လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေနှင့် ယှဉ်ပြိင်သွားရန် စဉ်းစားနေဆဲဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညို ကပြောကြားလိုက်သည်။
“ NLD ကိုယ်စားလှယ်လောင်းနဲ့ ယှဉ်ပြိင်ရမယ်ဆိုရင်တော့ ကျွန်မကို မဲပေးဖို့ မဲဆန္ဒရှင်တွေကို မေတ္တာရပ်ခံတိုက်တွန်းသွားမှာပါ။ အမေစုရဲ့ အရှိန်အဝါက ကြီးမားလို့ NLD ကိုယ်စားလှယ်လောင်းကို နာမည်မသိတောင် မဲပေးမဲ့သူတွေက အများကြီးရှိမှာပါ၊ ကျွန်မရွေးကောက်ပွဲမဝင်ဖြစ်ခဲ့ရင်တော့ ကျွန်မကိုယ်တိုင် NLD ကိုယ်စားလှယ်လောင်းကိုသာ မဲပေးမှာပါ။ ကျွန်မရဲ့ မဲဆန္ဒနယ်မဟုတ်တဲ့ အခြားနယ်တွေမှာလည်း NLD ကိုမဲပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းသွားမယ်”ဟု ဒေါက်တာညိုညိုသင်းက ၎င်း၏ Facebook စာမျက်တွင် ရေးသေားထားသည်။
NLD ကိုယ်စားလှယ်အဖြစ်အရွေးမခံခြင်းနှင့်ပတ်သတ်ပြီး ၎င်းက NLD ၏ CEC ကိုသာ မေးသင့်သည်ဟု ပြောသည်။
ယင်းအပြင် “ကျွန်မအနေနဲ့ကတော့ ကိုယ်သင်ကြားတတ်မြောက်ထားတဲ့ ဥပဒေပညာနဲ့ ပြည်သူ့အကျိုးအတွက် တာဝန်ထမ်းဆောင်တာခြင်းအတူတူ ပြည်သူချစ်တဲ့ အမေစု ဦးဆောင်မှုအောက်မှာ တိုင်းပြည်နဲ့လူမျိုးအတွက်က ပထမ နဲ့ NLD ပါတီပိုပြီးအောင်မြင်တိုးတက်ဖို့က ဒုတိယဆိုတဲ့ ခံယူချက်ထားပြီး၊ NLD ပါတီဝင် မိတ်ဆွေတော်တော်များများရဲ့ ဖိတ်ခေါ်တိုက်တွန်းချက်ကို လေးစားပြီး NLD ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံပေးဖို့ လျောက်လွာတင်ခဲ့တာပါ။ NLD ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသူများဟာလည်း ထီပေါက်သလိုပျော်ရွင်နေကြမယ်လို့လည်း ကျွန်မ မထင်မြင်ပါဘူး။ သူတို့တွေဟာလည်း မကြာခင်မှာ ကြီးမားတဲ့တာဝန်ဝတ္တရားတွေကြောင့် ပင်ပန်းကြရမဲ့သူတွေပါ”ဟု ၎င်းကဆိုသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 6, 2015
၂၀၁၅ ရွေးကောက်ပွဲ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်သွားဖို့ စဉ်းစားနေတုန်းဟု ဒေါက်တာညိုညိုသင်းပြော
၂၀၁၅ ရွေးကောက်ပွဲ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်သွားဖို့ စဉ်းစားနေတုန်းဟု ဒေါက်တာညိုညိုသင်းပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 06, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment