မိတ်ကပ်ပညာဟာ သင်အလိုရှိရာပုံစံကို အတိုင်းအဆမရှိ ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဒီအချက်မှန်ကြောင်း အသက် ၂၃ နှစ်အရွယ်ပရော်ဖက်ရှင်နယ်မိတ်ကပ်ပညာရှင် အမ်မလီအန်ဒါဆင်က သက်သေပြလိုက်ပြီဖြစ်ပါတယ်။
သူမကိုယ်သူမ မိတ်ကပ်လိမ်းခြယ်ပြီး မျက်နှာတစ်ခုတည်းကိုပဲ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေအတိုင်း လိုက်လံပြောင်းလဲပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ မိတ်ကပ်လိမ်းခြယ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့အတူ ခန္ဓာကိုယ်ပန်းချီရေးတဲ့ ဆေးအချို့ကို သုံးပြီး ခြယ်သခဲ့ရာမှာ အတော်လေးလက်ရာမြောက်တာကို အောက်ကပုံတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။ သူမကလည်း သာမန်မိတ်ကပ်ပညာရှင်တော့မဟုတ်ပါဘူး။ အဆိုတော် Nicki Minaj နဲ့ David Guetta တို့ရဲ့ MTV တွေအတွက် တာဝန်ယူပေးခဲ့ဖူးသူဖြစ်ပြီး Captain America ဇာတ်ကားအတွက်လည်း ကွန်ပြူတာအထူးပြုလုပ်ချက်တွေအတွက် ရေးဆွဲပေးခဲ့ဖူးသူဖြစ်ပါတယ်။ အခု သူမကိုယ်သူမ မိတ်ကပ်ရေးခြယ်ထားတဲ့ ပုံတွေမှာတော့ မိစ္ဆာတစ်ကောင်အဖြစ် ပုံစံအမျိုးမျိုးပြောင်းလဲ အောင် ရေးဆွဲထားတာတွေ့ရမှာ ဖြစ်ပါတယ်။ မိတ်ကပ်ပညာအသုံးပြုပြီး မျက်နှာကို တိရိစ္ဆာန်တစ်ကောင်မျက်နှာ ပြောင်းလဲဖို့ဟာလည်း သူမအတွက် မခက်ပါဘူး။ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကောင်ပီတာပန်ရဲ့ ပုံစံကိုဖြစ်အောင်လည်း သူမကိုယ်သူမ မိတ်ကပ်လိမ်းခြယ်ပြီး ပြောင်းလဲထားပါတယ်။ ပုံတွေကို အောက်မှာ ရှုစားကြည့်လိုက်ပါ။





Ref - dailymail
http://www.planet.com.mm/detail/28139/Entertainment
No comments:
Post a Comment