Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 14, 2015

ဆရာက တပည့်ဖြစ်သူကို သားမယားကျင့်


မတ္တရာမြို့နယ်တွင် ကျောင်းဆရာ ဖြစ်သူက တပည့်ဖြစ်သူ ခြောက်နှစ်သမီးအား သားမယားပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့သည်။

          ယခုလ (၉) ရက်နေ့ ညနေ (၅း၀၀) အချိန်တွင် မ……..(၂၇) နှစ်သည် ၎င်း၏ သမီးဖြစ်သူ မ….(၆) နှစ်မှာ ကျူရှင်မသွားသဖြင့် မေးမြန်းရာ နေ့လယ် (၁၁း၃၀) အချိန်တွင် ကျောင်းဆရာမောင်……(၂၂) နှစ်၏ နေအိမ်သို့ မ…..(၆) နှစ်သည် ကျူရှင်တက်ရန် တစ်ဦးတည်း ရောက်ရှိနေစဉ် ကျောင်းဆရာက နေအိမ် အပေါ်ထပ်သို့ ခေါ်ဆောင်ကာ သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်းပြန်လည် ပြောပြသဖြင့် သိရှိခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

          အဆိုပါ အမှုနှင့် ပတ်သက်၍ ယခုလ (၁၂) ရက်နေ့တွင် ကျောင်းဆရာအား နယ်မြေ စခန်း (ရေနံ့သာ) မှ (ပ) ၁၁၂/ ၂၀၁၅၊  ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ အမှု ဖွင့်အရေးယူခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မတ္တရာမြို့နယ် ပညာရေးမူးရုံးသို့ အကြောင်းကြား ထားရှိပြီး တရားခံဖြစ်သူ ကျောင်းဆရာအား ညနေ (၄း၄၅) အချိန်တွင် ဖမ်းဆီးခဲ့ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

T.Y.D.N
The Messenger Media
http://www.messengerdaily.com

No comments:

Post a Comment