Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

ရော်နယ်ဒိုကို စိတ်မဝင်စားတဲ့ သြစတြေးလျမော်ဒယ်

  ရော်နယ်ဒိုကို စိတ်မဝင်စားတဲ့ သြစတြေးလျမော်ဒယ်


ရီးရဲလ်မက်ဒရစ်ရဲ့ ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ထင်စရာ အကြောင်းရှိပေမယ့် အခုတော့ သြစတြေးလျမော်ဒယ်လေးတစ်ဦးက သူ့ကိုငြင်းပယ်လိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ ချဉ်းကပ်မှုကို အဆိုပါမော်ဒယ်မလေးက ရည်းစားရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။


သြစတြေးလျအလှမယ်ပြိုင်ပွဲမှာ ဒုတိယ ရထားတဲ့ အလှမယ်လေး လက်တီနာကို ရော်နယ်ဒိုက အွန်လိုင်းက တဆင့်ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ သူမလေ့ကျင့်ခန်းလုပ်နေတုန်း ရိုက်ထားတဲ့ဓါတ်ပုံတွေ ပို့ပေးဖို့နဲ့ ဖုန်းနံပတ် ပေးဖို့ ရော်နယ်ဒိုက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်တီနာက သူမမှာ ရည်းစားရှိတဲ့အကြောင်း ပြောခဲ့ပြီး သူမရဲ့ရည်းစားက ဒါကိုကြိုက်မှာမဟုတ်ဘူးလို့ ရော်နယ်ဒိုကို မက်ဆေ့ပြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက လက်မလျှော့ခဲ့ပါဘူး။ ဘယ်သူမှသိမှာမဟုတ်တဲ့ ကိစ္စပါဆိုပြီး စည်းရုံးခဲ့တာတွေကို Mirror သတင်းစာက ဖွင့်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ဘယ်လောက်ပဲ ချဉ်းကပ်ချဉ်းကပ် အလှမယ်လေးကတော့ ထပ်ခါတလဲလဲသာ ငြင်းဆိုခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ဇူလိုင်လတုန်းက မဲလ်ဘုန်းမြို့မှာ ကစားခဲ့ကြတဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်အတွက် ကောင်မလေးကို လက်မှတ်ပေးမယ်လို့ ရော်နယ်ဒိုက စည်းရုံးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကောင်မလေးကတော့ သူ့ရည်းစားအကြောင်းပြချက်နဲ့ ရော်နယ်ဒိုကို လုံးဝလက်မခံခဲ့ပါဘူး။

Ref - dailymail
http://www.planet.com.mm/detail/28365/Entertainment

No comments:

Post a Comment