Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 29, 2015

“ကျွန်တော် အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ခြင်း၊သစ္စာမဲ့ခြင်း မဟုတ်ပါဘူး” - ကောင်းဆက်နိုင်



“ကျွန်တော် အခုဖြစ်နေတဲ့ ပြဿနာ အရှုပ်အရှင်းကို ပထမတော့ မဖြေရှင်းဘဲ ထားလိုက်တော့ မလို့ပါ။ ဒါပေမဲ့ မဖြေရှင်းဘဲ ငြိမ်နေလိုက်ရင် ကျွန်တော် အမှားလုပ်တယ် ထင်မယ်။ ပြီးရင် ကျွန်တော်နဲ့ အခုလက်ရှိ ပတ်သက်နေတဲ့ တစ်ဖက်က မိကောင်းဖခင် မိန်းကလေး သိက္ခာတွေ ဆက်ကျနေမှာစိုးလို့ ခုလို ဖြေရှင်းစာတင်ရခြင်း ဖြစ်ပါတယ်။

ကျွန်တော် အရင်က ကျွန်တော့်ဇနီး (ကွာရှင်းပြီး) စိတ်သဘောထားခြင်း မတိုက်ဆိုင် ညှိယူလို့ မရသည့်အဆုံး တရားသူကြီးများ ရှေ့မှောက်တွင် တရားဝင် ကွာရှင်းခဲ့ပြီး ဖြစ်ပါသည်။ ကွာရှင်းခဲ့ရသည့် ကိစ္စမှာလည်း မည်သူ တစ်ဦးတစ်ယောက်၏ ပယောဂ မပါကြောင်း ကျွန်တော်တို့ နှစ်ဖက်အသိုင်းအ၀ိုင်းပါ သိကြပါတယ်။ အခုတက်လာတဲ့ ပုံများထဲမှ မိန်းကလေးနှင့်လည်း ကျွန်တော်နှင့် ကျွန်တော့်ဇနီးဟောင်း မကွာရှင်းခင်ထဲက ပတ်သက်ခြင်း မရှိသလို သိခြင်း၊ ခင်မင်ခြင်းလည်း မရှိပါဘူး။ ကျွန်တော်နှင့် ထိုမိန်းကလေးက ကျွန်တော်တို့ ကွာရှင်းပြီးမှ ပတ်သက်ခဲ့တာပါ။ ကျွန်တော် နှလုံးသား မရှိတဲ့ စကားပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် သမီးလေးအပေါ် ကျွန်တော် ဘယ်လောက်ချစ်လဲ pro-pic တင်ထားတာကြည့်ပါ။ တက်လာသမျှ သမီးလေးဓာတ်ပုံ Saveပြီး လွမ်းနေရတာပါ။ ကျွန်တော် တာဝန်ကျေတဲ့ ဖခင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေဆဲပါ။ ကျွန်တော် အခုပြောချင်တာက ကျွန်တော် အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ခြင်း၊ သစ္စာမဲ့ခြင်း မဟုတ်ပါဘူး။ ဘောလုံးအားကစားကို အားပေးတာနဲ့ ကျွန်တော့်လုပ်ရပ်၊ ကျွန်တော့်လူမှုရေး ကိစ္စဟာ သပ်သပ်စီပါဗျာ။ အားလုံးကိုလည်း အနူးအညွတ် တောင်းပန်ပါတယ်”ဟု ကောင်းဆက်နိုင်၏ Facebook စာမျက်နှာပေါ်တွင် ပြန်လည် ဖြေရှင်းထားကြောင်း တွေ့ရသည်။

ဇင်မင်း

No comments:

Post a Comment