Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

MTV ဂီတဗီဒီယိုဆုပေးပွဲမှာ Justin Bieber ပြန်လည်ဖျော်ဖြေမည်



အသက် ၂၁ နှစ်အရွယ် အဆိုတော် Justin Bieber ဟာ တနင်္ဂနွေနေ့  Microsoft ကဇာတ်ရုံမှာ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ MTV က ဗုဒ္ဓဟူးနေ့ ကြေငြာခဲ့ပါတယ်။ Justin Biber ဟာ မကြာခင်ထွက်ရှိမယ့်အယ်ဘမ်ထဲက သီချင်း ‘What Do You Mean’ ကို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Bieber ဟာ ၂၀၁၀ ခုနှစ် VMA ဆုပေးပွဲမှာ  ‘Baby’ ‘Somebody to Love’ ‘U Smile’ သီချင်းတွေနဲ့ နောက်ဆုံးအကြိမ်ဖျော်ဖြေခဲ့ပြီးနောက် ငါးနှစ်အကြာမှာ ပြန်လည်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

တခြားဖျော်ဖြေမယ့်သူတွေကတော့ The Weekend ၊ Pharrell Williams ၊ Demi Lovato ၊ Tori Kelly ၊ ASAP Rocky ၊ Twenty One Pilots နဲ့ Macklemore and Ryan Lewis တို့ ဖြစ်ကြပါတယ်။

ဒီပွဲကို အစီအစဉ်တင်ဆက်သူအဖြစ် Miley Cyrus က တာဝန်ယူသွားမှာဖြစ်ပါတယ်။ Taylor Swift က ဆန်ကာတင်ဆု ၁၀ ခုနဲ့ ထိပ်ဆုံးကဦးဆောင်လျက်ရှိပြီး Ed Sheeran က ခြောက်ဆုနဲ့ ဒုတိယနေရာမှာ ရှိပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: abcnews

No comments:

Post a Comment