Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 14, 2015

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း အပြောင်းအလဲ၊ NLD ပါတီဝင်တွေ ထုတ်ပယ်နေမှု ဦးတင်ဦးနဲ့ မေးမြန်းချက်


 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း ပြဿနာကို ဖြေရှင်းတဲ့ အခါမှာ ပြည်သူလူထု အကျိုးကိုကြည့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးက RFA ကိုပြောပါတယ်။

ဒီဆောင်ရွက်ချက်တွေဟာ အရင်စနစ်ဆိုးတွေရဲ့ အကြွင်းအကျန်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် NLD ပါတီ အတွင်းမှာလည်း ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေနဲ့ပတ်သက်လို့ မကျေနပ်တာကို ဆွေးနွေးဖြေရှင်းပေးနေပေမယ့် ဆန္ဒပြတဲ့အထိဖြစ်လာနေလို့ ဒီလိုလုပ်ရပ်မျိုးတွေ တိုးမလာအောင် ဟန့်တားတဲ့သဘောနဲ့ ဆောင်ရွက်ရတာလို့ဆိုပါတယ်။

NLD သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

No comments:

Post a Comment