Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

Wonder Woman ပုံ ပါတဲ့ ထမင်းဘူးကို ကျောင်းတစ်ကျောင်းမှာ ယူဆောင်ခွင့်ပိတ်ပင်



Wonder Woman ဆိုတဲ့ ဇာတ်ကောင်ဟာ အမျိုးသမီး တွေရဲ့ စွမ်းရည်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးဝါဒီ ဇာတ်ကောင် ဖြစ်ပြီး သူမရဲ့ Golden Lasso of Truth ဆိုတဲ့ ကြာပွတ်လက်နက် နဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်တဲ့ စူပါဟီးရိုး တစ်ယောက် ဖြစ်ပါတယ်။ 
ဒါပေမယ့်လည်း Wonder Woman ဟာ ကျောင်းစည်းကမ်း အရ ကောင်းသော တိုက်ခိုက်ခြင်းတွေကနေ ရပ်နားခံလိုက်ရပါတယ်။ Reddit အသုံးပြုသူ အချို့က ကျောင်းတစ်ကျောင်းမှာ ထုတ်ပြန်ထားတဲ့ ကျောင်းစည်းကမ်း အသိပေးစာကို ဓါတ်ပုံ ရိုက်ပြီး ဝေမျှထားကြပါတယ်။ Twines18 ဆိုတဲ့ Reddit သုံးစွဲသူ တစ်ယောက်ကတော့ ထိုစာဟာ သူ့သမီး ရဲ့ သူငယ်ချင်းတစ်ယောက် ကျောင်းကနေရလာတဲ့ အကြောင်းကြားစာ ဆိုပြီး Reddit မှာ ဝေမျှထားပါတယ်။ 
ကျောင်းစည်းကမ်းနဲ့ မကိုက်ညီရတဲ့ အကြောင်းအရင်းကတော့ သူမရဲ့ Wonder Woman ထမင်းဘူးဟာ အကြမ်းဖက်မှု ပါဝင်တဲ့ စူပါဟီးရိုး တစ်ယောက်ရဲ့ ပုံဖြစ်နေပြီး Wonder Woman ရဲ့ ၀တ်စုံဟာ ကျောင်းရဲ့ အ၀တ်အစား ပုံစံ နဲ့ မကိုက်ညီတဲ့ အတွက် တားမြစ်ရခြင်း ဖြစ်တယ်လို့ ထိုစာထဲမှာ ရေးသားထားပါတယ်။ 
ထို ကျောင်းသူလေးရဲ့ မိဘတွေကိုတော့ ထို ကလေးငယ်အား ထို ထမင်းဘူး ကို ကျောင်းသို့ ယူဆောင်ခြင်း မပြုတော့ကြောင်း လည်း စာပို့ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းမှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်း အသိပေးစာမှာလည်း အကြမ်းဖက်မှု နဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံ တွေပါဝင်တဲ့ ပစ္စည်းတွေကို ကျောင်းကို ယူဆောင်ခွင့် မပြုဘူးလို့လည်း ရေးသားထားပါတယ်။ ကျောင်းရဲ့ ကာတွန်းဇာတ်ကောင်တွေကို အကြမ်းဖက်မှု နဲ့ သက်ဆိုင်မှု ရှိမရှိ ဆုံးဖြတ်နည်းကတော့ တိုက်ခိုက်ခြင်း နဲ့ ပြသနာ ဖြေရှင်းတဲ့ ဇာတ်ကောင်တွေကို အကြမ်းဖက် စူပါဟီးရိုးတွေ အဖြစ် သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ 
ကျောင်းသား ကျောင်းသူ တွေကတော့ ကျောင်းစည်းကမ်း ကို တော်ာတော် ရယ်ချင်မိကြမှာပါ။   
Ref:mirror.co.uk

http://www.trend.com.mm/2015/08/28/news-7529

No comments:

Post a Comment