CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 18, 2015
ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး တိုးမြှင့်မည်
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ တပ်မတော်လုံခြုံရေး အင်အားတွေကို တိုးမြှင့်ချထားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်တစ်လျှောက်မှာ အခုလ နောက်ဆုံးပတ် မှာ တပ်ရင်း ၁၂ ခုလောက်အထိ တိုးမြှင့်ချထားဖို့ ပြင်ဆင်ထားတယ်လို့ အမည်မဖော်လိုတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲကာလအတွင်း နယ်စပ်ဒေသတွေကနေ တစ်ဆင့် အဖျက်အမှောင့်သမားတွေ ဝင်ရောက်မလာနိုင်ဖို့အတွက် အခုလို စစ်တပ်နဲ့ လုံခြုံရေး တိုးမြှင့်ဖို့ ပြင်ဆင်ထားတာ လို့လည်း သိရပါတယ်။
တပ်မတော်လုံခြုံရေးတွေကို အခုလ ဒုတိယပတ်အတွင်းကနေ စတင်ပြီးချထားဖို့ စီစဉ်ခဲ့ပေမဲ့၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က တင်ပြချက်တွေအရ လုံခြုံရေးတိုးမြှင့်မယ့် အစီအစဉ်ကို အခုလ နောက်ဆုံးပတ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရပါတယ်။
RFA Burmese
.....................
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တစ်လျှောက်မှာ တပ်မတော်လုံခြုံရေး အင်အားတွေကို တိုးမြှင့်ချထားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်တစ်လျှောက်မှာ အခုလ နောက်ဆုံးပတ် မှာ တပ်ရင်း ၁၂ ခုလောက်အထိ တိုးမြှင့်ချထားဖို့ ပြင်ဆင်ထားတယ်လို့ အမည်မဖော်လိုတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲကာလအတွင်း နယ်စပ်ဒေသတွေကနေ တစ်ဆင့် အဖျက်အမှောင့်သမားတွေ ဝင်ရောက်မလာနိုင်ဖို့အတွက် အခုလို စစ်တပ်နဲ့ လုံခြံုရေး တိုးမြှင့်ဖို့ ပြင်ဆင်ထားတာ လို့လည်း သိရပါတယ်။
တပ်မတော်လုံခြံုရေးတွေကို အခုလ ဒုတိယပတ်အတွင်းကနေ စတင်ပြီးချထားဖို့ စီစဉ်ခဲ့ပေမဲ့၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ ဘက်က တင်ပြချက်တွေအရ လုံခြံုရေးတိုးမြှင့်မယ့် အစီအစဉ်ကို အခုလ နောက်ဆုံးပတ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး တိုးမြှင့်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment