Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန၀င္းရဲ႕ေျမးက ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊကို စိန္ေခၚလိုက္တာလား


 စက္တင္ဘာလ (၁၉) ရက္ေန႔က ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန၀င္းရဲ႕ ေျမးတစ္ဦးျဖစ္တဲ႔ ကိုေအးေန၀င္းက သူ႔ရဲေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမွာ ဓာတ္ပံုတစ္ပံုနဲ႔ စာသားအခ်ဳိ႕ကို တြဲတင္ထားတာကို ေတြ႕ရပါတယ္။ ဓာတ္ပံုက မထူးျခားေပမဲ႔ ကိုေအးေန၀င္း ဓာတ္ပံုနဲ႔အတူ တြဲတင္ထားတဲ့စာက အံ့ၾသစရာေကာင္းတာပါ။

ကိုေအးေန၀င္းရဲ႕ ေဖ႔စ္ဘြတ္စာ မ်က္ႏွာမွာ ေရးထားတာက ဒီလိုပါ။ “တာ၀န္က အနားယူၿပီးတဲ့ ေနာက္ပိုင္း လိပ္ျပာသန္႔သန္႔ လုထုၾကားထဲ သြားလာဆက္ဆံရဲတဲ့ ယခင္၀န္ႀကီးခ်ဳပ္ မိသားစု၊ တြင္းေအာင္း အနာလွ်က္ၿပီး စာဖတ္သလုိလို အိုင္ပက္ ပြတ္သလိုလို လူေတာ မတိုး၀ံ့ေတာ့တဲ့ အတန္းအစားေတာ့ မဟုတ္ဘူးေနာ့”။ ကိုေအးေန၀င္း ေရးထားတဲ့စာနဲ႔ ဓာတ္ပံုအရဆိုရင္ တာ၀န္က အနားယူၿပီးတဲ့ေနာက္ပိုင္း လိပ္ျပာသန္႔သန္႔ လူထုၾကားထဲ သြားလာဆက္ဆံရဲတဲ့ ယခင္၀န္ႀကီးခ်ဳပ္ မိသားစုဆိုတာ ယခင္ စစ္ေထာက္လွမ္းေရး ေဟာင္းလည္းျဖစ္၊ ဗိုလ္ခ်ဳပ္ႀကီး ေဟာင္းလည္းျဖစ္တဲ႔ ဦးခင္ၫြန္ကို ဆိုလိုတယ္ဆိုတာ ထင္ရွားပါတယ္။

ဒါေပမဲ႔ “တြင္းေအာင္း အနာလ်က္ၿပီး စာဖတ္သလိုလို၊ အိုင္ပက္ပြတ္သလိုလို လူေတာမတိုး၀ံ့တဲ႔ အတန္းအစားေတာ့ မဟုတ္ဘူးေနာ့”ဆိုတဲ့ စကားက ဘယ္သူ႔ကို ရည္ညႊန္းပါသလဲ။
ကိုေအးေန၀င္း ေရးထာတဲ့စာအရ ေကာက္ခ်က္ဆြဲၾကည္႔ရင္ ကိုေအးေန၀င္း အမႊမ္းတင္ထားတဲ့ ၀န္ႀကီးခ်ဳပ္ဆိုသူနဲ႔ ေခတ္တစ္ေခတ္ကို အတူျဖတ္သန္းခဲ့သူ ျဖစ္ႏိုင္ပါတယ္။

ဒီေနရာမွာ စာေရးသူ အေနနဲ႔ အမႊမ္းတင္ထားတဲ့ ၀န္ႀကီးခ်ဳပ္ဆိုတဲ့ စကားကို ဘာျဖစ္လို႔ သံုးရသလဲဆိုတာကို အနည္းငယ္ ရွင္းပါ႔မယ္။ ကိုေအးေန၀င္း အေနနဲ႔ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ခင္ၫြန္႔ကို ဘာေၾကာင့္ ဒီေလာက္ အမႊမ္းတင္ခ်င္ရတာလဲ ဆိုတာကို ကိုေအးေန၀င္း ရွင္သန္ႀကီးျပင္းခဲ့ရတဲ့ အေျခအေနကို သိေနမိေတာ့ သိပ္ေတာ့ မအံ့ၾသပါဘူး။

ျပည္သူတစ္ေယာက္ အေနနဲ႔၊ မိဘ တစ္ေယာက္အေနနဲ႔၊ ေခတ္ေတြကို ျဖတ္သန္းခဲ့ဖူးတဲ့ ေက်ာင္းသားတစ္ေယာက္ အေနနဲ႔ ၊ႏိုင္ငံသားတစ္ေယာက္ အေနနဲ႔ ေျပာရရင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ခင္ညႊန္႔ဟာ လိပ္ျပာဘယ္ေလာက္ သန္႔တယ္ေျပာေျပာ။ တံတားေတြ ဘယ္ေလာက္ ေဆာက္ခဲ့တယ္ ေျပာေျပာ၊ လမ္းေတြ ဘယ္ေလာက္ ေဖာက္ခဲ့တယ္ေျပာေျပာ ေလးစားၾကည္ညိဳလို႔ မရတဲ႔အျပင္ ရဟန္းရွင္လူ ျပည္သူေက်ာင္းသားေတြရဲ႕ ရင္ထဲမွာ ေၾကကြဲ နာၾကည္းစိတ္က ပိုပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ညႊန္နဲ႔ စစ္ေထာက္လွမ္းေရးေတြရဲ႕ စနက္ေၾကာင့္ ဘ၀ပ်က္သြားတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ လူငယ္ေတြရဲ႕ အနာဂတ္ေတြ၊ ေသကြဲ၊ ရွင္ကြဲ ကြဲနည္းအမ်ဳိးမ်ဳိးနဲ႔ စိတ္ေသာက ေရာက္ခဲ့တဲ့ မိဘျပည္သူေတြကို ေတြ႕ျမင္ႀကံဳခဲ့ရသူ တစ္ေယာက္အေနနဲ႔ ၊ဒုကၡအေထြေထြကို ခံစားခဲ့ရတဲ့ ျပည္သူေတြအေနနဲ႔ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ၫြန္႔ကို လက္တံု႔ျပန္လိုစိတ္ အလ်ဥ္းမရိွေပမယ့္ ဒီလိုအေရးအသား အေျပာအဆိုေတြကို ေတြ႕ျမင္ရခ်ိန္မွာ ေအာ့ႏွလံုးနာသလို ျဖစ္ရတာကေတာ့ အမွန္ပါ။

ျပန္ေကာက္ရရင္ ကိုေအးေန၀င္းတို႔ ရွင္သန္ႀကီးျပင္းရတဲ့ အေျခအေနအရ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ၫြန္႔ကို ဒီလိုျမင္တာ မအံ့ၾသမိပါဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ လူငယ္တစ္ေယာက္ျဖစ္တဲ့ ကိုေအးေန၀င္း အေနနဲ႔ ရဟန္းရွင္လူ ေက်ာင္းသား ျပည္သူေတြရဲ႕ ဆံုး႐ံႈးမႈေတြ၊ ဒုကၡ အခက္အခဲေတြကို အသိအမွတ္မျပဳဘဲ ေနခ်င္သပဆိုရင္ ေနလို႔ရပါတယ္။

ဒါေပမဲ့ မေစာ္ကားမိဖို႔ေတာ့ လိုပါတယ္။ ခြင့္လႊတ္ျခင္း တရားနဲ႔ ေနထိုင္ေနတဲ့ ရဟန္းရွင္လူ ျပည္သူေတြကို မေစာ္ကားမိဖို႔ေတာ့ လိုပါတယ္။တိုင္းျပည္ အေျပာင္းအလဲကို ဦးတည္ေစခ်င္တဲ့ ေစတနာေကာင္းနဲ႔ ျပည္သူေတြဟာ သူတို႔ခံစားနာက်င္ရမႈေတြကို စေတးခဲ့တာပါ။ ခြင္႔လႊတ္ လိုက္တာပါ။ လက္တံု႔ မျပန္တာပါ။

ဒါကို ကိုေအးေန၀င္းအေနနဲ႔ “လိပ္ျပာသန္႔သန္႔ လုထုၾကားထဲ သြားလာဆက္ဆံရဲတဲ့ ယခင္၀န္ႀကီးခ်ဳပ္. . .” စတဲ႔အသံုး အႏႈန္းေတြ သံုးသင္႔ပါရဲ႕လား။ ခံစားနာက်င္ခဲ့သမွ်ကို လက္တံု႔ျပန္လိုစိတ္ မရိွေပမယ့္ ရဟန္းရွင္လူ ေက်ာင္းသားျပည္သူေတြဟာ သူတို႔မေမ့သင့္တဲ့ အရာကို ဘယ္ေတာ့မွ် မေမ႔ဘူးဆိုတာ ကိုေအးေန၀င္း သိထားပါ။ ကိုေအးေန၀င္းဟာ လူငယ္တစ္ေယာက္၊ ၿပီးေတာ့ ဒီလိုေတြးေခၚမႈေလာက္နဲ႔ ေနထိုင္သူ တစ္ေယာက္ပါလားလို႔ သိလိုက္ရတဲ့ ျပည္သူတစ္ေယာက္ အေနနဲ႔ စိတ္မေကာင္းလည္း ျဖစ္မိပါတယ္။

တကယ္ေတာ့၊ ျမန္မာျပည္သူေတြရဲ႕ ႐ိုးသားျဖဴစင္မႈ၊ ျမန္မာျပည္သူေတြရဲ႕ ဆင္းရဲဒုကၡေတြကို အေလးမထား ဂ႐ုမစိုက္ဘဲ တိုင္းျပည္ကို ဆင္းရဲဒုကၡႏြံထဲကို ဆြဲေခၚသြားတာ အာဏာငန္းဖမ္းေနတဲ့ လက္တစ္ဆုပ္စာ လူတစ္စုပါ။ ဒီလူတစ္စုရဲ႕ ဆံုးျဖတ္မႈ အမွားေတြ၊ မေတာ္ေလာဘ အမွားေတြေၾကာင့္ တိုင္းျပည္ဟာ ဆင္းရဲတြင္းထဲက မထြက္ႏိုင္ၾကဘူး။

ၿပီးေတာ့ ဒီလူတစ္စုဟာ ဘယ္ေတာ့မွ အျမင္မွန္ရမယ့္ လူစုလည္း မျဖစ္ႏိုင္ဘူးဆိုတာ ပိုၾကာေလေလ ပိုသိလာေလေလ ပါပဲ။ ထားပါ။
ကိုေအးေန၀င္း ေရးထားတဲ႔စာထဲက “တြင္းေအာင္း အနာလ်က္ၿပီး စာဖတ္သလုိလို အိုင္ပက္ပြတ္သလိုလို လူေတာ မတိုး၀ံ့ေတာ့တဲ့ အတန္းအစားေတာ့ မဟုတ္ဘူးေနာ့”ဆိုတဲ့ စကားက ဘယ္သူ႔ကို ရည္ညႊန္းတာ ျဖစ္ႏိုင္သလဲဆိုတာ အထက္မွာ ေျပာခဲ့ပါတယ္။

အခု ျပည္သူေတြၾကားမွာ၊ ႏိုင္ငံေရးသမားေတြၾကားမွာ ဒီစကားကို ခ်ျပလိုက္တာနဲ႔ ဘယ္သူ႔ကို ေျပာသလဲဆိုတာ သိႏိုင္ၾကပါတယ္။ ဒါက တိုက္ဆိုင္မႈ တစ္ခုေတာ့ ဟုတ္ဟန္မတူဘူးလို႔ ယူဆပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊဟာ စာဖတ္ေနတယ္ဆိုၿပီး သူနဲ႔နီးစပ္သူေတြရဲ႕ အင္တာဗ်ဴးမွာျဖစ္ေစ၊ စာေစာင္ေတြထဲမွာ ျဖစ္ေစ ေတြ႕ႏိုင္ပါတယ္။

အခုဆိုသူ႔ကို “စာဖတ္သူႀကီး”လို႔ေတာင္ အမည္ေပးထားတာကို အရပ္ထဲမွာ၊ လက္ဖက္ရည္၀ိုင္းေတြမွာ၊ လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ ေတြ႕ႏိုင္ပါတယ္။
မၾကာေသးခင္က ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္းရဲ႕ေျမး ေနေရႊေသြးေအာင္က ဗိုလ္ခ်ဳပ္မွဴးႀကီး အိုင္ပက္သံုးေနပံုကို လူမႈကြန္ရက္ စာမ်က္ႏွာ တင္ခဲ့ပါတယ္။ ဒီပံုကို ေတြ႕ရတဲ့ အမ်ားျပည္သူၾကားမွာ ထင္ေၾကးအမ်ဳိးမ်ဳိးေတြ၊ ခန္႔မွန္းမႈေတြ၊ သံုးသပ္မႈေတြ ေပါင္းစံုလည္း ထြက္ေပၚခဲ့ပါတယ္။
အဲဒီေတာ့ ကိုေအးေန၀င္းေျပာတဲ့ “တြင္းေအာင္း အနာလ်က္ၿပီး စာဖတ္သလုိလို အိုင္ပက္ပြတ္သလိုလို လူေတာ မတိုး၀ံ့ေတာ့တဲ့ အတန္းအစားေတာ့ မဟုတ္ဘူးေနာ့” ဆိုတဲ႔စကားက ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊကို ရည္ညႊန္းတာလား။ ကိုေအးေန၀င္းဟာ ဒီစာကို စစ္တပ္က အာဏာသိမ္းခဲ့တဲ့ စက္တင္ဘာလ(၁၈)ရက္ေန႔ၿပီးေနာက္ တစ္ေန႔မွာ ေရးခဲ့တာပါ။

တစ္ဖက္က ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊ အင္အားစု၊ တစ္ဖက္က ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန၀င္း မိသားစု။ အင္အားႀကီး ႏွစ္ခုၾကားမွာ ဘယ္လို အားၿပိဳင္မႈေတြ ရိွေနၿပီလဲ၊ ဘာမေက်လည္မႈေတြ ရိွၿပီလဲ။ ဒီအားၿပိဳင္မႈေတြက အာဏာေနရာ ခ်ထားမႈအတြက္ ျဖစ္ေပၚလာတဲ့ အားၿပိဳင္မႈေတြလား။ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန၀င္းရဲ႕ ေျမးအေနနဲ႔ ဒီစကားဟာ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊကို ရည္ညႊန္းခဲ့တယ္ဆိုရင္ စိန္ေခၚမႈတစ္ခုကို အတိအလင္း ျပဳလုပ္ လိုက္တာလားလို႔ေတာင္ ေတြးစရာ ရိွေနပါတယ္။
ကိုေအးေန၀င္း အေနနဲ႔ ဘယ္ေလာက္ေတာင္ စုစည္းထားမႈေကာင္းလို႔ ဒီလိုထုတ္ေျပာတာလဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္ရိွတပ္မေတာ္မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ အႀကီးအကဲေတြကို ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း အေနနဲ႔ ၾသဇာ သက္ေရာက္မႈရိွသလို၊ အႀကီးအကဲေတြကလည္း ေလစားသမႈ ရိွေနတုန္းပဲလို႔ သံုးသပ္ထားမႈေတြ ရိွပါတယ္။

ဒီအေျခအေနကို ကိုေအးေန၀င္းကေရာ မတြက္ဆမိဘူးလား။ စာေရးသူ အေနနဲ႔၊ ျပည္သူတစ္ေယာက္ အေနနဲ႔၊ ႏိုင္ငံသား တစ္ေယာက္အေနနဲ႔ ေျပာရရင္ ဒီအေျခအေနေတြကေန ျပည္သူေတြအတြက္ ဘာေကာင္းက်ဳိး ရလဒ္မွ် မရိွပါဘူး။ ကိုေအးေန၀င္း အမႊမ္းတင္တဲ့ သူေရာ၊ အမႊမ္းမတင္တဲ့ သူကိုပါ ျပည္သူေတြ ႀကိဳက္ႏွစ္သက္မွာ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။

Messenger News Journal
https://www.facebook.com/Messenger-News-Journal
............................................

 စက်တင်ဘာလ (၁၉) ရက်နေ့က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေးတစ်ဦးဖြစ်တဲ့ ကိုအေးနေဝင်းက သူ့ရဲဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဓာတ်ပုံတစ်ပုံနဲ့ စာသားအချို့ကို တွဲတင်ထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံက မထူးခြားပေမဲ့ ကိုအေးနေဝင်း ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာက အံ့သြစရာကောင်းတာပါ။

ကိုအေးနေဝင်းရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ ရေးထားတာက ဒီလိုပါ။ “တာဝန်က အနားယူပြီးတဲ့ နောက်ပိုင်း လိပ်ပြာသန့်သန့် လုထုကြားထဲ သွားလာဆက်ဆံရဲတဲ့ ယခင်ဝန်ကြီးချုပ် မိသားစု၊ တွင်းအောင်း အနာလျှက်ပြီး စာဖတ်သလိုလို အိုင်ပက် ပွတ်သလိုလို လူတော မတိုးဝံ့တော့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့”။ ကိုအေးနေဝင်း ရေးထားတဲ့စာနဲ့ ဓာတ်ပုံအရဆိုရင် တာဝန်က အနားယူပြီးတဲ့နောက်ပိုင်း လိပ်ပြာသန့်သန့် လူထုကြားထဲ သွားလာဆက်ဆံရဲတဲ့ ယခင်ဝန်ကြီးချုပ် မိသားစုဆိုတာ ယခင် စစ်ထောက်လှမ်းရေး ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ကြီး ဟောင်းလည်းဖြစ်တဲ့ ဦးခင်ညွန်ကို ဆိုလိုတယ်ဆိုတာ ထင်ရှားပါတယ်။

ဒါပေမဲ့ “တွင်းအောင်း အနာလျက်ပြီး စာဖတ်သလိုလို၊ အိုင်ပက်ပွတ်သလိုလို လူတောမတိုးဝံ့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့”ဆိုတဲ့ စကားက ဘယ်သူ့ကို ရည်ညွှန်းပါသလဲ။
ကိုအေးနေဝင်း ရေးထာတဲ့စာအရ ကောက်ချက်ဆွဲကြည့်ရင် ကိုအေးနေဝင်း အမွှမ်းတင်ထားတဲ့ ၀န်ကြီးချုပ်ဆိုသူနဲ့ ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့သူ ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ စာရေးသူ အနေနဲ့ အမွှမ်းတင်ထားတဲ့ ၀န်ကြီးချုပ်ဆိုတဲ့ စကားကို ဘာဖြစ်လို့ သုံးရသလဲဆိုတာကို အနည်းငယ် ရှင်းပါ့မယ်။ ကိုအေးနေဝင်း အနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ဘာကြောင့် ဒီလောက် အမွှမ်းတင်ချင်ရတာလဲ ဆိုတာကို ကိုအေးနေဝင်း ရှင်သန်ကြီးပြင်းခဲ့ရတဲ့ အခြေအနေကို သိနေမိတော့ သိပ်တော့ မအံ့သြပါဘူး။

ပြည်သူတစ်ယောက် အနေနဲ့၊ မိဘ တစ်ယောက်အနေနဲ့၊ ခေတ်တွေကို ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက် အနေနဲ့ ၊နိုင်ငံသားတစ်ယောက် အနေနဲ့ ပြောရရင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ဟာ လိပ်ပြာဘယ်လောက် သန့်တယ်ပြောပြော။ တံတားတွေ ဘယ်လောက် ဆောက်ခဲ့တယ် ပြောပြော၊ လမ်းတွေ ဘယ်လောက် ဖောက်ခဲ့တယ်ပြောပြော လေးစားကြည်ညိုလို့ မရတဲ့အပြင် ရဟန်းရှင်လူ ပြည်သူကျောင်းသားတွေရဲ့ ရင်ထဲမှာ ကြေကွဲ နာကြည်းစိတ်က ပိုပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန်နဲ့ စစ်ထောက်လှမ်းရေးတွေရဲ့ စနက်ကြောင့် ဘဝပျက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်တွေရဲ့ အနာဂတ်တွေ၊ သေကွဲ၊ ရှင်ကွဲ ကွဲနည်းအမျိုးမျိုးနဲ့ စိတ်သောက ရောက်ခဲ့တဲ့ မိဘပြည်သူတွေကို တွေ့မြင်ကြုံခဲ့ရသူ တစ်ယောက်အနေနဲ့ ၊ဒုက္ခအထွေထွေကို ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို လက်တုံ့ပြန်လိုစိတ် အလျဉ်းမရှိပေမယ့် ဒီလိုအရေးအသား အပြောအဆိုတွေကို တွေ့မြင်ရချိန်မှာ အော့နှလုံးနာသလို ဖြစ်ရတာကတော့ အမှန်ပါ။

ပြန်ကောက်ရရင် ကိုအေးနေဝင်းတို့ ရှင်သန်ကြီးပြင်းရတဲ့ အခြေအနေအရ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ဒီလိုမြင်တာ မအံ့သြမိပါဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုအေးနေဝင်း အနေနဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ၊ ဒုက္ခ အခက်အခဲတွေကို အသိအမှတ်မပြုဘဲ နေချင်သပဆိုရင် နေလို့ရပါတယ်။

ဒါပေမဲ့ မစော်ကားမိဖို့တော့ လိုပါတယ်။ ခွင့်လွှတ်ခြင်း တရားနဲ့ နေထိုင်နေတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို မစော်ကားမိဖို့တော့ လိုပါတယ်။တိုင်းပြည် အပြောင်းအလဲကို ဦးတည်စေချင်တဲ့ စေတနာကောင်းနဲ့ ပြည်သူတွေဟာ သူတို့ခံစားနာကျင်ရမှုတွေကို စတေးခဲ့တာပါ။ ခွင့်လွှတ် လိုက်တာပါ။ လက်တုံ့ မပြန်တာပါ။

ဒါကို ကိုအေးနေဝင်းအနေနဲ့ “လိပ်ပြာသန့်သန့် လုထုကြားထဲ သွားလာဆက်ဆံရဲတဲ့ ယခင်ဝန်ကြီးချုပ်. . .” စတဲ့အသုံး အနှုန်းတွေ သုံးသင့်ပါရဲ့လား။ ခံစားနာကျင်ခဲ့သမျှကို လက်တုံ့ပြန်လိုစိတ် မရှိပေမယ့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေဟာ သူတို့မမေ့သင့်တဲ့ အရာကို ဘယ်တော့မျှ မမေ့ဘူးဆိုတာ ကိုအေးနေဝင်း သိထားပါ။ ကိုအေးနေဝင်းဟာ လူငယ်တစ်ယောက်၊ ပြီးတော့ ဒီလိုတွေးခေါ်မှုလောက်နဲ့ နေထိုင်သူ တစ်ယောက်ပါလားလို့ သိလိုက်ရတဲ့ ပြည်သူတစ်ယောက် အနေနဲ့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။

တကယ်တော့၊ မြန်မာပြည်သူတွေရဲ့ ရိုးသားဖြူစင်မှု၊ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အလေးမထား ဂရုမစိုက်ဘဲ တိုင်းပြည်ကို ဆင်းရဲဒုက္ခနွံထဲကို ဆွဲခေါ်သွားတာ အာဏာငန်းဖမ်းနေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုပါ။ ဒီလူတစ်စုရဲ့ ဆုံးဖြတ်မှု အမှားတွေ၊ မတော်လောဘ အမှားတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲက မထွက်နိုင်ကြဘူး။

ပြီးတော့ ဒီလူတစ်စုဟာ ဘယ်တော့မှ အမြင်မှန်ရမယ့် လူစုလည်း မဖြစ်နိုင်ဘူးဆိုတာ ပိုကြာလေလေ ပိုသိလာလေလေ ပါပဲ။ ထားပါ။
ကိုအေးနေဝင်း ရေးထားတဲ့စာထဲက “တွင်းအောင်း အနာလျက်ပြီး စာဖတ်သလိုလို အိုင်ပက်ပွတ်သလိုလို လူတော မတိုးဝံ့တော့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့”ဆိုတဲ့ စကားက ဘယ်သူ့ကို ရည်ညွှန်းတာ ဖြစ်နိုင်သလဲဆိုတာ အထက်မှာ ပြောခဲ့ပါတယ်။

အခု ပြည်သူတွေကြားမှာ၊ နိုင်ငံရေးသမားတွေကြားမှာ ဒီစကားကို ချပြလိုက်တာနဲ့ ဘယ်သူ့ကို ပြောသလဲဆိုတာ သိနိုင်ကြပါတယ်။ ဒါက တိုက်ဆိုင်မှု တစ်ခုတော့ ဟုတ်ဟန်မတူဘူးလို့ ယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ စာဖတ်နေတယ်ဆိုပြီး သူနဲ့နီးစပ်သူတွေရဲ့ အင်တာဗျူးမှာဖြစ်စေ၊ စာစောင်တွေထဲမှာ ဖြစ်စေ တွေ့နိုင်ပါတယ်။

အခုဆိုသူ့ကို “စာဖတ်သူကြီး”လို့တောင် အမည်ပေးထားတာကို အရပ်ထဲမှာ၊ လက်ဖက်ရည်ဝိုင်းတွေမှာ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့နိုင်ပါတယ်။
မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့မြေး နေရွှေသွေးအောင်က ဗိုလ်ချုပ်မှူးကြီး အိုင်ပက်သုံးနေပုံကို လူမှုကွန်ရက် စာမျက်နှာ တင်ခဲ့ပါတယ်။ ဒီပုံကို တွေ့ရတဲ့ အများပြည်သူကြားမှာ ထင်ကြေးအမျိုးမျိုးတွေ၊ ခန့်မှန်းမှုတွေ၊ သုံးသပ်မှုတွေ ပေါင်းစုံလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီတော့ ကိုအေးနေဝင်းပြောတဲ့ “တွင်းအောင်း အနာလျက်ပြီး စာဖတ်သလိုလို အိုင်ပက်ပွတ်သလိုလို လူတော မတိုးဝံ့တော့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့” ဆိုတဲ့စကားက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို ရည်ညွှန်းတာလား။ ကိုအေးနေဝင်းဟာ ဒီစာကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ(၁၈)ရက်နေ့ပြီးနောက် တစ်နေ့မှာ ရေးခဲ့တာပါ။

တစ်ဖက်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အင်အားစု၊ တစ်ဖက်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း မိသားစု။ အင်အားကြီး နှစ်ခုကြားမှာ ဘယ်လို အားပြိုင်မှုတွေ ရှိနေပြီလဲ၊ ဘာမကျေလည်မှုတွေ ရှိပြီလဲ။ ဒီအားပြိုင်မှုတွေက အာဏာနေရာ ချထားမှုအတွက် ဖြစ်ပေါ်လာတဲ့ အားပြိုင်မှုတွေလား။ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေးအနေနဲ့ ဒီစကားဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို ရည်ညွှန်းခဲ့တယ်ဆိုရင် စိန်ခေါ်မှုတစ်ခုကို အတိအလင်း ပြုလုပ် လိုက်တာလားလို့တောင် တွေးစရာ ရှိနေပါတယ်။
ကိုအေးနေဝင်း အနေနဲ့ ဘယ်လောက်တောင် စုစည်းထားမှုကောင်းလို့ ဒီလိုထုတ်ပြောတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးအကဲတွေကို ဗိုလ်ချုပ်မှူးကြီးဟောင်း အနေနဲ့ သြဇာ သက်ရောက်မှုရှိသလို၊ အကြီးအကဲတွေကလည်း လေစားသမှု ရှိနေတုန်းပဲလို့ သုံးသပ်ထားမှုတွေ ရှိပါတယ်။

ဒီအခြေအနေကို ကိုအေးနေဝင်းကရော မတွက်ဆမိဘူးလား။ စာရေးသူ အနေနဲ့၊ ပြည်သူတစ်ယောက် အနေနဲ့၊ နိုင်ငံသား တစ်ယောက်အနေနဲ့ ပြောရရင် ဒီအခြေအနေတွေကနေ ပြည်သူတွေအတွက် ဘာကောင်းကျိုး ရလဒ်မျှ မရှိပါဘူး။ ကိုအေးနေဝင်း အမွှမ်းတင်တဲ့ သူရော၊ အမွှမ်းမတင်တဲ့ သူကိုပါ ပြည်သူတွေ ကြိုက်နှစ်သက်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

Messenger News Journal
https://www.facebook.com/Messenger-News-Journal

No comments:

Post a Comment