Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 29, 2015

ကျောက်စိမ်းကဏ္ဍမှ ငွေအမြောက်အမြား ရရှိနေသူများတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစု ပိုင်ဆိုင်သည့် ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ပါဝင်နေ


မြန်မာ့ ကျောက်စိမ်းကဏ္ဍ ကျောက်စိမ်း အရောင်းအ၀ယ်များ ပြုလုပ်ရာတွင်နှင့် ကျောက်စိမ်း လုပ်ပိုင်ခွင့်များကို ချုပ်ကိုင်ကာ ငွေပမာဏ အမြောက်အမြား ရရှိနေသူများတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မိသားစုဝင်များ ပိုင်ဆိုင်သည့် ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ပါဝင်နေကြောင်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ ယခင် စစ်အစိုးရနှင့် နီးစပ်သော ခရိုနီ ကုမ္ပဏီများ ကြွယ်ဝချမ်းသာလာကြပြီး အထင်ရှာဆုံးမှာ ကိုးကန့် လော်စစ်ဟန် တည်ထောင်သည့် အေးရှားဝေါလ် လုပ်ငန်းစုနှင့် ဦးတေဇ၏ ထူးလုပ်ငန်းစုတို့ ဖြစ်သည်ဟု  ဖော်ပြထားသည်။ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း ၁၂ ခုခန့် ပါဝင်ပုံရသည့် Ever Winner လုပ်ငန်းစုကို ဦးအိုက်ထွေးက ဦးစီးနေသည်ဟု သိရပြီး ၂၀၁၄ခုနှစ်တွင် တရားဝင် ကျောက်မျက် ပြပွဲ၌ ရောင်းချရမှု ဒေါ်လာသန်း ၁၉၀ ၀န်းကျင်နှင့် ၂၀၁၃ခုနှစ်တွင် ဒေါ်လာသန်း ၁၂၀ကျော် ရရှိခဲ့သည်ဟု  ဖော်ပြထားသည်။ အဆိုပါ လုပ်ငန်းစုများ၏ ပိုင်ရှင်များမှာ ကမ္ဘောဇဘဏ် လုပ်ငန်းစုခေါင်းဆောင် ဦးအောင်ကိုဝင်း၊ စကိုင်းနက် ဂြိုဟ်တုစလောင်းနှင့် မီဒီယာလုပ်ငန်းရှင် ဦးကျော်ဝင်းတို့ အပါအ၀င် နိုင်ငံရေးအရ သြဇာရှိသည့် လုပ်ငန်းရှင် သူဌေးကြီးများနှင့် ပတ်သက်ဆက်နွယ်သူများ ဖြစ်သည်ဟု Global Witness သုတေသနတွင် ဖော်ပြထားသည်။

“Global Witnessက ကျွန်တော်တို့ကိုလည်း လာမေးသွားပါတယ်။ အချက်အလက်တွေကို ပြောပြပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ လျှို့ဝှက်ထားစရာတော့ မရှိပါဘူး။ သူတို့ကိုလည်း ကျောက်စိမ်း ကျောက်မျက်ပွဲတွေ လာရောက်လေ့လာပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့က ပြပွဲမှာ တရားဝင် ရောင်းချပြီး အခွန်ဆောင်ပြီး ရရှိတဲ့ငွေဖြူကို ဘဏ်လုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေ ထူထောင်တာ ဖြစ်ပါတယ်။ အရင်ကတည်းကလည်း ကြေညာထားပြီးသားပါ။ ကျွန်တော်တို့သည် ကျောက်စိမ်းမှရတဲ့ ၀င်ငွေနဲ့ လုပ်ငန်းလုပ်ဆောင်တာ ဖြစ်တယ်ဆိုတာ ဘဏ်မှာလည်း ဓာတ်ပုံတွေနဲ့ ပြသရှင်းပြထားပါတယ်။ Global Witnessက တင်ပြတဲ့ အစီရင်ခံစာကိုလည်း တိုင်းပြည်အတွက်  ထောက်ပြတဲ့ဟာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ လုံခြုံရေး အခက်အခဲမရှိတဲ့ နေရာတွေမှာ ETTIနဲ့ ပတ်သက်တာတွေ သေချာလေး လုပ်နေပါတယ်”ဟု ကမ္ဘောဇ ကုမ္ပဏီများ အုပ်စုမှ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က Global Witness အဖွဲ့၏ အစီရင်ခံစာအပေါ် ပြန်လည်ဖြေကြားသွားခဲ့သည်။

ကျောက်စိမ်း အရောင်းအ၀ယ် ပြုလုပ်ရာ၌ အစီရင်ခံစာတွင်  ဖော်ပြခံထားရသူတို့သည် မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်သည့် အမှောင်မိုက်ဆုံး ကာလများထဲမှ ပုဂ္ဂိုလ်များပင် ဖြစ်ပုံရသည်ဟု ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မိသားစုဝင်များအပြင် လက်ရှိ အာဏာရ ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး၊ ယခင် ကချင်ပြည်နယ်တွင် တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည့်  ဦးအုန်းမြင့်၊ ပါတီ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း  (ဗိုလ်ချုပ်ဟောင်း)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးဘုန်းဆွေ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး (ဗိုလ်ချုပ်ဟောင်း ကာကွယ်ရေး ၀န်ကြီးဌာနတွင် ကာကွယ်ရေး ပစ္စည်း ၀ယ်ယူရေးဌာန၏ ညွှန်မှူးဟောင်း) ဖြစ်သူ ဦးဝင်းသန်းတို့ ပါဝင်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စုမေ
..................................

ကော်က္စိမ်းကဏ္ဍမွ ငြေအျေမာက်အျမား ရရွိနေသူမ်ားတြင် ဗိုလ္ခ်ုပ္မွူးကြီးဟောင်း ဦးသန်းရွှေ မိသားစု ပိုင္ဆိုင်သည့် ကြိုင်အျပည်ျပည္ဆိုင်ရာ ကုမ္ပဏီ ပါဝင်နေ

ျမန္မာ့ ကော်က္စိမ်းကဏ္ဍ ကော်က္စိမ်း အေရာင်းအ၀ယ္မ်ာျးပုလုပ်ရာတြင်နွင့် ကော်က္စိမ်း လုပ္ပိုင္ခြင့်မ်ားကို ခ်ုပ္ကိုင္ကာ ငြေပမာဏ အျေမာက်အျမား ရရွိနေသူမ်ားတြင် ဗိုလ္ခ်ုပ္မွူးကြီးဟောင်း ဦးသန်းရွှေနွင့် မိသားစုဝင္မ်ား ပိုင္ဆိုင်သည့် ကြိုင်အျပည်ျပည္ဆိုင်ရာ ကုမ္ပဏီ ပါဝင်နေကြာင်း လန္ဒန်ေအျခစိုက် Global Witness အဖြဲ့၏ အစီရင္ခံစာတြင် ဖော်ျပထားသည်။

အလားတူ ယခင် စစ်အစိုးရနွင့် နီးစပ်သော ခရိုနီ ကုမ္ပဏီမ်ား ကြယ်ဝခ်မ်းသာလာကြပြီး အထင်ရွာဆုံးမွာ ကိုးကန့် လ္စောစ်ဟန် တည်ထောင်သည့် အေးရွားဝေါလ် လုပ်ငန်းစုနွင့် ဦးတေဇ၏ ထူးလုပ်ငန်းစုတိျု့ဖစ်သည်ဟု  ဖော်ျပထားသည်။ ကော်က္စိမ်း တူးဖော်ရေးလုပ်ငန်း ၁၂ ခုခန့် ပါဝင္ပုံရသည့် Ever Winner လုပ်ငန်းစုကို ဦးအိုက်ထြေးက ဦးစီးနေသည်ဟု သိရပြီး ၂၀၁၄ခုနွစ္တြင် တရားဝင် ကော်က္မ်က်ျပပြဲ၌ ရောင်းခ်ရမှု ဒေါ်လာသန်း ၁၉၀ ၀န်းက်င်နွင့် ၂၀၁၃ခုနွစ္တြင် ဒေါ်လာသန်း ၁၂၀ကော်် ရရွိခဲ့သည်ဟု  ဖော်ျပထားသည်။ အဆိုပါ လုပ်ငန်းစုမ်ား၏ ပိုင်ရွင္မ်ားမွာ ကေမ္ဘာဇဘဏ် လုပ်ငန်းစုခေါင်းဆောင် ဦးအောင္ကိုဝင်း၊ စကိုင်းနက် ဂြိုဟ္တုစေလာင်းနွင့် မီဒီယာလုပ်ငန်းရွင် ဦးကော််ဝင်းတို့ အပါအ၀င် နိုင်ငံရေးအရ သြဇာရွိသည့် လုပ်ငန်းရွင် သူဌေးကြီးမ်ားနွင့် ပတ်သက္ဆက်နယ်ြသူမ်ာျးဖစ်သည်ဟု Global Witness သုတေသနတြင် ဖော်ျပထားသည်။

“Global Witnessက ကျန်ြတ္တောို့ကိုလည်း လာမေးသြားပါတယ်။ အခ်က်အလက်တြေကိုျေပျာပေပးခဲ့ပြီး ပူးပေါင်းဆောင်ြရက္မှုတြေ လုပ္ခဲ့ပါတယ်။ လွို့ဝွက္ထားစရာတော့ မရွိပါဘူး။ သူတို့ကိုလည်း ကော်က္စိမ်း ကော်က္မ်က္ပြဲတြေ လာရောက်လေ့လာပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျန်ြတ္တောို့ကျပပြဲမွာ တရားဝင် ရောင်းခ်ပြီး အခြန်ဆောင်ပြီး ရရွိတဲ့ငျြေဖူကို ဘဏ္လုပ်ငန်းနဲ့ အျခားလုပ်ငန်းတြေ ထူထောင္တျာဖစ္ပါတယ်။ အရင္ကတည်းကလည်း ကြေညာထားပြီးသားပါ။ ကျန်ြတ္တောို့သည် ကော်က္စိမ်းမွရတဲ့ ၀င်ငြေနဲ့ လုပ်ငန်းလုပ်ဆောင္တျာဖစ္တယ္ဆိုတာ ဘဏ္မွာလည်း ဓာတ္ပုံတြေနျဲ့ပသရွင်ျးပထားပါတယ်။ Global Witnessက တင်ျပတဲ့ အစီရင္ခံစာကိုလည်း တိုင်ျးပည်အတြက်  ထောက်ျပတဲ့ဟျာဖစ္တဲ့အတြက် ကြိုဆိုပါတယ်။ ကျန်ြတ္တောို့ အေနနဲ့ လုံခြုံရေး အခက်အခဲမရွိတဲ့ နေရာတြေမွာ ETTIနဲ့ ပတ်သက္တာတြေ သေခ်ာလေး လုပ်နေပါတယ်”ဟု ကေမ္ဘာဇ ကုမ္ပဏီမ်ား အုပ္စုမွ အကြီးတန်း အုပ္ခ်ုပ္မှု ဒါရိုက္တာ ဦးညျိုမင့်က Global Witness အဖြဲ့၏ အစီရင္ခံစာအေပါ်ျပန္လည်ျေဖကြားသြားခဲ့သည်။

ကော်က္စိမ်း အေရာင်းအ၀ယ်ျပုလုပ်ရာ၌ အစီရင္ခံစာတြင်  ဖော်ျပခံထားရသူတို့သည်ျမန္မာနိုင်ငံတြင် စစ္တပ်အုပ္ခ်ုပ်သည့် အေမွာင္မိုက္ဆုံး ကာလမ်ားထဲမွ ပုဂ္ဂိုလ္မ်ားပင်ျဖစ္ပုံရသည်ဟု ဖော်ျပထားပြီး ဗိုလ္ခ်ုပ္မွူးကြီးဟောင်း ဦးသန်းရွှေ၏ မိသားစုဝင္မ်ားအျပင် လက်ရွိ အာဏာရ ပါတျီဖစ်သျောပည်ထောင္စု ကြံ့ခိုင်ရေးနွင့် ဖြံ့ဖြိုးရေးပါတီမွ မြေျးမူရေး၊ ရေလုပ်ငန်းနွင့် ကေ်းလက်ဒေသ ဖြံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး၊ ယခင် ကခ်င်ျပည္နယ္တြင် တိုင်းမွူးတာဝန် ထမ်းဆောင္ခဲ့သည့်  ဦးအုန်ျးမင့်၊ ပါတီ၏ အေထြေထြ အတြင်းရေးမွူးဟောင်း ဦးမောင်မောင်သိမ်း  (ဗိုလ္ခ်ုပ်ဟောင်း)၊ လူမှုဝန္ထမ်း ကယ္ဆယ်ရေးနွင့်ျပန္လည် နေရာခ်ထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ္မွူးခ်ုပ်ဟောင်း ဦးဘုန်းဆြေ၊ ဆက်ြသယ်ရေးနွင့် သတင်းအခ်က်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး (ဗိုလ္ခ်ုပ်ဟောင်း ကာကြယ်ရေး ၀န်ကြီးဌာနတြင် ကာကြယ်ရေး ပစ္စည်း ၀ယ်ယူရေးဌာန၏ ညွှန္မွူးဟောင်း)ျဖစ်သူ ဦးဝင်းသန်းတို့ ပါဝင်နေသည်ဟု အစီရင္ခံစာတြင် ဖော်ျပထားသည်။

စုမေ

No comments:

Post a Comment