Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

ေရြးေကာက္ပဲြေရႊ႕ဆိုင္းဖို႔ ေကာ္မရွင္အဆိုျပဳ

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ဦးတင္ေအးက ေနျပည္ေတာ္ ေဆြးေႏြးပြဲအၿပီးတြင္ သတင္းေထာက္မ်ားႏွင့္ ေတြ႔ဆံုေနစဥ္။ 
 လာမယ့္ ႏို၀င္ဘာလမွာ က်င္းပမယ့္ ေရြးေကာက္ပြဲကို  ေရႊ႕ဆုိင္းလိုေၾကာင္း ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးက ဒီကေန႔ လုပ္ငန္း ညိွႏိႈင္း အစည္းအေ၀း မွာ အဆုိျပဳခဲ့ၿပီး အမ်ိဳးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ က ကန္႔ကြက္ထားပါတယ္။ ေရြးေကာက္ပဲြေရႊ႕ဆုိင္း လုိတာကေတာ့ ခ်င္းနဲ႔ ကယားျပည္နယ္အပါအ၀င္ တုိင္းေဒသႀကီးတခ်ိဳ႕မွာ သဘာ၀ေဘး အႏၱရာယ္ႀကံဳေတြ႔ေနရတဲ့ အေျခအေနေၾကာင့္ လို႔ ဆိုပါတယ္။ ဒီသတင္းကိုေတာ့ ဗီအုိေအျမန္မာပိုင္းရဲ႕သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။
ေရြးေကာက္ပဲြေရႊ႕ဆုိင္းလုိေၾကာင္းကို ဒီကေန႔က်င္းပတဲ့ ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီႀကီး ၆ခုရဲ႕ လုပ္ငန္းညိွႏိႈင္းအစည္းအေ၀းမွာ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးက တင္ျပ အဆုိျပဳခဲ့တာျဖစ္ပါတယ္။

ေရြးေကာက္ပဲြ ေရႊ႕ဆုိင္းေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးတဲ့အေၾကာင္းကို ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ ညႊန္ၾကားေရးမႈး ဦးသိန္းဦးက အခုုလုိ ေျပာဆုိပါတယ္။

“ဒီကေန႔ တႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ သဘာ၀ေဘးက်ေရာက္ေနေတာ့ေလ အဲဒါနဲ႔ ပက္သက္လို႔ ဒါေရႊ႕ဆိုင္းသင့္၊မသင့္ ေပါ့ေနာ္။ဒီေန႔ႏိုင္ငံေရးပါတီေတြနဲ႔ က်ေနာ္တို႔ေတြ အစည္းအေ၀းလုပ္တာေတြရွိပါတယ္။ ေစ့စပ္ညိွႏိွင္းေရးေက္ာမတီမွာပါ၀င္တဲ့ ပါတီေတြနဲ႔ ေပ့ါ။ အဲဒါေတြနဲ႔ေကာ က်ေနာ္တို႔ဌာနဆိုင္ရာအဖြဲ႔အစည္းေတြနဲ႔ေရာ က်ေနာ္တို႔လုပ္တာေတြလည္းရွိတယ္။ ေရႊ႕ဆိုင္းဖို႔၊ မေရႊ႕ဆိုင္းဖို႔ေတာ့ တိတိက်က်ဆံုးျဖတ္တာေတာ့မရွိေသးဘူး။ ဒီအေပၚမွာေရာ ပါတီေတြရဲ႕တင္ျပခ်က္ေတြအေပၚမွာေရာ၊ လက္ရွိျဖစ္ေနတဲ့ အေျခအေနအေပၚမွာေရာ ဒါကိုေတာ့ ေကာ္မရွင္က ျပန္ၿပီးေတာ့ စည္းစားမွာပါ။”

အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ပါတီ ဗဟုိအလုပ္အမႈေဆာင္ ဦး၀င္းထိန္က ေရြးေကာက္ပဲြ ေရႊ႕ဆုိင္းတာကို ကန္႔ကြက္ထားတယ္လုိ႔ အခုလုိ ေျပာပါတယ္။

“ေရြးေကာက္ပြဲေကာ္မရွင္က လုပ္ငန္းညိွႏိႈင္း အစည္းအေ၀းေခၚတယ္။ၿပီးေတာ့ ဦးတင္ေအးကေနၿပီးေတာ့ ေရြးေကာက္ပြဲေရႊ႕ဆိုင္းခ်င္တဲ့ ဆႏၵရွိတယ္တဲ့။ ပါတီသေဘာထားေပးပါဆိုေတာ့။ ႀကံ႕ခိုင္ေရးရယ္၊ အမ်ိဳးသားပါတီရယ္၊ ေတာင္သူလယ္သမား ပါတီရယ္ေထာက္ခံတယ္။ တစည၊ ရခိုင္ရယ္၊ NDF ကေတာ့ ေကာ္မရွင္သေဘာပါပဲတဲ့။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကေတာ့ ကန္႔ကြက္တယ္။ က်ေနာ္တို႔ေျပာတာက အဲဒီဟာမခိုင္လံုဘူးလို႔။ နာဂစ္မွာ ရန္ကုန္တိုင္းနဲ႔ ဧရာ၀တီတိုင္း ၂ ခုလံုး သိန္းနဲ႔ခ်ီေသတာေတာင္မွ ဖြဲ႕စည္းပံုအေျခခံဥပေဒမဲထည့္ရမယ္ ဆိုတာကိုေတာင္ လုပ္တယ္။ ဒါကို မခိုင္လံုေၾကာင္း က်ေနာ္ေျပာလိုက္တယ္။”

ေရြးေကာက္ပဲြကုိ ဘယ္ရက္အထိ ေရႊ႕ဆုိင္းမယ္ဆုိတာေတာ့ ေဆြးေႏြးပဲြမွာတိတိက်က် သတင္းထုတ္ျပန္တာ မရိွဘဲဒီေန႔ ည ၈နာရီသတင္းမွာ ေရြးေကာက္ပဲြေရႊ႕ဆုိင္းေရးနဲ႔ပတ္သက္ၿပီး ေကာ္မရွင္က တရား၀င္ေၾကညာဖုိ႔ ရိွေနပါတယ္။

ဒီကေန႔ ေဆြးေႏြးပဲြကို လာမယ့္ ေရြးေကာက္ပဲြမွာ ပါ၀င္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေတြရဲ့ ၇၃ရာခုိင္ႏႈန္းကို ကိုယ္စားျပဳထားၿပီး ေရြးေကာက္ပြဲဆုိင္ရာ ေစ့စပ္ ညိႏႈိင္းေရး ဗဟိုေကာ္မတီတြင္ ပါဝင္သည့္ ပါတီ ၁၀ ပါတီကို ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီ ပါတီေတြကေတာ့ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖံြ႔ၿဖိဳးေရးပါတီ၊ အမ်ဳိးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္၊ တိုင္းရင္းသား စည္းလံုးညီၫြတ္ေရးပါတီ၊ ရခိုင္အမ်ဳိးသားပါတီ၊ အမ်ဳိးသားဒီမုိကေရစီ အင္အားစုပါတီ၊ အမ်ဳိးသားတိုးတက္ေရးပါတီ၊ ျမန္မာႏုိင္ငံ ေတာင္သူလယ္သမား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ၊ ကရင္ျပည္သူ႔ပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကရက္တစ္ပါတီတို႔ျဖစ္ၿပီး ကရင္နဲ႔ ရွမ္းပါတီ ၂ပါတီက မတက္ေရာက္ခဲ့ပါဘူး။

ကုိမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...................

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက နေပြည်တော် ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။
 လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို  ရွှေ့ဆိုင်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး မှာ အဆိုပြုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ကန့်ကွက်ထားပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်း လိုတာကတော့ ချင်းနဲ့ ကယားပြည်နယ်အပါအဝင် တိုင်းဒေသကြီးတချို့မှာ သဘာဝဘေး အန္တရာယ်ကြုံတွေ့နေရတဲ့ အခြေအနေကြောင့် လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲရွှေ့ဆိုင်းလိုကြောင်းကို ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီး ၆ခုရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တင်ပြ အဆိုပြုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးသိန်းဦးက အခုုလို ပြောဆိုပါတယ်။

“ဒီကနေ့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သဘာဝဘေးကျရောက်နေတော့လေ အဲဒါနဲ့ ပက်သက်လို့ ဒါရွှေ့ဆိုင်းသင့်၊မသင့် ပေါ့နော်။ဒီနေ့နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့တွေ အစည်းအဝေးလုပ်တာတွေရှိပါတယ်။ စေ့စပ်ညှိနှိင်းရေးကေ်ာမတီမှာပါ၀င်တဲ့ ပါတီတွေနဲ့ ပေ့ါ။ အဲဒါတွေနဲ့ကော ကျနော်တို့ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရော ကျနော်တို့လုပ်တာတွေလည်းရှိတယ်။ ရွှေ့ဆိုင်းဖို့၊ မရွှေ့ဆိုင်းဖို့တော့ တိတိကျကျဆုံးဖြတ်တာတော့မရှိသေးဘူး။ ဒီအပေါ်မှာရော ပါတီတွေရဲ့တင်ပြချက်တွေအပေါ်မှာရော၊ လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်မှာရော ဒါကိုတော့ ကော်မရှင်က ပြန်ပြီးတော့ စည်းစားမှာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို ကန့်ကွက်ထားတယ်လို့ အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးခေါ်တယ်။ပြီးတော့ ဦးတင်အေးကနေပြီးတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းချင်တဲ့ ဆန္ဒရှိတယ်တဲ့။ ပါတီသဘောထားပေးပါဆိုတော့။ ကြံ့ခိုင်ရေးရယ်၊ အမျိုးသားပါတီရယ်၊ တောင်သူလယ်သမား ပါတီရယ်ထောက်ခံတယ်။ တစည၊ ရခိုင်ရယ်၊ NDF ကတော့ ကော်မရှင်သဘောပါပဲတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကန့်ကွက်တယ်။ ကျနော်တို့ပြောတာက အဲဒီဟာမခိုင်လုံဘူးလို့။ နာဂစ်မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း ၂ ခုလုံး သိန်းနဲ့ချီသေတာတောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေမဲထည့်ရမယ် ဆိုတာကိုတောင် လုပ်တယ်။ ဒါကို မခိုင်လုံကြောင်း ကျနော်ပြောလိုက်တယ်။”

ရွေးကောက်ပွဲကို ဘယ်ရက်အထိ ရွှေ့ဆိုင်းမယ်ဆိုတာတော့ ဆွေးနွေးပွဲမှာတိတိကျကျ သတင်းထုတ်ပြန်တာ မရှိဘဲဒီနေ့ ည ၈နာရီသတင်းမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ကော်မရှင်က တရားဝင်ကြေညာဖို့ ရှိနေပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို လာမယ့် ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေရဲ့ ရ၃ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညိနှိုင်းရေး ဗဟိုကော်မတီတွင် ပါဝင်သည့် ပါတီ ၁၀ ပါတီကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ ပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ကရင်နဲ့ ရှမ်းပါတီ ၂ပါတီက မတက်ရောက်ခဲ့ပါဘူး။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment