အမိရာန္အူလႅာဆာရ္ကာရ္ ဦးေဆာင္တဲ့အဖြဲ႔ အစည္းအေဝးက်င္းပပါတယ္။ က်င္းပၿပီးေတာ့ လႊဲေျပာင္းဖို႔ လက္မွတ္ထုိးပါတယ္။ ၿပီးလို႔ရွိရင္ ျမန္မာစံေတာ္ခ်ိန္ ၁ နာရီ ၃၀ ေပါ့၊ ဘဂၤလားေဒ့ရွ္စံေတာ္ခိ်န္ ၁ နာရီမွာပဲ နယ္စပ္မွတ္တုိင္ ၃၁ မွာရွိတဲ့ ဘဂၤလားေဒ့ရွ္-ျမန္မာ ခ်စ္ၾကည္ေရးတံတားမွာပဲ ၁၀၃ ဦးကို လႊဲေျပာင္းေပးအပ္ပါတယ္ခင္ဗ်။”

ဒီ ဒုကၡသည္ေတြကို ရခုိင္ျပည္နယ္တြင္းက ေတာင္ၿပိဳလက္ဝဲစခန္းမွာ ထိန္းသိမ္းထားတာျဖစ္ၿပီး၊ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏွစ္ႏုိင္ငံစလုံးက စီစစ္ အတည္ျပဳၿပီးမွ အခုလို လႊဲေျပာင္းခဲ့တာျဖစ္ပါတယ္။ အခုေနာက္ဆုံးအေျခအေနအရ၊ ေတာင္ၿပိဳလက္ဝဲ ဒုကၡသည္စခန္းမွာ ေနာက္ထပ္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္က ေလွစီးေျပး ဒုကၡသည္ ၇ဝ ေက်ာ္ က်န္ေနေသးတယ္လို႔ သူကေျပာပါတယ္။ ဒီလူေတြကို စီစစ္အတည္ျပဳထားၿပီး ျဖစ္ေပမယ့္ ဘဂၤလားေဒ့ရွ္ ဘက္ကို လႊဲေျပာင္းေပးဖို႔ ရက္ေတာ့ မသတ္မွတ္ရေသးဘူးလို႔ ဦးေစာႏုိင္က ေျပာပါတယ္။

“ေအာက္ေျခမွာလည္း ေဆြးေႏြးမႈေတြလုပ္ပါတယ္။ အျမန္ဆံုးလဲႊေျပာင္းလက္ခံေပးဖို႔၊ ေနာက္ ျမန္မာနဲ႔ဘဂၤလားေဒ့ရွ္၊ ႏွစ္ႏိုင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးဌာန အခ်င္းခ်င္းလည္း အျပန္အလွန္ဆက္သြယ္ၿပီးေတာ့ အျမန္ဆံုးလဲႊေျပာင္းႏုိင္ဖို႔ ဆက္သြယ္ေဆာင္ရြက္လွ်က္ရွိပါတယ္ခင္ဗ်။ ရက္ေတာ့မသတ္မွတ္ေသးဘူးခင္ဗ်။ သူတို႔ကေတာ့ အျမန္ဆံုးေပါ့၊ ျဖစ္ႏုိင္သမွ် အျမန္ဆံုး လဲႊေျပာင္းေပးဖို႔ဆိုတဲ့ ကတိကဝတ္မ်ဳိးေတာ့ ေပးပါတယ္။”

ၿပီးခဲ့တဲ့ ဇြန္လက ႏုိင္ငံသားစိစစ္မႈေတြလုပ္ၿပီးခ်ိန္ကစၿပီး အခုတႀကိမ္လႊဲေပးတဲ့ ေလွစီးေျပး ဒုကၡသည္ ၁ဝ၃ ဦးအပါအဝင္၇၂၉ ဦးကို အသုတ္ ၆ သုတ္ ခဲြၿပီး ျမန္မာႏုိင္ငံဘက္ကျပန္ပုိ႔ခဲ့ၿပီးျဖစ္ပါတယ္။ စုံစမ္းစစ္ေဆးမႈေတြအရေတာ့ အဲဒီေလွစီးေျပးဒုကၡသည္ေတြဟာ ထုိင္းနဲ႔ မေလးရွားႏုိင္ငံေတြမွာ အလုပ္ရမယ္ ဆုိၿပီး လူေမွာင္ခုိကူးသူေတြကဖ်ားေယာင္ၿပီး လူေမွာင္ခုိကူးခံရတာျဖစ္တယ္လို႔ ျမန္အာဏာပိုင္ေတြ ဘက္က ေျပာပါတယ္။

လူေမွာင္ခုိကူးမႈေတြနဲ႔ ပတ္သက္ၿပီး အေရွ႕ေတာင္အာရွေဒသတြင္းႏုိင္ငံေတြမွာ အျပင္းအထန္ ႏွိမ္ႏွင္းလာေနၾကတဲ့အခ်ိန္မွာ ျမန္မာႏုိင္ငံ ကေတာ့ လူေမွာင္ခုိကူးမႈေတြနဲ႔ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္ခံေနရတာျဖစ္ပါတယ္။ ျမန္မာနဲ႔ ဘဂၤလားေဒ့ရ္ွ္ႏွစ္ႏုိင္ငံ နယ္စပ္ဟာ တဘက္နဲ႔ တဘက္ တရားမဝင္ ခုိးဝင္ ဝင္ေရာက္တဲ့ဒုကၡသည္အမ်ားအျပားရွိေနတဲ့ေနရာလည္း ျဖစ္တဲ့အတြက္ နယ္စပ္လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး ဘာေတြလုပ္ေဆာင္ထားသလဲဆုိတာကိုေတာ့ ရခုိင္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အမ်ိဳးသားမွတ္ပုံတင္ေရးဦးစီးဌာန ညႊန္ၾကားေရးမႉး ဦးခင္စိုးက အခုလို ရွင္းျပပါတယ္။

“က်ေနာ္တို႔ဆီမွာ နယ္စပ္မွာမိတဲ့ဟာေတြမွန္သမွ် တခါတည္း တရားစြဲတယ္၊ ေထာင္ခ်တယ္။ ၿပီးေတာ့ ျပန္လႊတ္တယ္။ နယ္စပ္မွာေတာ့ဗ်ာ က်ေနာ္တို႔ ဝင္ေပါက္ထြက္ေပါက္ေတြအားလံုးမွာေစာင့္ၿပီးေတာ့မွ က်ေနာ္တို႔က စစ္ေဆးၾကပ္မတ္တာေတြ လုပ္ပါတယ္ခင္ဗ်။ မိတဲ့လူကို တရားစဲြပါတယ္။ ခုိးဝင္တဲ့လူေတြကို တရားစဲြၿပီးေတာ့မွ ျပည္ႏွင္တာေပါ့ - အဲလိုလုပ္ပါတယ္။ ဒါက လက္ရွိအေနာက္ဘက္မွာ….က်ေနာ္တို႔ နယ္ျခားေစာင့္ရဲနဲ႔ပူးၿပီးေတာ့မွ လဝက ဝန္ထမ္းအင္အာ်း် ၂၁၀ နဲ႔ ပူးေပါင္းၿပီးမွ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ က်ေနာ္တို႔ဘက္က ခ႐ိုင္က ခ႐ိုင္ၿမိဳ႕နယ္ဝန္ထမ္းအင္အားေတြနဲ႔လည္း ေပါင္းစပ္ၿပီး နယ္စပ္တေလွ်ာက္မွာရွိတဲ့ ကင္းစခန္းေတြ၊ အဝင္အထြက္ေတြ၊ ဒီလိုေနရာမ်ဳိးေတြမွာ ေစာင့္ၾကပ္ၿပီးေတာ့ စစ္ေဆးေဆာင္ရြက္လွ်က္ ရွိပါတယ္။”

နယ္စပ္လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံဘက္က နယ္ျခားေစာင့္တပ္မႉး ဦးတင္ကိုကို-ကို ဗီြအိုေအက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ေျဖၾကားခဲ့ျခင္း မရွိခဲ့ပါဘူး။ ႏုိင္ငံတြင္းကို တရားမဝင္ ဝင္ေရာက္တာေတြကို ကာကြယ္တာဆီးဖို႔အတြက္ ႏုိင္ငံျခားသားမ်ား မတရား ဝင္ ေရာက္မႈကို ကာကြယ္တားဆီးေရး အဖဲြ႔ ဖဲြ႔စည္းထားၿပီး အဲဒီအဖဲြ႔ကို နယ္ျခားေစာင့္ရဲတပ္ဖဲြ႔၊ အေကာက္ခြန္ နဲ႔ လူဝင္မႈႀကီးၾကပ္ေရးဌာေတြ ဖဲြ႔စည္းထားတာျဖစ္တယ္လို႔ ဦးခင္စိုးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို အခုတႀကိမ္ ျပန္ပို႔လိုက္တဲ့ ဒုကၡသည္ ၁ဝဝ ေက်ာ္အပါအဝင္ စုစုေပါင္း ဒုကၡသည္ ၉ဝဝ ေက်ာ္ကို ျမန္မာ ေရတပ္က ရခုိင္ျပည္နယ္ ေမာင္ေတာနဲ႔ ဧရာဝတီတိုင္း ဖ်ာပုံေဒသဘက္မွာ ျမန္မာေရပိုင္နက္အတြင္း ကင္းလွည့္ေနစဥ္မွာ ကယ္တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီထဲက အနည္းစုက ျမန္မာႏုိင္ငံက မြတ္ဆလင္ေတြျဖစ္ၾကၿပီး အမ်ားစုဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ျဖစ္တယ္လို႔ ျမန္မာႏုိင္ငံဘက္က အတည္ျပဳထားပါတယ္။
http://burmese.voanews.com/content/myanmar-handle-103-bangalis-to-their-origainal-country-bangladesh-/3003535.html
..........................

လှေစီးပြေး ၁၀၃ ဦး ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့

ကိုရန်နိုင်
13.10.2015 08:36

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးပြေးဒုက္ခသည် ၁၀၃ ဦးကို ဘင်္ဂလားဒေ့်အာဏာပိုင်တွေကို မနေ့တနင်္လာနေ့က လွှဲပြောင်းပေးလိုက်တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောပါတယ်။ ကပ္ပလီပင်လယ်ပြင်အတွင်းမှာ မြန်မာရေတပ်က ကယ်တင်ခဲ့တဲ့ ဒုက္ခသည် ၉၀၀ ကျော်ထဲက အခုတကြိမ် အပါအဝင် ဒုက္ခသည် ရ၂၉ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက် လွှဲပြောင်းပေးခဲ့ပြီး ကျန်နေတဲ့ ဒုက္ခသည်တွေကိုလည်း မကြာခင်လွှဲပြောင်းပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း အာဏာပိုင်တွေကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် တာဝန်ရှိသူတွေကပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးပြေးဒုက္ခသည် ၁၀၃ ယောက်ကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အောက်တိုဘာလ ၁၂ ရက်နေ့ လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ဒုက္ခသည်တွေ လွှဲပြောင်းပေးခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒီကိစ္စမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေး နဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှာ အရာရှိ ဦးစောနိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာပဲ အချိန်ကတော့ မြန်မာစံတော်ချိန် ၁၁ နာရီပေါ့။ ဘင်္ဂလားဒေ့ရှ် စံတော်ချိန် ၁၀ နာရီခွဲ၊ မြန်မာဘက်ကတော့ ကျနော်ဦးဆောင်တဲ့အဖွဲ့ပေါ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ ကော့ဘဇားအခြေစိုက် အမှတ် (၁၇) နယ်ခြားစောင့် တပ်ရင်းယာယီတပ်ရင်းမှူး ဒါရိုက်တာ မေဂျာ ဂျင်နရယ် အမိရာန်အူလ္လာဆာရ်ကာရ် ဦးဆောင်တဲ့အဖွဲ့ အစည်းအဝေးကျင်းပပါတယ်။ ကျင်းပပြီးတော့ လွှဲပြောင်းဖို့ လက်မှတ်ထိုးပါတယ်။ ပြီးလို့ရှိရင် မြန်မာစံတော်ချိန် ၁ နာရီ ၃၀ ပေါ့၊ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ၁ နာရီမှာပဲ နယ်စပ်မှတ်တိုင် ၃၁ မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေးတံတားမှာပဲ ၁၀၃ ဦးကို လွှဲပြောင်းပေးအပ်ပါတယ်ခင်ဗျ။”

ဒီ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်တွင်းက တောင်ပြိုလက်ဝဲစခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံစလုံးက စီစစ် အတည်ပြုပြီးမှ အခုလို လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးအခြေအနေအရ၊ တောင်ပြိုလက်ဝဲ ဒုက္ခသည်စခန်းမှာ နောက်ထပ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က လှေစီးပြေး ဒုက္ခသည် ရဝ ကျော် ကျန်နေသေးတယ်လို့ သူကပြောပါတယ်။ ဒီလူတွေကို စီစစ်အတည်ပြုထားပြီး ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် ဘက်ကို လွှဲပြောင်းပေးဖို့ ရက်တော့ မသတ်မှတ်ရသေးဘူးလို့ ဦးစောနိုင်က ပြောပါတယ်။

“အောက်ခြေမှာလည်း ဆွေးနွေးမှုတွေလုပ်ပါတယ်။ အမြန်ဆုံးလွှဲပြောင်းလက်ခံပေးဖို့၊ နောက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်းလည်း အပြန်အလှန်ဆက်သွယ်ပြီးတော့ အမြန်ဆုံးလွှဲပြောင်းနိုင်ဖို့ ဆက်သွယ်ဆောင်ရွက်လျှက်ရှိပါတယ်ခင်ဗျ။ ရက်တော့မသတ်မှတ်သေးဘူးခင်ဗျ။ သူတို့ကတော့ အမြန်ဆုံးပေါ့၊ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှဲပြောင်းပေးဖို့ဆိုတဲ့ ကတိကဝတ်မျိုးတော့ ပေးပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လက နိုင်ငံသားစိစစ်မှုတွေလုပ်ပြီးချိန်ကစပြီး အခုတကြိမ်လွှဲပေးတဲ့ လှေစီးပြေး ဒုက္ခသည် ၁ဝ၃ ဦးအပါအဝင်ရ၂၉ ဦးကို အသုတ် ၆ သုတ် ခွဲပြီး မြန်မာနိုင်ငံဘက်ကပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရတော့ အဲဒီလှေစီးပြေးဒုက္ခသည်တွေဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်ရမယ် ဆိုပြီး လူမှောင်ခိုကူးသူတွေကဖျားယောင်ပြီး လူမှောင်ခိုကူးခံရတာဖြစ်တယ်လို့ မြန်အာဏာပိုင်တွေ ဘက်က ပြောပါတယ်။

လူမှောင်ခိုကူးမှုတွေနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေမှာ အပြင်းအထန် နှိမ်နှင်းလာနေကြတဲ့အချိန်မှာ မြန်မာနိုင်ငံ ကတော့ လူမှောင်ခိုကူးမှုတွေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ်နှစ်နိုင်ငံ နယ်စပ်ဟာ တဘက်နဲ့ တဘက် တရားမဝင် ခိုးဝင် ဝင်ရောက်တဲ့ဒုက္ခသည်အများအပြားရှိနေတဲ့နေရာလည်း ဖြစ်တဲ့အတွက် နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ထားသလဲဆိုတာကိုတော့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ဆီမှာ နယ်စပ်မှာမိတဲ့ဟာတွေမှန်သမျှ တခါတည်း တရားစွဲတယ်၊ ထောင်ချတယ်။ ပြီးတော့ ပြန်လွှတ်တယ်။ နယ်စပ်မှာတော့ဗျာ ကျနော်တို့ ဝင်ပေါက်ထွက်ပေါက်တွေအားလုံးမှာစောင့်ပြီးတော့မှ ကျနော်တို့က စစ်ဆေးကြပ်မတ်တာတွေ လုပ်ပါတယ်ခင်ဗျ။ မိတဲ့လူကို တရားစွဲပါတယ်။ ခိုးဝင်တဲ့လူတွေကို တရားစွဲပြီးတော့မှ ပြည်နှင်တာပေါ့ - အဲလိုလုပ်ပါတယ်။ ဒါက လက်ရှိအနောက်ဘက်မှာ….ကျနော်တို့ နယ်ခြားစောင့်ရဲနဲ့ပူးပြီးတော့မှ လဝက ဝန်ထမ်းအင်အာျးျ ၂၁၀ နဲ့ ပူးပေါင်းပြီးမှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်တို့ဘက်က ခရိုင်က ခရိုင်မြို့နယ်ဝန်ထမ်းအင်အားတွေနဲ့လည်း ပေါင်းစပ်ပြီး နယ်စပ်တလျှောက်မှာရှိတဲ့ ကင်းစခန်းတွေ၊ အဝင်အထွက်တွေ၊ ဒီလိုနေရာမျိုးတွေမှာ စောင့်ကြပ်ပြီးတော့ စစ်ဆေးဆောင်ရွက်လျှက် ရှိပါတယ်။”

နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က နယ်ခြားစောင့်တပ်မှူး ဦးတင်ကိုကို-ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်တာတွေကို ကာကွယ်တာဆီးဖို့အတွက် နိုင်ငံခြားသားများ မတရား ဝင် ရောက်မှုကို ကာကွယ်တားဆီးရေး အဖွဲ့ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အကောက်ခွန် နဲ့ လူဝင်မှုကြီးကြပ်ရေးဌာတွေ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဦးခင်စိုးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အခုတကြိမ် ပြန်ပို့လိုက်တဲ့ ဒုက္ခသည် ၁ဝဝ ကျော်အပါအဝင် စုစုပေါင်း ဒုက္ခသည် ၉ဝဝ ကျော်ကို မြန်မာ ရေတပ်က ရခိုင်ပြည်နယ် မောင်တောနဲ့ ဧရာဝတီတိုင်း ဖျာပုံဒေသဘက်မှာ မြန်မာရေပိုင်နက်အတွင်း ကင်းလှည့်နေစဉ်မှာ ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အနည်းစုက မြန်မာနိုင်ငံက မွတ်ဆလင်တွေဖြစ်ကြပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်လို့ မြန်မာနိုင်ငံဘက်က အတည်ပြုထားပါတယ်။
http://burmese.voanews.com/content/myanmar-handle-103-bangalis-to-their-origainal-country-bangladesh-/3003535.html

No comments:

Post a Comment