Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

သမၼတ႐ံုး၀န္ႀကီးဦးစိုးေမာင္ သမၼတျဖစ္္လာႏုိင္ဟု လယ္ရီေဂ်ဂင္ ခန္႔မွန္း

Byေမာင္တာခ်မ္းေဇာ္ေအာင္On  Fri, 2015-10-30 06:30Location မႏၲေလးIssue No.No.902 Friday, October 30, 2015

လယ္ရီေဂ်ကင္က မႏၲေလးၿမိဳ႕တြင္ ႏုိင္ငံေရးစိတ္ပါ၀င္စားသူမ်ားႏွင့္စကား၀ိုင္းျပဳလုပ္ေနစဥ္ (ဓာတ္ပုံ−ခ်မ္းေဇာ္ေအာင္)
 ေရြးေကာက္ပဲြအၿပီး ၂၀၁၆ တြင္ ျဖစ္ေပၚလာမည့္ အ စိုးရအဖဲြ႕သစ္ကို ေဒၚေအာင္ဆန္း စုၾကည္ ဦးေဆာင္သည့္ အမ်ိဳး သားဒီမိုကေရစီအဖဲြ႕ခ်ဳပ္က ဖဲြ႕ စည္းႏုိင္မည္မဟုတ္ဘဲ စစ္တပ္ အလိုက် လက္ရွိသမၼတ႐ံုးအမွတ္ (၂) ၀န္ႀကီး ဦးစိုးေမာင္ သမၼၼတ သစ္ျဖစ္လာႏုိင္ေၾကာင္း ျမန္မာ့ အေရးကၽြမ္းက်င္သူ လယ္ရီေဂ် ဂင္က ခန္႔မွန္းသည္။

ေရြးေကာက္ပဲြက်င္းပရန္ ဆယ္ရက္အလို ေအာက္တုိဘာ ၂၉ ရက္က မႏၲေလးၿမိဳ႕တြင္ ျပဳ လုပ္ခဲ့သည့္ ေရြးေကာက္ပဲြအလြန္ ျမန္မာ့ေရးရာႏွင့္ လားရာေဆြး ေႏြးပြဲ၌ ျမန္မာ့အေရးကၽြမ္းက်င္ သူ ႏုိင္ငံေရးပညာရွင္ လယ္ရီေဂ် ဂင္က အထက္ပါအတိုင္း ေျပာ ၾကားျခင္းျဖစ္သည္။

လာမည့္ေရြးေကာက္ပဲြတြင္ ဒီခ်ဳပ္ပါတီအႏုိင္ရႏုိင္ေျခရွိေသာ္ လည္း အစိုးရဖဲြ႕ႏုိင္ေလာက္သည့္ အေနအထားအထိ အမတ္ေနရာ ရရွိမည္မဟုတ္ဘဲ စစ္တပ္၊ ျပည္ ခိုင္ၿဖိဳးႏွင့္ တုိင္းရင္းသားပါတီအ ခ်ိဳ႕ ပူးေပါင္းၿပီး အစုိးရအဖဲြ႕သစ္ ဖဲြ႕စည္းသြားဖြယ္ရွိေၾကာင္း၊ အစုိး ရသစ္တြင္ လက္ရွိသမၼတဦးသိန္း စိန္ သမၼတရာထူး ဆက္လက္ရယူ ႏုိုင္ဖြယ္မရွိေတာ့ဘဲ အမွတ္(၂) သမၼတ႐ံုး၀န္ႀကီး ဦးစိုးေမာင္က သမၼတသစ္ျဖစ္လာႏုိင္သည္ဟု ႏွစ္ေပါင္း ၄၀ ခန္႔ၾကာ ျမန္မာ့ႏုိင္ငံ ေရးေလ့လာခဲ့သည့္ ႏုိင္ငံေရး ပညာရွင္ လယ္ရီေဂ်ဂင္က ခန္႔ မွန္းသည္။

ေဒၚေအာင္ဆန္းစုၾကည္ ဦး ေဆာင္သည့္ အမ်ိဳးသားဒီမိုကေရ စီအဖဲြ႕ခ်ဳပ္အေနျဖင့္ လာမည့္ေရြး ေကာက္ပဲြတြင္ ျပည္သူ႔လႊတ္ ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမမ်ား၌ လႊတ္ေတာ္ အမတ္ေနရာ ၆၀ ရာခုိင္ႏႈန္းေက်ာ္ အႏုိင္ရရွိမွသာ အစုိးရဖဲြ႕ႏုိင္မည္ ျဖစ္သည္။

တပ္မေတာ္ႏွင့္ ျပည္ခုိင္ၿဖိဳး ပါတီသည္ လူထုေထာက္ခံမႈအား ေကာင္းသည့္ ဒီခ်ဳပ္ပါတီကုိ ယွဥ္ ၿပိဳင္ႏုိင္မည္မဟုတ္ေသာ္လည္း ေရြးေကာက္ပဲြရလဒ္ကို ေျပာင္းလဲ ႏုိင္ရန္ ႀကိဳးစားေနသည္ဟု လယ္ ရီေဂ်ဂင္က ဆုိသည္။

လႊတ္ေတာ္မဲဆႏၵနယ္အခ်ိဳ႕ တြင္ ေရြးေကာက္ပဲြ မက်င္းပျခင္း ျဖင့္ တပ္မေတာ္သားကိုယ္စား လွယ္မ်ား၏ လႊတ္ေတာ္တြင္းပါ ၀င္မႈ ရာခုိင္ႏႈန္းျမင့္တက္လာမည္ ျဖစ္ၿပီး တပ္မေတာ္သား၊ ျပည္ခုိင္ ၿဖိဳးအမတ္ႏွင့္ အမ်ိဳးသားလႊတ္ ေတာ္သုိ႔ ေရာက္ရွိလာမည့္ တိုင္း ရင္းသားအမတ္အခ်ိဳ႕၏ ပူးေပါင္း မႈက ျပည္ေထာင္စုလႊတ္ေတာ္၏ ၆၀ ရာခုိင္ႏႈန္းေက်ာ္ ကိုယ္စားျပဳ ခြင့္ရကာ အစုိးရအဖဲြ႕သစ္ကို တပ္မေတာ္စိတ္ႀကိဳက္ဖဲြ႕စည္း ႏုိင္ရန္ ႀကိဳးစားေနသည္ဟု လယ္ ရီေဂ်ဂင္က ခန္႔မွန္းသည္။

တပ္မေတာ္သည္ ျပည္သူ လူထုထံမွ ခ်စ္ခင္အားကိုးမႈကို ရ ယူလိုေသာ္လည္း တပ္မေတာ္ သားမဟုတ္သည့္ အရပ္သားတစ္  ဦးကို သမၼတျဖစ္လာႏိုင္သည္အ ထိ ယံုၾကည္မႈေပးမည္မဟုတ္ဟု လယ္ရီေဂ်ဂင္က ခန္႔မွန္းသည္။

ထို႔အတြက္ ဦးစုိးေမာင္ကုိ သမၼတအျဖစ္ တင္ေျမႇာက္ၿပီး အ ခ်ိဳ႕ကို ေနာက္ကြယ္မွ ထိန္းခ်ဳပ္ ကာ လူထုေထာက္ခံမႈအားေကာင္း သည့္ အမ်ိဳးသားဒီမုိကေရစီအဖဲြ႕ ခ်ဳပ္ႏွင့္ အတူလက္တဲြလုပ္ႏုိင္ရန္ ႀကိဳးစားဖြယ္ရွိသည္ဟု ၎က ဆို သည္။

‘‘တပ္ရဲ႕အဓိက ျပႆနာက တပ္ကမဟုတ္တဲ့ အရပ္သားကို ယံုၾကည္မႈမရွိဘူး’’ဟု လယ္ရီေဂ် ဂင္က ေျပာၾကားသည္။

လက္ရွိသမၼတ႐ံုး၀န္ႀကီး တာ၀န္ယူထားသည့္ ဦးစိုးေမာင္ သည့္ ေနာက္ကြယ္တြင္ စစ္တပ္ ႏွင့္ အားေကာင္းသည့္ ဆက္ဆံ ေရးရွိၿပီး တပ္မေတာ္သား (သို႔မ ဟုတ္) ျပည္ခုိင္ၿဖိဳးပါတီမွ အမည္ စာရင္းတင္သြင္းသည့္ ဒုသမၼတ ေလာင္းျဖစ္လာကာ သမၼတရာ ထူးရယူဖြယ္ရွိသည္ဟု ၎က သံုးသပ္သည္။

‘‘သမၼတဦးသိန္းစိန္ဟာ တစ္ ႀကိမ္ပဲျဖစ္ႏုိင္မယ္လို႔ ၂၀၁၃ ေလာက္ကတည္းက ကၽြန္ေတာ္ ေျပာခဲ့ဖူးပါတယ္။ ဦးသိန္းစိန္မွ မ ဟုတ္ပါဘူး။ အစိုးရအဖဲြ႕တစ္ခု လံုးမွာ လူေဟာင္းေတြကုိ ရွင္း လင္းၿပီး ပိုၿပီးလုပ္ရည္ကုိင္ရည္ရွိ တဲ့ လူသစ္ေတြနဲ႔ အစားထိုးမယ္ လို႔ ထင္ပါတယ္’’ဟု လယ္ရီေဂ် ဂင္က ေျပာသည္။

၎၏ ေျပာဆိုခ်က္မ်ား သည္ ခန္႔မွန္းခ်က္မ်ားသာျဖစ္ၿပီး ျဖစ္ကိုျဖစ္ရမည္ဆုိသည့္ သေဘာ မဟုတ္ေၾကာင္း၊ အစုိးရအဖဲြ႕ ထိပ္ပိုုင္းအရာရွိမ်ား၊ တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆံုစကားေျပာၿပီး   ရရွိလာ သည့္ အခ်က္အလက္မ်ား၊ ထင္ ျမင္ခ်က္မ်ားအေပၚ အေျခခံကာ ခန္႔မွန္းတြက္ခ်က္ေျပာၾကားျခင္း ျဖစ္ေၾကာင္း လယ္ရီေဂ်ဂင္က ေျပာသည္။

ျမန္မာ့ႏုိင္ငံေရးတြင္ အရပ္ သားစစ္စစ္သမၼတသည္ ၂၀၂၀ ေနာက္ပုိင္းမွသာ ျဖစ္လာႏုိင္ေျခ ရွိေၾကာင္း ၎က ခန္႔မွန္းသည္။
http://www.7daydaily.com/story/49783
...................................
သမ္မတရုံးဝန်ကြီးဦးစိုးမောင် သမ္မတဖြစ််လာနိုင်ဟု လယ်ရီဂျေဂင် ခန့်မှန်း

Byမောင်တာချမ်းဇော်အောင်On  Fri, 2015-10-30 06:30Location မန္တလေးIssue No.No.902 Friday, October 30, 2015

လယ်ရီဂျေကင်က မန္တလေးမြို့တွင် နိုင်ငံရေးစိတ်ပါ၀င်စားသူများနှင့်စကားဝိုင်းပြုလုပ်နေစဉ် (ဓာတ်ပုံ−ချမ်းဇော်အောင်)
 ရွေးကောက်ပွဲအပြီး ၂၀၁၆ တွင် ဖြစ်ပေါ်လာမည့် အ စိုးရအဖွဲ့သစ်ကို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့ စည်းနိုင်မည်မဟုတ်ဘဲ စစ်တပ် အလိုကျ လက်ရှိသမ္မတရုံးအမှတ် (၂) ၀န်ကြီး ဦးစိုးမောင် သမ္မ္မတ သစ်ဖြစ်လာနိုင်ကြောင်း မြန်မာ့ အရေးကျွမ်းကျင်သူ လယ်ရီဂျေ ဂင်က ခန့်မှန်းသည်။

ရွေးကောက်ပွဲကျင်းပရန် ဆယ်ရက်အလို အောက်တိုဘာ ၂၉ ရက်က မန္တလေးမြို့တွင် ပြု လုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန် မြန်မာ့ရေးရာနှင့် လားရာဆွေး နွေးပွဲ၌ မြန်မာ့အရေးကျွမ်းကျင် သူ နိုင်ငံရေးပညာရှင် လယ်ရီဂျေ ဂင်က အထက်ပါအတိုင်း ပြော ကြားခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီအနိုင်ရနိုင်ခြေရှိသော် လည်း အစိုးရဖွဲ့နိုင်လောက်သည့် အနေအထားအထိ အမတ်နေရာ ရရှိမည်မဟုတ်ဘဲ စစ်တပ်၊ ပြည် ခိုင်ဖြိုးနှင့် တိုင်းရင်းသားပါတီအ ချို့ ပူးပေါင်းပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းသွားဖွယ်ရှိကြောင်း၊ အစိုး ရသစ်တွင် လက်ရှိသမ္မတဦးသိန်း စိန် သမ္မတရာထူး ဆက်လက်ရယူ နိုုင်ဖွယ်မရှိတော့ဘဲ အမှတ်(၂) သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က သမ္မတသစ်ဖြစ်လာနိုင်သည်ဟု နှစ်ပေါင်း ၄၀ ခန့်ကြာ မြန်မာ့နိုင်ငံ ရေးလေ့လာခဲ့သည့် နိုင်ငံရေး ပညာရှင် လယ်ရီဂျေဂင်က ခန့် မှန်းသည်။

ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အနေဖြင့် လာမည့်ရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေများ၌ လွှတ်တော် အမတ်နေရာ ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိမှသာ အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။

တပ်မတော်နှင့် ပြည်ခိုင်ဖြိုး ပါတီသည် လူထုထောက်ခံမှုအား ကောင်းသည့် ဒီချုပ်ပါတီကို ယှဉ် ပြိုင်နိုင်မည်မဟုတ်သော်လည်း ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲ နိုင်ရန် ကြိုးစားနေသည်ဟု လယ် ရီဂျေဂင်က ဆိုသည်။

လွှတ်တော်မဲဆန္ဒနယ်အချို့ တွင် ရွေးကောက်ပွဲ မကျင်းပခြင်း ဖြင့် တပ်မတော်သားကိုယ်စား လှယ်များ၏ လွှတ်တော်တွင်းပါ ၀င်မှု ရာခိုင်နှုန်းမြင့်တက်လာမည် ဖြစ်ပြီး တပ်မတော်သား၊ ပြည်ခိုင် ဖြိုးအမတ်နှင့် အမျိုးသားလွှတ် တော်သို့ ရောက်ရှိလာမည့် တိုင်း ရင်းသားအမတ်အချို့၏ ပူးပေါင်း မှုက ပြည်ထောင်စုလွှတ်တော်၏ ၆၀ ရာခိုင်နှုန်းကျော် ကိုယ်စားပြု ခွင့်ရကာ အစိုးရအဖွဲ့သစ်ကို တပ်မတော်စိတ်ကြိုက်ဖွဲ့စည်း နိုင်ရန် ကြိုးစားနေသည်ဟု လယ် ရီဂျေဂင်က ခန့်မှန်းသည်။

တပ်မတော်သည် ပြည်သူ လူထုထံမှ ချစ်ခင်အားကိုးမှုကို ရ ယူလိုသော်လည်း တပ်မတော် သားမဟုတ်သည့် အရပ်သားတစ်  ဦးကို သမ္မတဖြစ်လာနိုင်သည်အ ထိ ယုံကြည်မှုပေးမည်မဟုတ်ဟု လယ်ရီဂျေဂင်က ခန့်မှန်းသည်။

ထို့အတွက် ဦးစိုးမောင်ကို သမ္မတအဖြစ် တင်မြှောက်ပြီး အ ချို့ကို နောက်ကွယ်မှ ထိန်းချုပ် ကာ လူထုထောက်ခံမှုအားကောင်း သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အတူလက်တွဲလုပ်နိုင်ရန် ကြိုးစားဖွယ်ရှိသည်ဟု ၎င်းက ဆို သည်။

‘‘တပ်ရဲ့အဓိက ပြဿနာက တပ်ကမဟုတ်တဲ့ အရပ်သားကို ယုံကြည်မှုမရှိဘူး’’ဟု လယ်ရီဂျေ ဂင်က ပြောကြားသည်။

လက်ရှိသမ္မတရုံးဝန်ကြီး တာဝန်ယူထားသည့် ဦးစိုးမောင် သည့် နောက်ကွယ်တွင် စစ်တပ် နှင့် အားကောင်းသည့် ဆက်ဆံ ရေးရှိပြီး တပ်မတော်သား (သို့မ ဟုတ်) ပြည်ခိုင်ဖြိုးပါတီမှ အမည် စာရင်းတင်သွင်းသည့် ဒုသမ္မတ လောင်းဖြစ်လာကာ သမ္မတရာ ထူးရယူဖွယ်ရှိသည်ဟု ၎င်းက သုံးသပ်သည်။

‘‘သမ္မတဦးသိန်းစိန်ဟာ တစ် ကြိမ်ပဲဖြစ်နိုင်မယ်လို့ ၂၀၁၃ လောက်ကတည်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဦးသိန်းစိန်မှ မ ဟုတ်ပါဘူး။ အစိုးရအဖွဲ့တစ်ခု လုံးမှာ လူဟောင်းတွေကို ရှင်း လင်းပြီး ပိုပြီးလုပ်ရည်ကိုင်ရည်ရှိ တဲ့ လူသစ်တွေနဲ့ အစားထိုးမယ် လို့ ထင်ပါတယ်’’ဟု လယ်ရီဂျေ ဂင်က ပြောသည်။

၎င်း၏ ပြောဆိုချက်များ သည် ခန့်မှန်းချက်များသာဖြစ်ပြီး ဖြစ်ကိုဖြစ်ရမည်ဆိုသည့် သဘော မဟုတ်ကြောင်း၊ အစိုးရအဖွဲ့ ထိပ်ပိုုင်းအရာရှိများ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောပြီး   ရရှိလာ သည့် အချက်အလက်များ၊ ထင် မြင်ချက်များအပေါ် အခြေခံကာ ခန့်မှန်းတွက်ချက်ပြောကြားခြင်း ဖြစ်ကြောင်း လယ်ရီဂျေဂင်က ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် အရပ် သားစစ်စစ်သမ္မတသည် ၂၀၂၀ နောက်ပိုင်းမှသာ ဖြစ်လာနိုင်ခြေ ရှိကြောင်း ၎င်းက ခန့်မှန်းသည်။
http://www.7daydaily.com/story/49783

No comments:

Post a Comment