Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

ေက်ာင္းသားေတြအမႈ ပယ္ဖ်က္ေပးေရး တုိင္းတရား လႊတ္ေတာ္ရံုးထံ ေတာင္းဆုိမည္

သာယာဝတီၿမိဳ႕နယ္ တရားရံုးကို ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/RFA
လက္ပံတန္း ေက်ာင္းသားသပိတ္စစ္ေၾကာင္းမွာ ပါ၀င္ခဲ့တဲ့ ေက်ာင္းသားေတြနဲ႔ ၀န္းရံျပည္သူေတြကို စဲြဆုိထားတဲ့ အမႈေတြကို ပယ္ဖ်က္ေပးဖို႔အတြက္ ေက်ာင္းသားေတြက ေရွ႕ေန႔ကေနတဆင့္ ပဲခူးတုိင္းေဒသႀကီး တရားလႊတ္ေတာ္ ထံ တင္ျပေတာင္းဆုိသြားမယ္လို႔ သိရပါတယ္။

ေက်ာင္သားအားလံုးနီးပါးက သူတို႔ကိုယ္စား အမႈကိုေခ်ဖ်က္ေပးဖို႔ တင္ျပႏုိင္ေအာင္ လက္မွတ္ေရးထိုးေပးထားတဲ့ အတြက္ ဒီတစ္ပတ္အတြင္းမွာ ေဆာင္ရြက္သြားမယ္လို႔ ေက်ာင္းသားေတြရဲ့အမႈကို လိုက္ပါေဆာင္ရြက္ေပးေန တဲ့ ေရွ႕ေန ဦးလွမ်ိဳးျမင့္က ေျပာပါတယ္။

"ေရွ႕ေနကိုယ္စားလွယ္ လႊဲစာရတဲ့အခါက်မွ အန္ကယ္တို႔က ပဲခူးတိုင္းေဒသႀကီး တရားလႊတ္ေတာ္ကို တင္လို႔ရ တယ္၊ အမႈေခ်ဖ်က္ေပးဖို႔အတြက္ ေလွ်ာက္လႊာကိုတင္လို႔ရတယ္၊ လိုက္ပါေဆာင္ရြက္ေပးပါလို႔ ေရွ႕ေနကို အပ္တယ္၊ ေရွ႕ေနကိုယ္စားလွယ္လႊဲစာက ဒီေရွ႕ေနကို လုပ္ပိုင္ခြင့္ေပးလိုက္တယ္ေပါ့၊ ေရွ႕ေနကေနၿပီးေတာ့ သူတို႔ကိုယ္စား အမႈေခ်လို႔ရတယ္၊ လုပ္လို႔ရတယ္ အဲ့သေဘာမ်ဳိးေတြ၊ ကေလးေတြက သေဘာတူၿပီးသား အန္ကယ့္ကို လက္မွတ္ထိုးေပးလိုက္ၿပီ၊ အန္ကယ္တင္ဖို႔ အစီအစဥ္ရွိပါတယ္"

အဲ့ဒီေလွ်ာက္လႊာကို ပဲခူးတိုင္းေဒသႀကီး တရားလႊတ္ေတာ္က လက္ခံၿပီး ဥပေဒနဲ႔အညီ အခ်က္က်က်တင္ျပနိုင္မယ္ ဆိုရင္ အမႈတြဲအားလံုးပ်က္သြားၿပီး တရားစဲြဆုိခံထားရသူအားလံုး လြတ္ေျမာက္နိုင္မွာျဖစ္တယ္လို႔ ဦးလွမ်ဳိးျမင့္ က ေျပာပါတယ္။

ေက်ာင္းသားေတြကို ဒီေန႔ သာယာ၀တီၿမိဳ႕နယ္ တရားရံုးမွာ ရုံးထုတ္ခဲ့ေပမယ့္ အမႈတြဲဟာ ပဲခူးတိုင္းေဒသႀကီး တရားလႊတ္ေတာ္ထံ ေရာက္ရွိေနတာေၾကာင့္ အမႈစစ္ေဆးႏုိင္ျခင္းမရွိဘဲ လာမယ့္ စက္တင္ဘာလ ၂၉ ရက္ေန႔ကို ရံုးခ်ိန္းသတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။

ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ၊ ဥပေဒမဲ့အစုအဖဲြ႔မွာ ပါ၀င္မႈ စတဲ့ ပုဒ္မ ၅ ခုနဲ႔ သာယာ၀တီအက်ဥ္းေထာင္ မွာ ေက်ာင္းသား ေက်ာင္းသူနဲ႔ ၀န္းရံသူ ၅၄ ေယာက္ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အာမခံနဲ႔ တရားရင္ဆိုင္ေနရ တဲ့ ေက်ာင္းသားအေယာက္ ၂၀ ေက်ာ္ရွိပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........................................

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါ၀င်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့အတွက် ကျောင်းသားတွေက ရှေ့နေ့ကနေတဆင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် ထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ကျောင်သားအားလုံးနီးပါးက သူတို့ကိုယ်စား အမှုကိုချေဖျက်ပေးဖို့ တင်ပြနိုင်အောင် လက်မှတ်ရေးထိုးပေးထားတဲ့ အတွက် ဒီတစ်ပတ်အတွင်းမှာ ဆောင်ရွက်သွားမယ်လို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

"ရှေ့နေကိုယ်စားလှယ် လွှဲစာရတဲ့အခါကျမှ အန်ကယ်တို့က ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို တင်လို့ရ တယ်၊ အမှုချေဖျက်ပေးဖို့အတွက် လျှောက်လွှာကိုတင်လို့ရတယ်၊ လိုက်ပါဆောင်ရွက်ပေးပါလို့ ရှေ့နေကို အပ်တယ်၊ ရှေ့နေကိုယ်စားလှယ်လွှဲစာက ဒီရှေ့နေကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်ပေါ့၊ ရှေ့နေကနေပြီးတော့ သူတို့ကိုယ်စား အမှုချေလို့ရတယ်၊ လုပ်လို့ရတယ် အဲ့သဘောမျိုးတွေ၊ ကလေးတွေက သဘောတူပြီးသား အန်ကယ့်ကို လက်မှတ်ထိုးပေးလိုက်ပြီ၊ အန်ကယ်တင်ဖို့ အစီအစဉ်ရှိပါတယ်"

အဲ့ဒီလျှောက်လွှာကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံပြီး ဥပဒေနဲ့အညီ အချက်ကျကျတင်ပြနိုင်မယ် ဆိုရင် အမှုတွဲအားလုံးပျက်သွားပြီး တရားစွဲဆိုခံထားရသူအားလုံး လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ ဦးလှမျိုးမြင့် က ပြောပါတယ်။

ကျောင်းသားတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အမှုတွဲဟာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ထံ ရောက်ရှိနေတာကြောင့် အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ကို ရုံးချိန်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါ၀င်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ သာယာဝတီအကျဉ်းထောင် မှာ ကျောင်းသား ကျောင်းသူနဲ့ ၀န်းရံသူ ၅၄ ယောက်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အာမခံနဲ့ တရားရင်ဆိုင်နေရ တဲ့ ကျောင်းသားအယောက် ၂၀ ကျော်ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment