Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

ျမန္မာအစိုးရတပ္ ယာဥ္တန္းကို KIA တပ္ရင္း(၃၆) တိုက္ခိုက္

ျမန္မာအစိုးရတပ္ ထိုးစစ္ကို ခုခံေနတဲ့ KIA တပ္ဖြဲ႕
 ယေန႔ ေန႔လယ္ပိုင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္နယ္စပ္ ၁၀၅မိုင္ ကုန္သြယ္ေရးဇုံ အနီး ျမန္မာအစိုးတပ္ ယာဥ္တန္းကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္ရင္း(၃၆)မွ ျပင္းျပင္းထန္ထန္ ေစာင့္ၾကိဳတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

မြန္းလြဲ ၂ နာရီခန္႔မွာ မုန္ေဘာ္ ဘက္မွဆင္းလာေသာ အစိုးရစစ္တပ္ စစ္ကား(၃)စီးကို နမ္ေတာင္းႏွင့္ ၁၀၅မိုင္ ကုန္သြယ္ေရးဇုံ ၾကား KIA တပ္ရင္း(၃၆) တပ္ဖြဲ႔မ်ားမွ မိုင္း၊ လက္နက္ငယ္မ်ားႏွင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားဆိုပါသည္။

အစိုးရတပ္ဘက္ ထိခိုက္ေသဆုံးမႈ မည္မွ်ရိွသည္ကို မသိရေသးပါ။

မနက္ (၈)နာရီခြဲခန္႔မွာလည္း နမ္ေတာင္းေက်းရြာအနီး မိုင္းတစ္လုံး ေပါက္ကြဲခဲ့သည္ဟု ေဒသခံမ်ား ေျပာသည္။

၁၀၅မိုင္ ကုန္သြယ္ေရးဇုံ အနီး အျခားေနရာဘက္တြင္လည္း ယခု သတင္းေရးသားေနသည့္ ျမန္မာစံေတာ္ခ်ိန္ ည(၇)နာရီအထိ ေသနတ္သံမ်ား ၾကားေနရသည္ဟု ေဒသခံမ်ား ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

စက္တင္ဘာ(၁၁) ရက္မွစၿပီး KIA မုန္းကို ေဒသ နမ္ေတာင္း၊ မုန္ေဘာ္၊ မုန္းကိုႏွင့္ ေဖါင္းဆိုင္ ေဒသမ်ားတြင္ အစိုးရတပ္ ထိုးစစ္ဆင္လာျခင္းေၾကာင့္ ႏွစ္ဖက္ တိုက္ပြဲမ်ား ျပင္းထန္ေနဆဲျဖစ္ေၾကာင္း ေဒသခံမ်ား ဆိုပါသည္။

ယမန္ေန႔ မနက္ပိုင္းမွစၿပီး ကခ်င္ျပည္နယ္ ဗန္းေမာ္ခ႐ိုင္ မံစီျမိဳ႕နယ္မွာလည္း အစိုးရတပ္ႏွင့္ KIA တပ္ရင္း(၁၂) ၾကား တိုက္ပြဲမ်ား ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနပါသည္။

Kachin News Group
http://kachin.kachinnews.com
.....................................................

မြန်မာအစိုးရတပ် ထိုးစစ်ကို ခုခံနေတဲ့ KIA တပ်ဖွဲ့
 ယနေ့ နေ့လယ်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံ အနီး မြန်မာအစိုးတပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၃၆)မှ ပြင်းပြင်းထန်ထန် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်မှာ မုန်ဘော် ဘက်မှဆင်းလာသော အစိုးရစစ်တပ် စစ်ကား(၃)စီးကို နမ်တောင်းနှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုံ ကြား KIA တပ်ရင်း(၃၆) တပ်ဖွဲ့များမှ မိုင်း၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများဆိုပါသည်။

အစိုးရတပ်ဘက် ထိခိုက်သေဆုံးမှု မည်မျှရှိသည်ကို မသိရသေးပါ။

မနက် (၈)နာရီခွဲခန့်မှာလည်း နမ်တောင်းကျေးရွာအနီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ပြောသည်။

၁၀၅မိုင် ကုန်သွယ်ရေးဇုံ အနီး အခြားနေရာဘက်တွင်လည်း ယခု သတင်းရေးသားနေသည့် မြန်မာစံတော်ချိန် ည(၇)နာရီအထိ သေနတ်သံများ ကြားနေရသည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

စက်တင်ဘာ(၁၁) ရက်မှစပြီး KIA မုန်းကို ဒေသ နမ်တောင်း၊ မုန်ဘော်၊ မုန်းကိုနှင့် ဖေါင်းဆိုင် ဒေသများတွင် အစိုးရတပ် ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။

ယမန်နေ့ မနက်ပိုင်းမှစပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာလည်း အစိုးရတပ်နှင့် KIA တပ်ရင်း(၁၂) ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါသည်။

Kachin News Group
http://kachin.kachinnews.com

No comments:

Post a Comment