Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

ႏုိင္ငံသားတုိင္း လံုၿခံဳမႈရဖို႔ ေဒၚစုလိုလား

ရခုိင္ျပည္နယ္ မဲဆြယ္စည္း႐ံုးေရးဆင္းေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဒသခံျပည္သူမ်ား။ (ေအာက္တိုဘာ ၁၈၊ ၂၀၁၅)
 အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သံုးရက္ၾကာ ရခိုင္ျပည္နယ္ မဲဆြယ္စည္းရံုးေရးခရီးစဥ္မွာ အမ်ားစိုးရိမ္ေနၾက သလို ျပႆနာတ စံုတရာ ျဖစ္ပြားတာမ်ဳိး မရွိဘဲ ၿပီးဆံုးသြားၿပီျဖစ္ပါတယ္။ အသိုင္းအဝိုင္း ႏွစ္ဘက္ၾကား ပဋိပကၡ ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ ခရီးစဥ္ အတြင္း စည္းလံုးညီညြတ္ၾကဖို႔ တိုက္တြန္းခဲ့သလို ႏိုင္ငံတြင္း မွီတင္းေနထိုင္သူအားလံုး လူမ်ဳိးမေရြး၊ ဘာသာမေရြး လံုၿခံဳမွဳရွိေစေရးဟာ သိပ္ကို အေရးပါတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က အေလးေပး ေျပာၾကား ခဲ့ပါတယ္။ အျပည့္အစံုကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ျပည္နယ္ခရီးစဥ္မတိုင္ခင္မွာ ဒီခရီးစဥ္နဲ႔ပတ္သက္ၿပီး လံုၿခံဳေရးအရစိုးရိမ္မွဳေတြ၊ ေဒသခံေတြက ဆန္႔က်င္ ကန္႔ကြက္ ဆႏၵျပၾကမယ္ဆိုတဲ့ အသံေတြထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့ အခုသံုးရက္ၾကာခရီးစဥ္အတြင္း ရခိုင္ေဒသခံျပည္သူေတြသိန္းနဲ႔ခ်ီၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ႀကိဳဆိုအားေပးခဲ့တာကို ေတြ႔ခဲ့ၾကရပါတယ္။

ခရီးစဥ္ စတင္ခဲ့တဲ့ ေသာၾကာေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေတာင္ကုတ္ၿမိဳ႕က ရခိုင္ျပည္သူေတြနဲ႔ေတြ႔ဆံု ၿပီး လူမ်ဳိးေရး၊ ဘာသာေရးကို ႏိုင္ငံေရးမွာ အသံုးခ်တာဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ခ်ဴိးေဖာက္ရာေရာက္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ စေနေန႔မွာေတာ့ သံတဲြၿမိဳ႕မွာ လူထု ေဟာေျပာဘဲြက်င္းပခဲ့ၿပီး ပဋိပကၡျဖစ္ေနတဲ့ေဒသေတြမွာ ႏိုင္ငံသားတိုင္းစိတ္ေအးေအးခ်မ္းခ်မ္းေနႏိုင္ေရး၊ လံုၿခံဳမွဳရွိေရး အေရးႀကီးေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က အခုလိုေျပာဆိုခဲ့ပါတယ္။

“က်မတို႔ႏိုင္ငံမွာ မွီတင္းေနထုိင္တဲ့ ပုဂၢိဳလ္ေတြအားလံုး လူမ်ဳိးမေရြး၊ ဘာသာမေရြး လံုလံုၿခံဳၿခံဳနဲ႔ ေနထိုင္ဖို႔ဆိုတာဟာ အင္မတန္မွ အေရးႀကီးပါတယ္။ အဲဒီလို လံုလံုၿခံဳၿခံဳနဲ႔ စိတ္လံုၿခံဳမႈ၊ ကိုယ္လံုၿခံဳမႈရွိမွ ဒီႏိုင္ငံဟာ ေအးခ်မ္းႏိုင္မွာပါ။”

တနဂၤေႏြေန႔က ဂြၿမိဳ႕ စည္း႐ံုးေဟာေျပာပဲြမွာေတာ့ ႏိုင္ငံသားအားလံုးညီညြတ္ေနထိုင္ေရးအေရးႀကီးေၾကာင္း အထူးအေလးေပး ေျပာၾကား ခဲ့သလို အရင္ မဲဆြယ္စည္း႐ံုးေရးခရီးစဥ္ေတြမွာလိုပဲ ေရြးေကာက္ပဲြမွာ ျပည္သူေတြစိတ္ခ်ရတဲ့ ပါတီအႏိုင္ရဖို႔ လူကိုမၾကည့္ဘဲ ပါတီကိုပဲ ၾကည့္ၿပီးမဲထည့္ဖို႔အေရးႀကီးတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကဆိုပါတယ္။

ဒါ့အျပင္ အမုန္းတရားနဲ႔ေၾကာက္ရြံ႕မွဳဟာ ျမန္မာႏိုင္ငံအတြက္ အက်ဳိးမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး မဲထည့္ရာမွာလည္း တိုင္းရင္းသားေဒသခံေတြ အေနနဲ႔ ၿခိမ္းေျခာက္တိုင္းမေၾကာက္ၾကဖို႔ အခုလိုေျပာပါတယ္။

“ေျခာက္တိုင္းလည္း မေၾကာက္ပါနဲ႔ဆိုတာေတာ့ အားလံုးနားလည္ပါတယ္ေနာ္၊ အထူးသျဖင့္ ဒီတခါမွာ ေရြးေကာက္ပြဲမတုိင္မီမွာ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို မဲမေပးခ်င္လို႔ နည္းအမ်ဳိးမ်ဳိးနဲ႔ေျခာက္ေနတုိင္းလည္း မေၾကာက္ပါနဲ႔လို႔ က်မအေနနဲ႔ တိုက္တြန္းခ်င္ပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ခရီးစဥ္မွာ လံုၿခံဳေရးအတြက္ NLD လူငယ္အဖြဲ႔ဝင္ (၇ဝဝ) ေက်ာ္ေလာက္ တာဝန္ယူေဆာင္ရြက္ခဲ့ၾကတယ္လို႔ NLD သံတဲြခ႐ိုင္ ဥကၠ႒က ဗီြအိုေအကိုေျပာပါတယ္။

တနဂၤေႏြေန႔က ရခိုင္ျပည္နယ္ခရီးစဥ္အၿပီးမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဧရာဝတီတိုင္းက ငသိုင္းေခ်ာင္း၊ ေရၾကည္နဲ႔ က်ဳံေပ်ာ္ၿမိဳ႕ေတြမွာ လူထုနဲ႔ေတြ႔ဆံုေဟာေျပာခဲ့ၿပီးေနာက္ ညေနပိုင္းမွာ ရန္ကုန္ၿမိဳ႕ကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................

ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူများ။ (အောက်တိုဘာ ၁၈၊ ၂၀၁၅)
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးရက်ကြာ ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ အများစိုးရိမ်နေကြ သလို ပြဿနာတ စုံတရာ ဖြစ်ပွားတာမျိုး မရှိဘဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အသိုင်းအဝိုင်း နှစ်ဘက်ကြား ပဋိပက္ခ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းခဲ့သလို နိုင်ငံတွင်း မှီတင်းနေထိုင်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံခြုံမှုရှိစေရေးဟာ သိပ်ကို အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလေးပေး ပြောကြား ခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မတိုင်ခင်မှာ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး လုံခြံုရေးအရစိုးရိမ်မှုတွေ၊ ဒေသခံတွေက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြကြမယ်ဆိုတဲ့ အသံတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုသုံးရက်ကြာခရီးစဉ်အတွင်း ရခိုင်ဒေသခံပြည်သူတွေသိန်းနဲ့ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုအားပေးခဲ့တာကို တွေ့ခဲ့ကြရပါတယ်။

ခရီးစဉ် စတင်ခဲ့တဲ့ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကုတ်မြို့က ရခိုင်ပြည်သူတွေနဲ့တွေ့ဆုံ ပြီး လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိူးဖောက်ရာရောက်ကြောင်းပြောကြားခဲ့ပါတယ်။ စနေနေ့မှာတော့ သံတွဲမြို့မှာ လူထု ဟောပြောဘွဲကျင်းပခဲ့ပြီး ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ နိုင်ငံသားတိုင်းစိတ်အေးအေးချမ်းချမ်းနေနိုင်ရေး၊ လုံခြံုမှုရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။

“ကျမတို့နိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ပုဂ္ဂိုလ်တွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံလုံခြံုခြံုနဲ့ နေထိုင်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီလို လုံလုံခြံုခြံုနဲ့ စိတ်လုံခြံုမှု၊ ကိုယ်လုံခြံုမှုရှိမှ ဒီနိုင်ငံဟာ အေးချမ်းနိုင်မှာပါ။”

တနင်္ဂနွေနေ့က ဂွမြို့ စည်းရုံးဟောပြောပွဲမှာတော့ နိုင်ငံသားအားလုံးညီညွတ်နေထိုင်ရေးအရေးကြီးကြောင်း အထူးအလေးပေး ပြောကြား ခဲ့သလို အရင် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာလိုပဲ ရွေးကောက်ပွဲမှာ ပြည်သူတွေစိတ်ချရတဲ့ ပါတီအနိုင်ရဖို့ လူကိုမကြည့်ဘဲ ပါတီကိုပဲ ကြည့်ပြီးမဲထည့်ဖို့အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

ဒါ့အပြင် အမုန်းတရားနဲ့ကြောက်ရွံ့မှုဟာ မြန်မာနိုင်ငံအတွက် အကျိုးမရှိဘူးလို့ ပြောကြားခဲ့ပြီး မဲထည့်ရာမှာလည်း တိုင်းရင်းသားဒေသခံတွေ အနေနဲ့ ခြိမ်းခြောက်တိုင်းမကြောက်ကြဖို့ အခုလိုပြောပါတယ်။

“ခြောက်တိုင်းလည်း မကြောက်ပါနဲ့ဆိုတာတော့ အားလုံးနားလည်ပါတယ်နော်၊ အထူးသဖြင့် ဒီတခါမှာ ရွေးကောက်ပွဲမတိုင်မီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးချင်လို့ နည်းအမျိုးမျိုးနဲ့ခြောက်နေတိုင်းလည်း မကြောက်ပါနဲ့လို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ လုံခြံုရေးအတွက် NLD လူငယ်အဖွဲ့ဝင် (၇ဝဝ) ကျော်လောက် တာဝန်ယူဆောင်ရွက်ခဲ့ကြတယ်လို့ NLD သံတွဲခရိုင် ဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။

တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်ခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းက ငသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့တွေမှာ လူထုနဲ့တွေ့ဆုံဟောပြောခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment