Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 7, 2015

ဦးကိုကိုကြီး ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်

၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး ၄င်းအား ထောက်ခံအားပေးသည့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း 7Day News သို့ ပြောကြားသည်။
“မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့တယ်။ အခု မဲကွဲမှာစိုးလို့ တစ်သီးပုဂ္ဂလလည်း ၀င်မပြိုင်တော့ဘူး။ ကျွန်တော် ရွေးကောက်ပွဲမ၀င်တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ရေရှည်နိုင်ငံရေးအတွက်တော့ ခင်ဗျားတို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွားမယ်ဆိုတာကို ယုံကြည်လိုက်ပါ” ဟု ဦးကိုကိုကြီးက 7Dayနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် ၆ ရက်က တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ ပြည်သူလူထု စိတ်အားငယ်မှာစိုးလို့ ကျွန်တော်တို့အန်တီနဲ့တွေ့ခဲ့ပါတယ်။ မကြာခင်လည်း ဒါကို ထုတ်ပြန်ပါမယ်” ဟု ၄င်းကပြောသည်။
ဦးကိုကိုကြီးသည် လာမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်သွင်းခဲ့သော်လည်း ဒီချုပ်မှ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ရာတွင် ရွေးချယ်ခံရခြင်းမရှိခဲ့ပေ။
http://www.7daydaily.com/story/43600

No comments:

Post a Comment