Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

မက်ဒေါ်နယ်ဆိုင်တွင် အလုပ်လျှောက်ရင်း မော်ဒယ်ဖြစ်လာသူ


 မက်ဒေါ်နယ်ဆိုင်တွင် အလုပ်လျှောက်ရင်း မော်ဒယ်ဖြစ်လာသူ


ဂလက်စကိုမြို့မှာ နေထိုင်တဲ့ လူငယ်လေးတစ်ယောက်ဟာ မက်ဒေါ်နယ်မုန့်ဆိုင်မှာ အချိန်ပိုင်းအလုပ်ရဖို့ အလုပ်လျှောက်ပြီး ပြန်အလာမှာ အေးဂျင့်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရာက နာမည်ကြီးမော်ဒယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ခုချိန်မှာ အသက် ၂၁ နှစ် ရှိနေပြီဖြစ်တဲ့ ခရစ္စတိုဖာကယ်လီဟာ မက်ဒေါ်နယ်မုန့်ဆိုင်မှာ မိခင်ဖြစ်သူနဲ့အတူ ညစာစားရင်း အချိန်ပိုင်းအလုပ်အတွက် ဖောင်တင်ခဲ့ပါတယ်။ အဲဒီစားသောက်ဆိုင်မှာ ခရစ္စတိုဖာလိုပဲ ညစာ လာစားနေတဲ့ အမျိုးသမီးမော်ဒယ်အေးဂျင့်တစ်ယောက်က သူတို့သားအမိ အပြန်မှာ နောက်ကနေ အပြေးလိုက် ပြီး ခရစ္စတိုဖာကို မော်ဒယ်လုပ်မလားလို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ခရစ္စတိုဖာဟာ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ “ ကျွန်တော်တို့ အိမ်ပြန်ဖို့ ကားထဲဝင်လိုက်တဲ့အချိန်မှာ နောက်မှ မိန်းမတစ် ယောက် အပြေးလိုက်လာပြီး မှန်တံခါးကို ချလိုက်ဖို့ ပြောပါတယ်။ မှန်တံခါးဖွင့်လိုက်တော့ လိပ်စာကတ်တစ်ခု ကို ထိုးပေးပြီး မင်း မော်ဒယ်လုပ်မလားလို့ မေးခဲ့ပါတယ်” လို့ ခရစ္စတိုဖာက ပြန်ပြောင်းပြောပြပါတယ်။ ခရစ္စတိုဖာကို နာမည်ကြီးအမျိုးသားမော်ဒယ်တစ်ယောက် မွေးထုတ်ပေးခဲ့သူကတော့ Colours Agency ရဲ့ ပူးတွဲပိုင်ရှင် အယ်လီဆန်ဘရုစ်ဖြစ်ပြီး အခုဆိုရင် ခရစ္စတိုဖာဟာ နာမည်ကြီးရပ်ဂ်ဘီကစားသမားဟောင်း သွန်အီဗန် မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးနေတဲ့ D.Hedral အမှတ်တံဆိပ်အပြင် Harvey Nichols, JD Sports နဲ့ Barbour တံဆိပ်တွေရဲ့ နာမည်ကြီးအမျိုးသားမော်ဒယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Colours Agency ရဲ့အကြီးအကဲဘရုစ်ကတော့ သူမအနေနဲ့ ဆိုင်ထဲမှာ ခရစ္စတိုဖာကို လူအတော်များများက သဘောကျကြတာကို တွေ့ရှိခဲ့တဲ့အတွက် ရဲရဲရင့်ရင့်ပဲ မော်ဒယ်တစ်ယောက်အဖြစ် စင်တင်ပေးဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 
Ref – Dailymail
http://www.planet.com.mm/detail/28206/Entertainment

No comments:

Post a Comment