Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

‘ကြၽန္ေတာ္တို႔ မိသားစုက အရွိန္အ၀ါသံုးၿပီး မေလ်ာ္ၾသဇာနဲ႔ ရွာထားတာကိုသာ သက္ေသျပ၊ အဲဒီျပတဲ့လူကို ကြၽန္ေတာ္ သူျပတဲ့ပမာဏာထက္ ဆယ္ဆျပန္ေလ်ာ္ေပးမယ္လို႔ စိန္ေခၚရဲပါတယ္’’

ကုိေအးေန၀င္းႏွင့္ ေတြ႕ဆံုျခင္း

ByေအးသူစံOn  Thu, 2015-10-29 18:58Issue No.No.901 Thursday, October 29, 2015

ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီဟူေသာ အမည္ျဖင့္ ျမန္မာ ႏိုင္ငံကို ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ၾကာ တံခါးပိတ္အုပ္ခ်ဳပ္ခဲ့သူ အာဏာ သိမ္း ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန ၀င္းသည္ သူဦးေဆာင္သည့္ ကာ လတစ္ေလွ်ာက္ဘက္ေပါင္းစံု ခြၽတ္ၿခံဳက်ခဲ့သည့္ ျမန္မာႏိုင္ငံအ ေျခအေနမ်ားေၾကာင့္ ျမန္မာ့လြတ္လပ္ေရးအတြက္ သမိုင္း၀င္အခန္း က႑မွ ပါ၀င္ခဲ့သည့္ ရဲေဘာ္သံုး က်ိပ္၀င္ ဗိုလ္႐ႈေမာင္ဆိုသည့္ ဂုဏ္ပုဒ္ပင္ ေမွးမွိန္ခဲ့သည္။ အာ ဏာရွင္ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန၀င္း၏  ေျမးႀကီး ကိုေအး ေန၀င္း၏ လက္ရွိ ၂၀၁၅ ေရြး ေကာက္ပြဲအပါအ၀င္ မ်က္ေမွာက္ျမန္မာ့ႏိုင္ငံေရးရာအေပၚ အျမင္ မ်ားကို အီးေမးလ္မွတစ္ဆင့္ေတြ႕ ဆံုေမးျမန္းထားသည္မ်ားမွ ေကာက္ ႏုတ္ေဖာ္ျပလိုက္ပါသည္။

ကိုေအးေန၀င္းမွာ ယခင္စစ္အစိုးရလက္ထက္က ႏိုင္ငံေတာ္ ပုန္ကန္မႈျဖင့္ ဖခင္၊ ညီႏွစ္ဦးတို႔ ႏွင့္အတူ ေသဒဏ္အျပင္ ႀကီးေလးေသာ ေထာင္ဒဏ္မ်ားခ်မွတ္ခံခဲ့ရ ၿပီး ယခုအစိုးရလက္ထက္တြင္ သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီး ေနာက္ ပါတီစံုဒီမိုကေရစီေရြး ေကာက္ပြဲစနစ္ျဖင့္ ႏိုင္ငံေရးဇာတ္ ခံုေပၚ ၀င္ေရာက္လာျခင္းမရွိဘဲ စီးပြားေရးႏွင့္ လူမႈေရးရာက႑ မ်ားကိုသာ အခ်ိန္ေပးလုပ္ကိုင္ ေနသူလည္း ျဖစ္သည္။

လက္ရွွိဖြဲ႕စည္းပံုအေျခခံဥပေဒ အရ ငါးႏွစ္တစ္ႀကိမ္စီ က်င္းပမယ့္ေရြးေကာက္ပြဲေတြမွာ ကိုေအးေန ၀င္းတို႔လို ႏိုင္ငံေရးေနာက္ခံရွိတဲ့ သူေတြအေနနဲ႔ ဘာေၾကာင့္ ၀င္ ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိတာပါ လဲ။

ႏိုင္ငံေရးအရ အစဥ္အလာ ရွိသူေတြဟာ ႏိုင္ငံေရးအရ တစ္ မ်ဳိးတစ္ဖံုျပန္ပါ၀င္လာၾကတာ တစ္ကမၻာလံုးေဒသအသီးသီးမွာ ရွိတတ္ၾကပါတယ္။ ဒါေပမဲ့ ႏိုင္ငံ ေရးအာဏာစႀကႍရဲ႕ အထက္ပစၥ ယာမွာ က်င္လည္ဖူးတဲ့ မိသားစု တစ္ခုက ေပါက္ဖြားလာသူေတြ ဟာ ႏုိင္ငံေရးကို ၀င္လုပ္ေတာ့ မယ္ဆိုရင္ တာ၀န္သိစိတ္နဲ႔ ၀င္ တာမ်ဳိးပဲ ျဖစ္သင့္တယ္လို႔ ကြၽန္ ေတာ္ယံုၾကည္ပါတယ္။ ကိုယ့္ရဲ႕ အခြင့္ထူးတစ္ခုအေနနဲ႔ ပစၥည္း အေမြလိုမ်ဳိးမမွတ္ယူသင့္ပါဘူး။ တိုင္းျပည္မွာ တာ၀န္ႀကီးႀကီးယူ ခဲ့တဲ့ သူေတြရဲ႕ မိသားစုဆိုတာ သဘာ၀အရကို အေတြ႕အႀကံဳအ ဆက္အသြယ္ပိုမ်ားတာေပါ့ေလ။ အဲဒါကို တိုင္းျပည္အတြက္ တစ္ နည္းတစ္ဖံုျပန္ၿပီး အလုပ္အေကြၽး ျပဳၾကတာ ေကာင္းတဲ့လုပ္ရပ္ပါ။ ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ လုပ္ခ်င္တဲ့သူေတြ၊ လုပ္ဖို႔လည္း အရည္အခ်င္းရွိတဲ့ သူေတြ ႏိုင္ငံ ေရးအခင္းအက်င္းထဲမွာ သူ႕ဟာ ႏွင့္သူ အလံုအေလာက္ရွိေနတယ္ လို႔ ထင္တဲ့အတြက္ ၀င္လုပ္ဖို႔ စိတ္ကူးမရွိပါဘူး။

ေရြးေကာက္ပြဲမွာ ဒီခ်ဳပ္နဲ႔ ျပည္ခိုင္ ၿဖိဳးၾကားၿပိဳင္ဆိုင္မႈ ျပင္းထန္ေန ပါတယ္။ ႏွစ္ဖက္စလံုးက အျပတ္ အသတ္ႏိုင္ဖို႔လည္း အေတာ္ေလး ႐ုန္းကန္ရမယ့္အေနအထားလို႔ သံုးသပ္ခ်က္ေတြလည္းရွိပါတယ္။ ႏွစ္ဖက္စလံုးက ေခါင္းေဆာင္မ်ားနဲ႔ အထိုက္အေလ်ာက္ရင္းႏွီးသူ ျဖစ္တဲ့ ကိုေအးေန၀င္းအေနနဲ႔ ဘယ္လိုသံုးသပ္ပါလဲ။

ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ဘယ္ပါတီႏိုင္ေျခရွိတယ္ဆိုတာ မ်ဳိးႀကီး ေျပာဖို႔ထက္ ျဖစ္ေပၚလာ မယ့္ အေျခအေနမွာ အေကာင္း ဆံုးျဖစ္ေအာင္ ဘယ္လိုရင္ဆိုင္ ၾကမလဲဆိုတာ ပိုအေရးႀကီးပါ တယ္။ အေျဖက သံုးခုရွိပါတယ္။ ကိုယ္ႏိုင္လို႔ အစိုးရဖြဲ႕တဲ့အခါမ်ဳိး ၾကရင္ ဘာလုပ္မလဲ၊ ဒါမွမဟုတ္ မႏုိင္လို႔ အတိုက္အခံပဲ ျဖစ္ေနမယ္ဆိုရင္ေကာ ဘယ္လိုစခန္းသြားၾကမလဲ၊ ဒါမွမဟုတ္ တိတိပပႏိုင္တဲ့ သူမေပၚလို႔ ေပါင္းလုပ္ၾကရမယ္ဆိုရင္ေကာ ဘယ္လိုညႇိႏိႈင္းျပမလဲ။ ဒါျဖစ္ႏုိင္ေျခရွိတဲ့ အေျခအေနသံုးခုပါ။ ဒီအေျခအေနေတြမွာ ဘယ္လိုပဲ ႀကံဳႀကံဳ တိုင္းျပည္ႏွင့္ လူမ်ဳိးအက်ဳိးရွိေအာင္ လုပ္သြားမယ္ဆိုတဲ့ ရည္ရြယ္ခ်က္ျပ႒ာန္းထားမယ္ဆိုရင္ ျဖစ္ေပၚလာမယ့္ ရလဒ္အေကာင္းျဖစ္ေစ၊ အဆိုးျဖစ္ေစ ႏွလံုးသြင္းၿပီး မွန္မွန္ႏွင့္ ရင္ဆိုင္သြားၾကလိမ့္မယ္လို႔ ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ေျပာသြားတဲ့အထဲမွာ အေျဖထြက္လို႔ မေက်နပ္ျဖစ္ရင္ ေစာဒကတက္လို႔ရေအာင္ အခုကတည္းက ႀကိဳၿပီး ေလသံပစ္ထားတယ္ဆိုတာမ်ဳိး၊ ေနာက္ၿပီး ဦးဇာဂနာေျပာတဲ့အထဲမွာ လူအုပ္မ်ားတာကို ေတြ႕ၿပီး အပိုင္ႀကိဳမတြက္ဖို႔ ဆိုတာမ်ဳိးေတြ ၾကားလာရပါတယ္။ ပါတီႀကီးႏွစ္ခုစလံုးက ေခါင္းေဆာင္ေတြနဲ႔ ရင္းႏွီးတယ္ဆိုတဲ့ အခ်က္ကေတာ့ အခုလိုမ်ဳိးသိရွိကြၽမ္း၀င္ေနျခင္းေၾကာင့္ပဲ ကြၽန္ေတာ့္အေနနဲ႔ တစ္ဖက္ဖက္ကို ေထာက္ခံၿပီးတစ္ဖက္ကို ဆန္႔က်င္လို႔ မရေကာင္းတဲ့ အေနအထားျဖစ္ေနတာပါ။

တကယ္လို႔ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကသာ ေရြးေကာက္ပြဲ မွာ တစ္ျပည္လံုးအတိုင္းအတာနဲ႔ ႏိုင္လို႔ အစိုးရဖြဲ႕ႏုိင္ခဲ့ရင္ အစိုးရ သစ္အေနနဲ႔ ရင္ဆိုင္ရမယ့္ အႀကီးမားဆံုးစိန္ေခၚမႈက ဘာေတြျဖစ္ လာမယ္လို႔ ထင္ပါသလဲ။

အခုေရြးေကာက္ပြဲမွာ ဘယ္ ပါတီပဲႏိုင္ႏိုင္ ေတြ႕ရမယ့္ စိန္ေခၚ မႈေတြက ျပည္သူေတြတည္ၿငိမ္ၿပီး ဒီအတိုင္းဆက္ျဖစ္ေစခ်င္ေနတဲ့ အရာေတြကို ဆက္ထိန္းဖို႔၊ ျပည္ သူေတြ အေျပာင္းအလဲႀကီးေျပာင္း လဲေစခ်င္ေနတဲ့ အရာေတြကို ေျပာင္းလဲပစ္ဖို႔နဲ႔ အဲဒီႏွစ္ခုကို ခြဲ ျခားသိႏိုင္ဖို႔ ျဖစ္ပါတယ္။ ေမွ်ာ္ လင့္ခ်က္ပိုထားတဲ့ ပါတီကေတာ့ ထင္တဲ့အတိုင္းလုပ္ျပဖို႔ ပိုၿပီးတာ ၀န္ႀကီးပါလိမ့္မယ္။

ျမန္မာ့ႏိုင္ငံေရးမွာ တပ္မေတာ္ရဲ႕ ပါ၀င္မႈအခန္းက႑အေပၚ အျမင္ အမ်ဳိးမ်ဳိးရွိၾကပါတယ္။ ဒီေရြး ေကာက္ပြဲစနစ္ဟာ ဖြဲ႕စည္းပံုအ ေျခခံဥပေဒအရ လႊတ္ေတာ္ကိုယ္ စားလွယ္ ၇၅ ရာခုိင္ႏႈန္းကိုသာ ေရြးခ်ယ္ရၿပီး တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းဟာ အလိုအေလ်ာက္ပါ ၀င္ေနမယ့္အေပၚ ဒါဟာ ဥပေဒျပဳ ေရးမွာ ဗီတိုအာဏာဆန္တယ္ဆို တဲ့ သံုးသပ္ခ်က္ေတြလည္းရွိထား ပါတယ္။ ျမန္မာ့ႏိုင္ငံေရးမွာ တပ္ ရဲ႕ ပါ၀င္မႈအခန္းက႑က ဆက္ၿပီးရွိေနဖို႔ လိုအပ္တယ္လို႔ ကိုေအး ေန၀င္းထင္ပါသလား။ (တကယ္ လို႔ ထင္တယ္ဆိုရင္ ဘာေၾကာင့္ ပါလဲ)။

လႊတ္ေတာ္ထဲမွာ တပ္မ ေတာ္ပါ၀င္ေနတယ္ဆိုတာကို ေကာင္းတယ္၊ ဆိုးတယ္ဆိုတာ ထက္ကို အဲဒီလိုပါ၀င္ေနတဲ့ အ က်ဳိးသက္ေရာက္မႈကို နည္းနည္း ၾကည့္ရပါမယ္။ အခုလက္ရွိ လႊတ္ေတာ္ထဲက တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ လုပ္ကိုင္ေဆာင္ ရြက္ခ်က္ကို ၾကည့္မယ္ဆိုလို႔ရွိရင္ တပ္မေတာ္အေပၚ အျမင္မၾကည္ လင္တဲ့ အင္အားစုေတြကိုယ္တိုင္ ကေတာင္ အျပစ္တင္ဖို႔ အခ်က္ ကို ရွာရေတာ္ေတာ္ခက္ပါလိမ့္ မယ္။ ဆိုလိုတာက တပ္ပါေနတာ ကို မူအားျဖင့္ သေဘာမက်ခ်င္ သာရွိခ်င္ရွိ၊ အဲဒီမူအရ ပါ၀င္ ေဆာင္ရြက္ေနတဲ့ တပ္မေတာ္ သားေတြတင္တဲ့အဆို၊ ဥပေဒ ၾကမ္း၊ ေမးတဲ့ေမးခြန္းေတြကို ေထာက္ျပၿပီး အျပစ္ေျပာႏိုင္ ေလာက္ေအာင္ လစ္ဟင္းတာ၊ တာ၀န္ပ်က္တာ သိပ္မေတြ႕ရသ ေလာက္ပါပဲ။ ေနာက္တစ္ခုက ကိုင္း... ဟုတ္ၿပီ။ တပ္ကပါေနတာ ကို မေက်နပ္လို႔ ေလွ်ာ့ခ်ခ်င္ၿပီး ဆိုပါေတာ့၊ ဘယ္လိုေလွ်ာ့ၾကမ လဲ၊ တပ္မေတာ္တစ္ခုမွာ ခ်ပ္၀တ္တန္ဆာဆိုတာ ရန္သူ႕လက္နက္က ကာကြယ္ဖို႔သာ စစ္သည္ေတြက  ၀တ္ထားတာပါ။ အေလးအပင္ခံ ၿပီး ဘယ္သူ႕မွ အလွမ၀တ္ခ်င္ၾက ပါဘူး။ အဲဒီေတာ့ အဲဒီလိုခ်ပ္၀တ္  တန္ဆာေတြ မ၀တ္ေစခ်င္ဘူးဆို ရင္ ရန္လိုမုန္းတီးမႈေတြ မရွိေတာ့  ေၾကာင္း ျပဖို႔လိုပါလိမ့္မယ္။ အဲဒီ လိုမွ မဟုတ္ရင္ေတာ့ လံုၿခံဳမႈရ ေအာင္ဆက္ၿပီး ၀တ္ထားၾကမွာ ပါပဲ။ ဟိုေန႔က ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ေျပာတဲ့အထဲမွာ တပ္မေတာ္အေပၚ နားလည္စာ နာသူကို ေရြးခ်ယ္ေစလိုတယ္ဆို တာ ပါေနပါတယ္။ အဲဒီမိန္႔ခြန္း ထဲမွာပဲ ေခတ္အဆက္ဆက္ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ တပ္မ ေတာ္ တာ၀န္ယူခဲ့တဲ့ သမိုင္းကို လည္း ဒါဟာ ထြန္းေျပာင္တဲ့ လုပ္ ရပ္၊ တိုင္းျပည္ကို ေစာင့္ေရွာက္ ကာကြယ္ခဲ့တာဆိုတာမ်ဳိး ေျပာ ထားပါတယ္။ အဲဒီေတာ့ ႏုိင္ငံေရး သမားေတြထဲမွာ တပ္မေတာ္ ထိန္းသိမ္းခဲ့တာကို တုိင္းျပည္အ တြက္ ကယ္တင္တယ္လို႔ မျမင္ဘဲ မွားယြင္းတယ္လို႔ ျမင္တဲ့ ႐ႈျမင္သံုးသပ္မႈမရွိတဲ့ လူေတြမ်ားလာရင္ အလိုလိုေလ်ာ့သြားလိမ့္မယ္လို႔ ထင္ပါတယ္။ တပ္မေတာ္အေနနဲ႔ ကေတာ့ ေနာက္အႏွစ္ ငါးဆယ္၊ တစ္ရာၾကာတဲ့အခါမွာ အဲဒီလိုဆန္႔က်င္မုန္းတီးေစမယ့္ သင္႐ိုးမ်ဳိးျပ႒ာန္းလာမွာကို မျဖစ္ရေလ ေအာင္ အခုကတည္းက ကာကြယ္ ေနမယ္ထင္ပါတယ္။ အဓိကက ေတာ့ Mindset ေတြက တပ္က ထိန္းတာကို မေကာင္းဘူးဆိုတာ မ်ဳိး မျမင္ေတာ့တဲ့အခါ အဲဲဒီလို အခင္းအက်င္းေတြ ေျပာင္းသြား ပါလိမ့္မယ္။

သမၼတျဖစ္ခြင့္ ပုဒ္မ ၅၉ (စ)၊ ပုဒ္မ၄၃၆ အပါအ၀င္ ဖြဲ႕စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးနဲ႔ ပတ္သက္လို႔ ကိုေအးေန၀င္းရဲ႕ သေဘာထားကို သိပါရေစ။ အထူးသျဖင့္ ဒီသမၼတျဖစ္ခြင့္ကန္႔သတ္ခ်က္ဟာ ေဒၚ ေအာင္ဆန္းစုၾကည္ကို အဓိကဦး တည္ၿပီး ေရးဆြဲထားတယ္ဆိုတဲ့ အေပၚမွာေကာ ကိုေအးေန၀င္း သေဘာတူလက္ခံပါသလား။

ကြၽန္ေတာ္ဒီဟာကို လူပုဂိၢဳလ္သံေယာဇဥ္ေတြဖယ္ၿပီး ဥပေဒ ေၾကာင္းအရပဲ ေျပာပါမယ္။ အခု အေျခခံဥပေဒမွာ ပါတဲ့ ၅၉ (စ) ဆိုတာ သမၼတနဲ႔ ဒုသမၼတျဖစ္ မယ့္လူေတြကိုပဲ ကာကြယ္တား ျမစ္ထားတာပါ။ ဒါကို တခ်ဳိ႕က ၁၉၄၇ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေရးခဲ့ တဲ့ အေျခခံဥပေဒမွာပါတယ္။ တခ်ဳိ႕ကလည္း မပါဘူးဆိုတာမ်ဳိး  ေျပာပါတယ္။ ဒီေနရာမွာ နည္း နည္းလြဲေနပါတယ္။ ၁၉၄၇ ဥပေဒ မွာ ႏုိင္ငံျခားအစိုးရရဲ႕ အခြင့္အ ေရးကို ခံစားႏိုင္ခြင့္ရွိသူေတြ ပါလီမန္ဆိုင္ရာလႊတ္ေတာ္အမတ္ျဖစ္ ခြင့္မရွိေၾကာင္း တားျမစ္ထားတာ ျဖစ္တဲ့အတြက္ သမၼတထက္စာ ရင္ လႊတ္ေတာ္အမတ္ျဖစ္ဖို႔ကို ႏုိင္ငံျခားသားမိသားစုရွိသူေတြ လုပ္လို႔မရေအာင္တားထားပါ တယ္။ အဲဒီေတာ့ ဥပေဒခ်င္းယွဥ္ မယ္ဆိုရင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဥပေဒမွာက သမၼတလုပ္လို႔မရ ေအာင္ေတာ့ သတ္သတ္ခြဲပိတ္ ထားတာမွရွိဘူး။ ဒါေပမဲ့ လႊတ္ ေတာ္ကိုယ္စားလွယ္ေတာင္ ျဖစ္ လို႔မရေအာင္ ပိတ္ထားတာျဖစ္တဲ့ အတြက္ သမၼတျဖစ္မယ့္သူသည္ လႊတ္္ေတာ္ကိုယ္စားလွယ္အရည္ အခ်င္းနဲ႔လည္း ညီဖို႔လိုအပ္တာ ေၾကာင့္ အက်ဳံး၀င္သြားတာပါ။ ဆိုလိုတာက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဥပေဒအရဆိုရင္ ႏိုင္ငံျခားသား မိသားစုရွိသူေတြ အမတ္ေတာင္ လုပ္လို႔မရခဲ့တာ အခုဥပေဒအရ ေတာ့ အမတ္တို႔ ၀န္ႀကီးတို႔ လုပ္ လို႔ရပါေသးတယ္။ မွတ္သားဖို႔ ေကာင္းတာက ၁၉၉၀ ေရြးေကာက္ပြဲတုန္းက ဥပေဒမွာ ၁၉၄၇ ဥပေဒ ပါ ဗိုလ္္ခ်ဳပ္ေအာင္ဆန္းတို႔ ထည့္ ထားတဲ့ ျပ႒ာန္းခ်က္အတိုင္း ပါ ခဲ့တဲ့အတြက္ ႏုိင္ငံျခားသားအိမ္ ေထာင္ရွိတဲ့ အမတ္ေလာင္းကို ဗဟန္းၿမိဳ႕နယ္မွာ ၿပိဳင္ဘက္အ မတ္ေလာင္း ဦးလဘန္ဂေရာင္က ကန္႔ကြက္တာ ေအာင္ျမင္သြား တယ္ဆိုတာပါပဲ။ ဒီလိုျပ႒ာန္း ခ်က္ကို ေကာင္းတယ္၊ မေကာင္း ဘူး၊ ရွိသင့္၊ မရွိသင့္ ကြၽန္ေတာ္ ေျပာတာမဟုတ္ပါဘူး။ ဥပေဒ ေၾကာင့္ပဲ ေျပာတာပါ။

အခု လာမယ့္ေရြးေကာက္ပြဲက ေန ဘယ္လိုအေျပာင္းအလဲေတြ ကို ေမွ်ာ္လင့္ထားပါသလဲ။ ေရြး ေကာက္ပြဲလြန္ကာလမွာေကာ အာ ဏာလႊဲေျပာင္းမႈအေျခအေနေတြက တည္တည္ၿငိမ္ၿငိမ္ရွိႏိုင္မယ္လို႔ ထင္ပါသလား။

ေရြးေကာက္ပြဲေၾကာင့္ ေျပာင္းလဲတာထက္ကို ေရြးေကာက္ပြဲကို သိပ္အေလးထားၿပီး ရင္းႏွီးျမႇဳပ္ႏွံ မယ့္ လူေတြက လက္တြန္႔ေနတာ၊ ဒါအၿပီးက်မွ ၀င္မယ္လို႔ ျဖစ္ေန တာေတြ ၾကားရတာပိုၿပီး စိုးရိမ္ စရာေကာင္းပါတယ္။ ဘာေျပာင္း လဲမယ္မသိေသးဘူး။ ေျပာင္းမယ္အထင္ႏွင့္ အခ်ိန္ေတြဆြဲေနတာ ေတာ့ တုိင္းျပည္နစ္နာတယ္လို႔ပဲ ျမင္ပါတယ္။

လက္ရွိသမၼတ    ဦးသိန္းစိန္ဦး ေဆာင္တဲ့ အစိုးရအဖြဲ႕ေနာက္ ကြယ္မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ရဲ႕ ၾသဇာလႊမ္းမိုးမႈရွိေနတယ္လို႔ သံုးသပ္ခ်က္ေတြရွိထားပါတယ္။ ကိုေအးေန၀င္းတို႔အေနနဲ႔ေကာဒီအစိုးရသက္တမ္းအတြင္း အ ေျပာင္းအလဲေတြဟာ တကယ္ပဲ အမွီအခိုကင္းကင္းနဲ႔ သမၼတဦး သိန္းစိန္ရဲ႕ ဆံုးျဖတ္ခ်က္အစစ္အ မွန္လို႔ ျမင္ပါသလား။

တိုင္းျပည္ကို ႏွစ္ကာလ အပိုင္းအျခားတစ္ခုအထိ အုပ္ခ်ဳပ္ ခဲ့တဲ့ ဘယ္သူမဆို လက္ရွိအုပ္ခ်ဳပ္ေနသူေတြႏွင့္ အဆက္အသြယ္မ ျပတ္တာ ေကာင္းတယ္လို႔ ကြၽန္ ေတာ္ထင္ပါတယ္။ ဒါဟာ သူ ေျပာတိုင္း လုိက္လုပ္ရမယ့္ ၾသဇာခံတာနဲ႔ မဆိုင္ပါဘူး။ အေတြ႕အ ႀကံဳတစ္ခုကေန အႀကံတစ္ခုရဖို႔ ဒါမွမဟုတ္ ဆင္ျခင္စရာသင္ခန္း စာတစ္ခုရဖို႔ဆိုတာ အဲဒီအေတြ႕ အႀကံဳရဲ႕ ဇာစ္ျမစ္ျဖစ္တဲ့ လူဆီက ရယူႏိုင္ပါတယ္။ ေနာက္ၿပီး လက္ ရွိအစိုးရလူႀကီးမ်ားဟာလည္း သူမ်ားႏို႔သက္ခံစို႔ေနရေလာက္ ေအာင္ အရည္အခ်င္းမဲ့ေနၾကသူ ေတြ မဟုတ္ပါဘူး။ အဆက္အ သြယ္ေတာ့ ရွိရမွာေပါ့။ သူေျပာ တာ ကိုယ္ၾကားရေအာင္ နား ေထာင္ရမွာေပါ့။ ခိုင္းတိုင္းလုပ္ စရာေတာ့ ဘာလိုမွာလဲ။ ထိုနည္း တူစြာပဲ အုပ္ခ်ဳပ္ေရးနဲ႔ ပတ္သက္ တဲ့ အေတြ႕အႀကံဳလိုမ်ဳိး တျခား စီးပြားေရး၊ ပညာေရး၊ က်န္းမာ ေရးစတဲ့ နယ္ပယ္ေတြမွာလည္း အေတြ႕အႀကံဳရွိသူေတြဆီကေန ေဆာင္ရန္ ေရွာင္ရန္ သင္ခန္းစာ ေတြရႏိုင္တာပါပဲ။

အစ္ကိုတို႔မိသားစုနဲ႔ ပတ္သက္လို႔ ျပည္တြင္းျပည္ပကေန ေ၀ဖန္မႈ ေတြ၊ ျပစ္တင္မႈေတြရွိၾကပါတယ္။ကိုေအးေန၀င္းရဲ႕ အဘိုးျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန၀င္းဆိုရင္ အာဏာရွင္လို႔ အၿမဲတမ္းေခၚဆို သတ္မွတ္ခံထားရပါတယ္။ ေနာက္ဒီမိုကေရစီအေရးေတာ္ပံုလႈပ္ရွားမႈဆိုတဲ့ ေက်ာင္းသား၊ အရပ္သားအင္အားစုေတြရဲ႕ လႈပ္ရွားမႈအမ်ားစုကို ေသနတ္နဲ႔ ေျဖရွင္းတဲ့သူ၊ ဖိႏွိပ္ခဲ့တဲ့သူဆိုတဲ့ ၀ိေသသေတြရွိခဲ့တယ္။ ဒီအေပၚမွာ မိသားစု၀င္တစ္ဦး၊ သားႀကီးၾသရသတစ္ဦးအေနနဲ႔ ဒီေ၀ဖန္မႈေတြအေပၚမွာ အစ္ကိုတို႔ မိသားစုဘက္က ခံစားခဲ့ရတဲ့၊ လူအမ်ားစုမသိခဲ့ရတဲ့ မိသားစုခ်င္းၾကားထဲက ခံစားခ်က္ေလးေတြရွိရင္ ေျပာျပေပးပါ။

ႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္ဆိုတာ အေကာင္းျမင္၊ အဆိုးျမင္ ဒီလိုပဲ ပရိသတ္ထဲမွာ ရွိၾကတာပါ ပဲ။ အဲဒီလိုမွ မရွိလည္း ဘာမွစိတ္ ၀င္စားေလာက္ေအာင္ မလုပ္ခဲ့တဲ့ေခါင္းေဆာင္မို႔ပဲ ျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔မိသားစုအေနနဲ႔က ေတာ့ ကိုယ့္ကိုေ၀ဖန္တဲ့အထဲ မေကာင္းတာပါရင္ ဘာေတြမွန္ ေနလဲ၊ ဆင္ျခင္သင့္သလဲဆိုတာ အေပၚ ဆင္ျခင္ၾကည့္ပါတယ္။ ေကာင္းတာေျပာေနလည္း ဘ၀င္ျမင့္ၿပီးေအာက္ေျခလြတ္မသြားဖို႔ ဆင္ျခင္ပါတယ္။ တကယ္ေတာ့ ကဲ့ရဲ႕တာထက္ကို ခ်ီးမြမ္းတာက ပိုေၾကာက္စရာေကာင္းတယ္။ သတိထားရမယ္လို႔ ကြၽန္ေတာ္တို႔ အဘိုးကေျပာခဲ့ပါတယ္။ ဘာပဲ ေျပာေျပာလြန္လြန္ကဲကဲေတြ ခ်ီး မြမ္းတာျဖစ္ျဖစ္၊ မတရားမေကာင္းေျပာတာျဖစ္ျဖစ္ သိပ္မမႈပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာ လူထုရဲ႕ ဆင္ျခင္တံုတရားကို ကြၽန္ေတာ္ယံုၾကည္လို႔ပါပဲ။ မဟုတ္ တာေတြကို ခ်ီးမြမ္းေနလို႔ အထင္ မႀကီးသလို မမွန္တဲ့ စြပ္စြဲခ်က္ ေတြကိုလည္း အယံုမလြယ္တတ္ ၾကပါဘူး။ အခုလို တိုးတက္တဲ့ နည္းပညာေခတ္ႀကီးမွာ ပိုေတာင္ေကာင္းပါေသးတယ္။ အရင္က ကြၽန္ေတာ္တို႔ မိသားစုအေနနဲ႔ မေလ်ာ္ၾသဇာသံုးၿပီး ပိုင္ဆိုင္မႈ ေတြရွိတယ္ဆိုတာမ်ဳိး ဟုတ္ႏိုးႏိုး ေျပာခဲ့ၾကတာ အခုလို ၀ီကီလိခ္ ေခတ္လည္းက်ေရာ ဘာမွလက္ဆုပ္ လက္ကိုင္ျပစရာ စြပ္စြဲခ်က္မရွိ၊ ဘယ္ႏိုင္ငံမွာ ဘယ္လိုလွ်ဳိ႕၀ွက္ ဘဏ္စာရင္းရွိတာကအစ ေဖာ္ ထုတ္ေနတဲ့ ေခတ္ႀကီးမွာ ကြၽန္ ေတာ္တို႔ မိသားစုပိုင္ဆိုင္တဲ့ ေငြ စာရင္းအပိတ္ခံရတာ၊ အိမ္ေတြ၊ လုပ္ငန္းေတြ ခ်ိပ္ပိတ္ခံရတာ လည္းမရွိ။ တစ္ကမၻာလံုးဘယ္ ႏိုင္ငံကမွလည္း ဗီဇာျပည္၀င္ခြင့္ ပိတ္တာမရွိ။ ေနာက္ဆံုးႏုိင္ငံ ေတာ္ ပုန္ကန္မႈနဲ႔ ဖမ္းေတာ့ မသမာမႈေတြ အကုန္အိတ္သြန္ဖာ ေမွာက္ရွာတာေတာင္ ကြၽန္ေတာ္ တို႔ လုပ္ငန္းေတြတစ္ခုမွ ျပန္သိမ္းရတယ္ဆိုတာမွမရွိ။ ဒီအခ်က္ေတြနဲ႔တင္ လိပ္ျပာသန္႔ပါတယ္။ ကြၽန္ေတာ္တို႔ မိသားစုက အရွိန္ အ၀ါသံုးၿပီး မေလ်ာ္ၾသဇာနဲ႔ ရွာထားတာကိုသာ သက္ေသျပ၊ အဲဒီျပတဲ့လူကို ကြၽန္ေတာ္သူျပတဲ့ ပမာဏာထက္ ဆယ္ဆျပန္ေလ်ာ္ေပးမယ္လို႔ စိန္ေခၚရဲပါတယ္။ ကြၽန္ေတာ့္ မိတ္ေဆြေတြနဲ႔ေတာင္ ရယ္စရာေျပာျဖစ္ပါတယ္။ ကြၽန္ေတာ္အလုပ္မလုပ္ဘဲ ကိုယ့္မိသားစုကို ျပစ္တင္ေရးသားတဲ့ အေရးအသားေတြ ကမၻာပတ္ၿပီး ကိုယ္တတ္ထားတဲ့ ဥပေဒပညာနဲ႔ တရားလိုက္စြဲရင္ေတာင္ အသေရဖ်က္မႈ ေလ်ာ္ေၾကးႏွင့္ သူေဌးျဖစ္ေလာက္တယ္လို႔။

ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္။
http://www.7daydaily.com/story/49731
..............................
‘ကျွန်တော်တို့ မိသားစုက အရှိန်အဝါသုံးပြီး မလျော်သြဇာနဲ့ ရှာထားတာကိုသာ သက်သေပြ၊ အဲဒီပြတဲ့လူကို ကျွန်တော် သူပြတဲ့ပမာဏာထက် ဆယ်ဆပြန်လျော်ပေးမယ်လို့ စိန်ခေါ်ရဲပါတယ်’’

ကိုအေးနေဝင်းနှင့် တွေ့ဆုံခြင်း

ByအေးသူစံOn  Thu, 2015-10-29 18:58Issue No.No.901 Thursday, October 29, 2015

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဟူသော အမည်ဖြင့် မြန်မာ နိုင်ငံကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ တံခါးပိတ်အုပ်ချုပ်ခဲ့သူ အာဏာ သိမ်း ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ ၀င်းသည် သူဦးဆောင်သည့် ကာ လတစ်လျှောက်ဘက်ပေါင်းစုံ ချွတ်ခြုံကျခဲ့သည့် မြန်မာနိုင်ငံအ ခြေအနေများကြောင့် မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းဝင်အခန်း ကဏ္ဍမှ ပါ၀င်ခဲ့သည့် ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ရှုမောင်ဆိုသည့် ဂုဏ်ပုဒ်ပင် မှေးမှိန်ခဲ့သည်။ အာ ဏာရှင်ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏  မြေးကြီး ကိုအေး နေဝင်း၏ လက်ရှိ ၂၀၁၅ ရွေး ကောက်ပွဲအပါအဝင် မျက်မှောက်မြန်မာ့နိုင်ငံရေးရာအပေါ် အမြင် များကို အီးမေးလ်မှတစ်ဆင့်တွေ့ ဆုံမေးမြန်းထားသည်များမှ ကောက် နုတ်ဖော်ပြလိုက်ပါသည်။

ကိုအေးနေဝင်းမှာ ယခင်စစ်အစိုးရလက်ထက်က နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖခင်၊ ညီနှစ်ဦးတို့ နှင့်အတူ သေဒဏ်အပြင် ကြီးလေးသော ထောင်ဒဏ်များချမှတ်ခံခဲ့ရ ပြီး ယခုအစိုးရလက်ထက်တွင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲစနစ်ဖြင့် နိုင်ငံရေးဇာတ် ခုံပေါ် ၀င်ရောက်လာခြင်းမရှိဘဲ စီးပွားရေးနှင့် လူမှုရေးရာကဏ္ဍ များကိုသာ အချိန်ပေးလုပ်ကိုင် နေသူလည်း ဖြစ်သည်။

လက်ရှှိဖွဲ့စည်းပုံအခြေခံဥပဒေ အရ ငါးနှစ်တစ်ကြိမ်စီ ကျင်းပမယ့်ရွေးကောက်ပွဲတွေမှာ ကိုအေးနေ ၀င်းတို့လို နိုင်ငံရေးနောက်ခံရှိတဲ့ သူတွေအနေနဲ့ ဘာကြောင့် ၀င် ရောက်ယှဉ်ပြိုင်ခြင်းမရှိတာပါ လဲ။

နိုင်ငံရေးအရ အစဉ်အလာ ရှိသူတွေဟာ နိုင်ငံရေးအရ တစ် မျိုးတစ်ဖုံပြန်ပါ၀င်လာကြတာ တစ်ကမ္ဘာလုံးဒေသအသီးသီးမှာ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံ ရေးအာဏာစင်္ကြံရဲ့ အထက်ပစ္စ ယာမှာ ကျင်လည်ဖူးတဲ့ မိသားစု တစ်ခုက ပေါက်ဖွားလာသူတွေ ဟာ နိုင်ငံရေးကို ၀င်လုပ်တော့ မယ်ဆိုရင် တာဝန်သိစိတ်နဲ့ ၀င် တာမျိုးပဲ ဖြစ်သင့်တယ်လို့ ကျွန် တော်ယုံကြည်ပါတယ်။ ကိုယ့်ရဲ့ အခွင့်ထူးတစ်ခုအနေနဲ့ ပစ္စည်း အမွေလိုမျိုးမမှတ်ယူသင့်ပါဘူး။ တိုင်းပြည်မှာ တာဝန်ကြီးကြီးယူ ခဲ့တဲ့ သူတွေရဲ့ မိသားစုဆိုတာ သဘာဝအရကို အတွေ့အကြံုအ ဆက်အသွယ်ပိုများတာပေါ့လေ။ အဲဒါကို တိုင်းပြည်အတွက် တစ် နည်းတစ်ဖုံပြန်ပြီး အလုပ်အကျွေး ပြုကြတာ ကောင်းတဲ့လုပ်ရပ်ပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ လုပ်ချင်တဲ့သူတွေ၊ လုပ်ဖို့လည်း အရည်အချင်းရှိတဲ့ သူတွေ နိုင်ငံ ရေးအခင်းအကျင်းထဲမှာ သူ့ဟာ နှင့်သူ အလုံအလောက်ရှိနေတယ် လို့ ထင်တဲ့အတွက် ၀င်လုပ်ဖို့ စိတ်ကူးမရှိပါဘူး။

ရွေးကောက်ပွဲမှာ ဒီချုပ်နဲ့ ပြည်ခိုင် ဖြိုးကြားပြိုင်ဆိုင်မှု ပြင်းထန်နေ ပါတယ်။ နှစ်ဖက်စလုံးက အပြတ် အသတ်နိုင်ဖို့လည်း အတော်လေး ရုန်းကန်ရမယ့်အနေအထားလို့ သုံးသပ်ချက်တွေလည်းရှိပါတယ်။ နှစ်ဖက်စလုံးက ခေါင်းဆောင်များနဲ့ အထိုက်အလျောက်ရင်းနှီးသူ ဖြစ်တဲ့ ကိုအေးနေဝင်းအနေနဲ့ ဘယ်လိုသုံးသပ်ပါလဲ။

ကျွန်တော့်အနေနဲ့ကတော့ ဘယ်ပါတီနိုင်ခြေရှိတယ်ဆိုတာ မျိုးကြီး ပြောဖို့ထက် ဖြစ်ပေါ်လာ မယ့် အခြေအနေမှာ အကောင်း ဆုံးဖြစ်အောင် ဘယ်လိုရင်ဆိုင် ကြမလဲဆိုတာ ပိုအရေးကြီးပါ တယ်။ အဖြေက သုံးခုရှိပါတယ်။ ကိုယ်နိုင်လို့ အစိုးရဖွဲ့တဲ့အခါမျိုး ကြရင် ဘာလုပ်မလဲ၊ ဒါမှမဟုတ် မနိုင်လို့ အတိုက်အခံပဲ ဖြစ်နေမယ်ဆိုရင်ကော ဘယ်လိုစခန်းသွားကြမလဲ၊ ဒါမှမဟုတ် တိတိပပနိုင်တဲ့ သူမပေါ်လို့ ပေါင်းလုပ်ကြရမယ်ဆိုရင်ကော ဘယ်လိုညှိနှိုင်းပြမလဲ။ ဒါဖြစ်နိုင်ခြေရှိတဲ့ အခြေအနေသုံးခုပါ။ ဒီအခြေအနေတွေမှာ ဘယ်လိုပဲ ကြံုကြံု တိုင်းပြည်နှင့် လူမျိုးအကျိုးရှိအောင် လုပ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပြဋ္ဌာန်းထားမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ရလဒ်အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ နှလုံးသွင်းပြီး မှန်မှန်နှင့် ရင်ဆိုင်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌပြောသွားတဲ့အထဲမှာ အဖြေထွက်လို့ မကျေနပ်ဖြစ်ရင် စောဒကတက်လို့ရအောင် အခုကတည်းက ကြိုပြီး လေသံပစ်ထားတယ်ဆိုတာမျိုး၊ နောက်ပြီး ဦးဇာဂနာပြောတဲ့အထဲမှာ လူအုပ်များတာကို တွေ့ပြီး အပိုင်ကြိုမတွက်ဖို့ ဆိုတာမျိုးတွေ ကြားလာရပါတယ်။ ပါတီကြီးနှစ်ခုစလုံးက ခေါင်းဆောင်တွေနဲ့ ရင်းနှီးတယ်ဆိုတဲ့ အချက်ကတော့ အခုလိုမျိုးသိရှိကျွမ်းဝင်နေခြင်းကြောင့်ပဲ ကျွန်တော့်အနေနဲ့ တစ်ဖက်ဖက်ကို ထောက်ခံပြီးတစ်ဖက်ကို ဆန့်ကျင်လို့ မရကောင်းတဲ့ အနေအထားဖြစ်နေတာပါ။

တကယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ရွေးကောက်ပွဲ မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် အစိုးရ သစ်အနေနဲ့ ရင်ဆိုင်ရမယ့် အကြီးမားဆုံးစိန်ခေါ်မှုက ဘာတွေဖြစ် လာမယ်လို့ ထင်ပါသလဲ။

အခုရွေးကောက်ပွဲမှာ ဘယ် ပါတီပဲနိုင်နိုင် တွေ့ရမယ့် စိန်ခေါ် မှုတွေက ပြည်သူတွေတည်ငြိမ်ပြီး ဒီအတိုင်းဆက်ဖြစ်စေချင်နေတဲ့ အရာတွေကို ဆက်ထိန်းဖို့၊ ပြည် သူတွေ အပြောင်းအလဲကြီးပြောင်း လဲစေချင်နေတဲ့ အရာတွေကို ပြောင်းလဲပစ်ဖို့နဲ့ အဲဒီနှစ်ခုကို ခွဲ ခြားသိနိုင်ဖို့ ဖြစ်ပါတယ်။ မျှော် လင့်ချက်ပိုထားတဲ့ ပါတီကတော့ ထင်တဲ့အတိုင်းလုပ်ပြဖို့ ပိုပြီးတာ ၀န်ကြီးပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါ၀င်မှုအခန်းကဏ္ဍအပေါ် အမြင် အမျိုးမျိုးရှိကြပါတယ်။ ဒီရွေး ကောက်ပွဲစနစ်ဟာ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ လွှတ်တော်ကိုယ် စားလှယ် ရ၅ ရာခိုင်နှုန်းကိုသာ ရွေးချယ်ရပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ အလိုအလျောက်ပါ ၀င်နေမယ့်အပေါ် ဒါဟာ ဥပဒေပြု ရေးမှာ ဗီတိုအာဏာဆန်တယ်ဆို တဲ့ သုံးသပ်ချက်တွေလည်းရှိထား ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တပ် ရဲ့ ပါ၀င်မှုအခန်းကဏ္ဍက ဆက်ပြီးရှိနေဖို့ လိုအပ်တယ်လို့ ကိုအေး နေဝင်းထင်ပါသလား။ (တကယ် လို့ ထင်တယ်ဆိုရင် ဘာကြောင့် ပါလဲ)။

လွှတ်တော်ထဲမှာ တပ်မ တော်ပါ၀င်နေတယ်ဆိုတာကို ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ထက်ကို အဲဒီလိုပါ၀င်နေတဲ့ အ ကျိုးသက်ရောက်မှုကို နည်းနည်း ကြည့်ရပါမယ်။ အခုလက်ရှိ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ လုပ်ကိုင်ဆောင် ရွက်ချက်ကို ကြည့်မယ်ဆိုလို့ရှိရင် တပ်မတော်အပေါ် အမြင်မကြည် လင်တဲ့ အင်အားစုတွေကိုယ်တိုင် ကတောင် အပြစ်တင်ဖို့ အချက် ကို ရှာရတော်တော်ခက်ပါလိမ့် မယ်။ ဆိုလိုတာက တပ်ပါနေတာ ကို မူအားဖြင့် သဘောမကျချင် သာရှိချင်ရှိ၊ အဲဒီမူအရ ပါ၀င် ဆောင်ရွက်နေတဲ့ တပ်မတော် သားတွေတင်တဲ့အဆို၊ ဥပဒေ ကြမ်း၊ မေးတဲ့မေးခွန်းတွေကို ထောက်ပြပြီး အပြစ်ပြောနိုင် လောက်အောင် လစ်ဟင်းတာ၊ တာဝန်ပျက်တာ သိပ်မတွေ့ရသ လောက်ပါပဲ။ နောက်တစ်ခုက ကိုင်း... ဟုတ်ပြီ။ တပ်ကပါနေတာ ကို မကျေနပ်လို့ လျှော့ချချင်ပြီး ဆိုပါတော့၊ ဘယ်လိုလျှော့ကြမ လဲ၊ တပ်မတော်တစ်ခုမှာ ချပ်ဝတ်တန်ဆာဆိုတာ ရန်သူ့လက်နက်က ကာကွယ်ဖို့သာ စစ်သည်တွေက  ၀တ်ထားတာပါ။ အလေးအပင်ခံ ပြီး ဘယ်သူ့မှ အလှမဝတ်ချင်ကြ ပါဘူး။ အဲဒီတော့ အဲဒီလိုချပ်ဝတ်  တန်ဆာတွေ မဝတ်စေချင်ဘူးဆို ရင် ရန်လိုမုန်းတီးမှုတွေ မရှိတော့  ကြောင်း ပြဖို့လိုပါလိမ့်မယ်။ အဲဒီ လိုမှ မဟုတ်ရင်တော့ လုံခြံုမှုရ အောင်ဆက်ပြီး ၀တ်ထားကြမှာ ပါပဲ။ ဟိုနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့အထဲမှာ တပ်မတော်အပေါ် နားလည်စာ နာသူကို ရွေးချယ်စေလိုတယ်ဆို တာ ပါနေပါတယ်။ အဲဒီမိန့်ခွန်း ထဲမှာပဲ ခေတ်အဆက်ဆက် ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ တပ်မ တော် တာဝန်ယူခဲ့တဲ့ သမိုင်းကို လည်း ဒါဟာ ထွန်းပြောင်တဲ့ လုပ် ရပ်၊ တိုင်းပြည်ကို စောင့်ရှောက် ကာကွယ်ခဲ့တာဆိုတာမျိုး ပြော ထားပါတယ်။ အဲဒီတော့ နိုင်ငံရေး သမားတွေထဲမှာ တပ်မတော် ထိန်းသိမ်းခဲ့တာကို တိုင်းပြည်အ တွက် ကယ်တင်တယ်လို့ မမြင်ဘဲ မှားယွင်းတယ်လို့ မြင်တဲ့ ရှုမြင်သုံးသပ်မှုမရှိတဲ့ လူတွေများလာရင် အလိုလိုလျော့သွားလိမ့်မယ်လို့ ထင်ပါတယ်။ တပ်မတော်အနေနဲ့ ကတော့ နောက်အနှစ် ငါးဆယ်၊ တစ်ရာကြာတဲ့အခါမှာ အဲဒီလိုဆန့်ကျင်မုန်းတီးစေမယ့် သင်ရိုးမျိုးပြဋ္ဌာန်းလာမှာကို မဖြစ်ရလေ အောင် အခုကတည်းက ကာကွယ် နေမယ်ထင်ပါတယ်။ အဓိကက တော့ Mindset တွေက တပ်က ထိန်းတာကို မကောင်းဘူးဆိုတာ မျိုး မမြင်တော့တဲ့အခါ အဲဲဒီလို အခင်းအကျင်းတွေ ပြောင်းသွား ပါလိမ့်မယ်။

သမ္မတဖြစ်ခွင့် ပုဒ်မ ၅၉ (စ)၊ ပုဒ်မ၄၃၆ အပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကိုအေးနေဝင်းရဲ့ သဘောထားကို သိပါရစေ။ အထူးသဖြင့် ဒီသမ္မတဖြစ်ခွင့်ကန့်သတ်ချက်ဟာ ဒေါ် အောင်ဆန်းစုကြည်ကို အဓိကဦး တည်ပြီး ရေးဆွဲထားတယ်ဆိုတဲ့ အပေါ်မှာကော ကိုအေးနေဝင်း သဘောတူလက်ခံပါသလား။

ကျွန်တော်ဒီဟာကို လူပုဂ္ဂိုလ်သံယောဇဉ်တွေဖယ်ပြီး ဥပဒေ ကြောင်းအရပဲ ပြောပါမယ်။ အခု အခြေခံဥပဒေမှာ ပါတဲ့ ၅၉ (စ) ဆိုတာ သမ္မတနဲ့ ဒုသမ္မတဖြစ် မယ့်လူတွေကိုပဲ ကာကွယ်တား မြစ်ထားတာပါ။ ဒါကို တချို့က ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့ တဲ့ အခြေခံဥပဒေမှာပါတယ်။ တချို့ကလည်း မပါဘူးဆိုတာမျိုး  ပြောပါတယ်။ ဒီနေရာမှာ နည်း နည်းလွဲနေပါတယ်။ ၁၉၄၇ ဥပဒေ မှာ နိုင်ငံခြားအစိုးရရဲ့ အခွင့်အ ရေးကို ခံစားနိုင်ခွင့်ရှိသူတွေ ပါလီမန်ဆိုင်ရာလွှတ်တော်အမတ်ဖြစ် ခွင့်မရှိကြောင်း တားမြစ်ထားတာ ဖြစ်တဲ့အတွက် သမ္မတထက်စာ ရင် လွှတ်တော်အမတ်ဖြစ်ဖို့ကို နိုင်ငံခြားသားမိသားစုရှိသူတွေ လုပ်လို့မရအောင်တားထားပါ တယ်။ အဲဒီတော့ ဥပဒေချင်းယှဉ် မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဥပဒေမှာက သမ္မတလုပ်လို့မရ အောင်တော့ သတ်သတ်ခွဲပိတ် ထားတာမှရှိဘူး။ ဒါပေမဲ့ လွှတ် တော်ကိုယ်စားလှယ်တောင် ဖြစ် လို့မရအောင် ပိတ်ထားတာဖြစ်တဲ့ အတွက် သမ္မတဖြစ်မယ့်သူသည် လွှတ််တော်ကိုယ်စားလှယ်အရည် အချင်းနဲ့လည်း ညီဖို့လိုအပ်တာ ကြောင့် အကျုံးဝင်သွားတာပါ။ ဆိုလိုတာက ဗိုလ်ချုပ်အောင်ဆန်း ဥပဒေအရဆိုရင် နိုင်ငံခြားသား မိသားစုရှိသူတွေ အမတ်တောင် လုပ်လို့မရခဲ့တာ အခုဥပဒေအရ တော့ အမတ်တို့ ၀န်ကြီးတို့ လုပ် လို့ရပါသေးတယ်။ မှတ်သားဖို့ ကောင်းတာက ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဥပဒေမှာ ၁၉၄၇ ဥပဒေ ပါ ဗိုလ််ချုပ်အောင်ဆန်းတို့ ထည့် ထားတဲ့ ပြဋ္ဌာန်းချက်အတိုင်း ပါ ခဲ့တဲ့အတွက် နိုင်ငံခြားသားအိမ် ထောင်ရှိတဲ့ အမတ်လောင်းကို ဗဟန်းမြို့နယ်မှာ ပြိုင်ဘက်အ မတ်လောင်း ဦးလဘန်ဂရောင်က ကန့်ကွက်တာ အောင်မြင်သွား တယ်ဆိုတာပါပဲ။ ဒီလိုပြဋ္ဌာန်း ချက်ကို ကောင်းတယ်၊ မကောင်း ဘူး၊ ရှိသင့်၊ မရှိသင့် ကျွန်တော် ပြောတာမဟုတ်ပါဘူး။ ဥပဒေ ကြောင့်ပဲ ပြောတာပါ။

အခု လာမယ့်ရွေးကောက်ပွဲက နေ ဘယ်လိုအပြောင်းအလဲတွေ ကို မျှော်လင့်ထားပါသလဲ။ ရွေး ကောက်ပွဲလွန်ကာလမှာကော အာ ဏာလွှဲပြောင်းမှုအခြေအနေတွေက တည်တည်ငြိမ်ငြိမ်ရှိနိုင်မယ်လို့ ထင်ပါသလား။

ရွေးကောက်ပွဲကြောင့် ပြောင်းလဲတာထက်ကို ရွေးကောက်ပွဲကို သိပ်အလေးထားပြီး ရင်းနှီးမြှုပ်နှံ မယ့် လူတွေက လက်တွန့်နေတာ၊ ဒါအပြီးကျမှ ၀င်မယ်လို့ ဖြစ်နေ တာတွေ ကြားရတာပိုပြီး စိုးရိမ် စရာကောင်းပါတယ်။ ဘာပြောင်း လဲမယ်မသိသေးဘူး။ ပြောင်းမယ်အထင်နှင့် အချိန်တွေဆွဲနေတာ တော့ တိုင်းပြည်နစ်နာတယ်လို့ပဲ မြင်ပါတယ်။

လက်ရှိသမ္မတ    ဦးသိန်းစိန်ဦး ဆောင်တဲ့ အစိုးရအဖွဲ့နောက် ကွယ်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ရဲ့ သြဇာလွှမ်းမိုးမှုရှိနေတယ်လို့ သုံးသပ်ချက်တွေရှိထားပါတယ်။ ကိုအေးနေဝင်းတို့အနေနဲ့ကောဒီအစိုးရသက်တမ်းအတွင်း အ ပြောင်းအလဲတွေဟာ တကယ်ပဲ အမှီအခိုကင်းကင်းနဲ့ သမ္မတဦး သိန်းစိန်ရဲ့ ဆုံးဖြတ်ချက်အစစ်အ မှန်လို့ မြင်ပါသလား။

တိုင်းပြည်ကို နှစ်ကာလ အပိုင်းအခြားတစ်ခုအထိ အုပ်ချုပ် ခဲ့တဲ့ ဘယ်သူမဆို လက်ရှိအုပ်ချုပ်နေသူတွေနှင့် အဆက်အသွယ်မ ပြတ်တာ ကောင်းတယ်လို့ ကျွန် တော်ထင်ပါတယ်။ ဒါဟာ သူ ပြောတိုင်း လိုက်လုပ်ရမယ့် သြဇာခံတာနဲ့ မဆိုင်ပါဘူး။ အတွေ့အ ကြံုတစ်ခုကနေ အကြံတစ်ခုရဖို့ ဒါမှမဟုတ် ဆင်ခြင်စရာသင်ခန်း စာတစ်ခုရဖို့ဆိုတာ အဲဒီအတွေ့ အကြံုရဲ့ ဇာစ်မြစ်ဖြစ်တဲ့ လူဆီက ရယူနိုင်ပါတယ်။ နောက်ပြီး လက် ရှိအစိုးရလူကြီးများဟာလည်း သူများနို့သက်ခံစို့နေရလောက် အောင် အရည်အချင်းမဲ့နေကြသူ တွေ မဟုတ်ပါဘူး။ အဆက်အ သွယ်တော့ ရှိရမှာပေါ့။ သူပြော တာ ကိုယ်ကြားရအောင် နား ထောင်ရမှာပေါ့။ ခိုင်းတိုင်းလုပ် စရာတော့ ဘာလိုမှာလဲ။ ထိုနည်း တူစွာပဲ အုပ်ချုပ်ရေးနဲ့ ပတ်သက် တဲ့ အတွေ့အကြံုလိုမျိုး တခြား စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးစတဲ့ နယ်ပယ်တွေမှာလည်း အတွေ့အကြံုရှိသူတွေဆီကနေ ဆောင်ရန် ရှောင်ရန် သင်ခန်းစာ တွေရနိုင်တာပါပဲ။

အစ်ကိုတို့မိသားစုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပကနေ ဝေဖန်မှု တွေ၊ ပြစ်တင်မှုတွေရှိကြပါတယ်။ကိုအေးနေဝင်းရဲ့ အဘိုးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းဆိုရင် အာဏာရှင်လို့ အမြဲတမ်းခေါ်ဆို သတ်မှတ်ခံထားရပါတယ်။ နောက်ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုဆိုတဲ့ ကျောင်းသား၊ အရပ်သားအင်အားစုတွေရဲ့ လှုပ်ရှားမှုအများစုကို သေနတ်နဲ့ ဖြေရှင်းတဲ့သူ၊ ဖိနှိပ်ခဲ့တဲ့သူဆိုတဲ့ ၀ိသေသတွေရှိခဲ့တယ်။ ဒီအပေါ်မှာ မိသားစုဝင်တစ်ဦး၊ သားကြီးသြရသတစ်ဦးအနေနဲ့ ဒီဝေဖန်မှုတွေအပေါ်မှာ အစ်ကိုတို့ မိသားစုဘက်က ခံစားခဲ့ရတဲ့၊ လူအများစုမသိခဲ့ရတဲ့ မိသားစုချင်းကြားထဲက ခံစားချက်လေးတွေရှိရင် ပြောပြပေးပါ။

နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဆိုတာ အကောင်းမြင်၊ အဆိုးမြင် ဒီလိုပဲ ပရိသတ်ထဲမှာ ရှိကြတာပါ ပဲ။ အဲဒီလိုမှ မရှိလည်း ဘာမှစိတ် ၀င်စားလောက်အောင် မလုပ်ခဲ့တဲ့ခေါင်းဆောင်မို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့မိသားစုအနေနဲ့က တော့ ကိုယ့်ကိုဝေဖန်တဲ့အထဲ မကောင်းတာပါရင် ဘာတွေမှန် နေလဲ၊ ဆင်ခြင်သင့်သလဲဆိုတာ အပေါ် ဆင်ခြင်ကြည့်ပါတယ်။ ကောင်းတာပြောနေလည်း ဘဝင်မြင့်ပြီးအောက်ခြေလွတ်မသွားဖို့ ဆင်ခြင်ပါတယ်။ တကယ်တော့ ကဲ့ရဲ့တာထက်ကို ချီးမွမ်းတာက ပိုကြောက်စရာကောင်းတယ်။ သတိထားရမယ်လို့ ကျွန်တော်တို့ အဘိုးကပြောခဲ့ပါတယ်။ ဘာပဲ ပြောပြောလွန်လွန်ကဲကဲတွေ ချီး မွမ်းတာဖြစ်ဖြစ်၊ မတရားမကောင်းပြောတာဖြစ်ဖြစ် သိပ်မမှုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ လူထုရဲ့ ဆင်ခြင်တုံတရားကို ကျွန်တော်ယုံကြည်လို့ပါပဲ။ မဟုတ် တာတွေကို ချီးမွမ်းနေလို့ အထင် မကြီးသလို မမှန်တဲ့ စွပ်စွဲချက် တွေကိုလည်း အယုံမလွယ်တတ် ကြပါဘူး။ အခုလို တိုးတက်တဲ့ နည်းပညာခေတ်ကြီးမှာ ပိုတောင်ကောင်းပါသေးတယ်။ အရင်က ကျွန်တော်တို့ မိသားစုအနေနဲ့ မလျော်သြဇာသုံးပြီး ပိုင်ဆိုင်မှု တွေရှိတယ်ဆိုတာမျိုး ဟုတ်နိုးနိုး ပြောခဲ့ကြတာ အခုလို ၀ီကီလိခ် ခေတ်လည်းကျရော ဘာမှလက်ဆုပ် လက်ကိုင်ပြစရာ စွပ်စွဲချက်မရှိ၊ ဘယ်နိုင်ငံမှာ ဘယ်လိုလျှို့ဝှက် ဘဏ်စာရင်းရှိတာကအစ ဖော် ထုတ်နေတဲ့ ခေတ်ကြီးမှာ ကျွန် တော်တို့ မိသားစုပိုင်ဆိုင်တဲ့ ငွေ စာရင်းအပိတ်ခံရတာ၊ အိမ်တွေ၊ လုပ်ငန်းတွေ ချိပ်ပိတ်ခံရတာ လည်းမရှိ။ တစ်ကမ္ဘာလုံးဘယ် နိုင်ငံကမှလည်း ဗီဇာပြည်ဝင်ခွင့် ပိတ်တာမရှိ။ နောက်ဆုံးနိုင်ငံ တော် ပုန်ကန်မှုနဲ့ ဖမ်းတော့ မသမာမှုတွေ အကုန်အိတ်သွန်ဖာ မှောက်ရှာတာတောင် ကျွန်တော် တို့ လုပ်ငန်းတွေတစ်ခုမှ ပြန်သိမ်းရတယ်ဆိုတာမှမရှိ။ ဒီအချက်တွေနဲ့တင် လိပ်ပြာသန့်ပါတယ်။ ကျွန်တော်တို့ မိသားစုက အရှိန် အဝါသုံးပြီး မလျော်သြဇာနဲ့ ရှာထားတာကိုသာ သက်သေပြ၊ အဲဒီပြတဲ့လူကို ကျွန်တော်သူပြတဲ့ ပမာဏာထက် ဆယ်ဆပြန်လျော်ပေးမယ်လို့ စိန်ခေါ်ရဲပါတယ်။ ကျွန်တော့် မိတ်ဆွေတွေနဲ့တောင် ရယ်စရာပြောဖြစ်ပါတယ်။ ကျွန်တော်အလုပ်မလုပ်ဘဲ ကိုယ့်မိသားစုကို ပြစ်တင်ရေးသားတဲ့ အရေးအသားတွေ ကမ္ဘာပတ်ပြီး ကိုယ်တတ်ထားတဲ့ ဥပဒေပညာနဲ့ တရားလိုက်စွဲရင်တောင် အသရေဖျက်မှု လျော်ကြေးနှင့် သူဌေးဖြစ်လောက်တယ်လို့။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment