Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

ဖိႏွိပ္မႈလြတ္ကင္းေရး NLDကုိ မဲေပးဖုိ႔ ဦးတင္ဦး စည္းရံုးေဟာေျပာ

 NLD ဗဟိုေအာင္ႏိုင္ေရးဥကၠဌ သူရဦးတင္ဦး စက္တင္ဘာလ ၂၉ ရက္ေန႔က မႏၱေလးတိုင္းေဒသႀကီး ျမစ္သားၿမိဳ႕မွာ ေရြးေကာက္ပဲြ ဆိုင္ရာ လူထုေဟာေျပာပြဲကို တက္ေရာက္စဥ္ Photo: Nay Thwae/ RFA
NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေရြးေကာက္ပြဲေအာင္ႏိုင္ေရး ဗဟိုေကာ္မတီဥကၠဌ သူရဦးတင္ဦးဟာ မႏၱေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕က ဆင္အလွကၿပိဳင္ကြင္းမွာ ဒီေန႔ လူထုနဲ႔ေတြ႔ဆံုၿပီး မဲဆြယ္စည္း ရံုးေဟာေျပာခဲ့ပါတယ္။

ႏွစ္ေပါင္း ၆၀ ေလာက္ ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံခဲ့ရတဲ့ အေျခအေနကေန လြတ္ေျမာက္ဖို႔အတြက္ NLDကို မဲေပးဖို႔ သူရဦးတင္ဦးက ေျပာပါတယ္။

"တိုင္းျပည္မွာ ႏွစ္ေပါင္း ၆ဝ ေလာက္ အားလံုးဒုကၡသုခေတြ ႀကံဳခဲ့ေသာ္လည္း အခုခ်ိန္မွာျဖင့္ ဒီအေျခအေနက လြတ္ေျမာက္ၾကရေအာင္ ျပည္သူလူထုကတခဲနက္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေအးခ်မ္းေသာနည္းနဲ႔ ျပဳျပင္ေျပာင္း လဲေပးႏိုင္တဲ့ စြမ္းပကားကို ျပသတာျဖစ္တဲ့အတြက္လည္း အင္မတန္မွေလးနက္ပါတယ္၊ ေျပာင္းလဲခ်ိန္တန္ပါၿပီ၊ အမွန္တကယ္ ေျပာင္းလဲဖို႔ NLD ကို မဲေပးစို႔ "

သူရဦးတင္ဦးဟာ ျမစ္သားၿမိဳ႕မွာလည္း ေဟာေျပာခဲ့ၿပီး ေက်ာက္ဆည္နဲ႔ ျမစ္သားၿမိဳ႕နယ္ေတြကေန ၀င္ေရာက္ ယွဥ္ၿပိဳင္မယ့္ NLD ပါတီကိုယ္စားလွယ္ေလာင္းေတြျဖစ္တဲ့ ေဒါက္တာတင္ေအာင္၊ ေဒၚအုန္းၾကည္၊ ဦးရဲမင္းထြန္း ၊ ေဒါက္တာလင္းလင္းေက်ာ္၊ ဦးမင္းေအာင္၊ ေဒၚသင္းျမျမသင္းနဲ႔ ဦးေအာင္ၾကည္ တို႔ကို ေဒသခံေတြနဲ႔ မိတ္ဆက္ေပး ခဲ့ပါတယ္။

မနက္ျဖန္္မွာေတာ့ မႏၱေလးၿမိဳ႕မွာ ေရြးေကာက္ပဲြေအာင္နုိင္ေရး ေဟာေျပာပဲြက်င္းပမယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............................................

 NLD ဗဟိုအောင်နိုင်ရေးဥက္ကဌ သူရဦးတင်ဦး စက်တင်ဘာလ ၂၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့မှာ ရွေးကောက်ပွဲ ဆိုင်ရာ လူထုဟောပြောပွဲကို တက်ရောက်စဉ် Photo: Nay Thwae/ RFA
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကော်မတီဥက္ကဌ သူရဦးတင်ဦးဟာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့က ဆင်အလှကပြိုင်ကွင်းမှာ ဒီနေ့ လူထုနဲ့တွေ့ဆုံပြီး မဲဆွယ်စည်း ရုံးဟောပြောခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ လောက် ဖိနှိပ်ချုပ်ချယ်ခံခဲ့ရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့အတွက် NLDကို မဲပေးဖို့ သူရဦးတင်ဦးက ပြောပါတယ်။

"တိုင်းပြည်မှာ နှစ်ပေါင်း ၆ဝ လောက် အားလုံးဒုက္ခသုခတွေ ကြုံခဲ့သော်လည်း အခုချိန်မှာဖြင့် ဒီအခြေအနေက လွတ်မြောက်ကြရအောင် ပြည်သူလူထုကတခဲနက် ငြိမ်းငြိမ်းချမ်းချမ်း အေးချမ်းသောနည်းနဲ့ ပြုပြင်ပြောင်း လဲပေးနိုင်တဲ့ စွမ်းပကားကို ပြသတာဖြစ်တဲ့အတွက်လည်း အင်မတန်မှလေးနက်ပါတယ်၊ ပြောင်းလဲချိန်တန်ပါပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့ "

သူရဦးတင်ဦးဟာ မြစ်သားမြို့မှာလည်း ဟောပြောခဲ့ပြီး ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေကနေ ၀င်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဒေါက်တာတင်အောင်၊ ဒေါ်အုန်းကြည်၊ ဦးရဲမင်းထွန်း ၊ ဒေါက်တာလင်းလင်းကျော်၊ ဦးမင်းအောင်၊ ဒေါ်သင်းမြမြသင်းနဲ့ ဦးအောင်ကြည် တို့ကို ဒေသခံတွေနဲ့ မိတ်ဆက်ပေး ခဲ့ပါတယ်။

မနက်ဖြန််မှာတော့ မန္တလေးမြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment