Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

အရေးပေါ် အသက်လှေ အစင်း (၁၀၀) လှုဒါန်းတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း



ဧရာဝတီတိုင်းရေကြီးဒေသများတွင် အစားအသောက်ထက် အသက်ကယ် လှေများပိုမိုလိုအပ်ကြောင်း ဒေသခံများထံမှ သတင်းရရှိချက်အရ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ၆.၈.၂၀၁၅ နေ့နံနက်ပိုင်းမှ စတင်၍ဧရာဝတီတိုင်းသို့ အသက်ကယ်လှေများ ပို့ဆောင်လှူဒါန်းခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်ပါသည်။
ပထမဆုံးအသက်ကယ်လှေစတင်မပို့ဆောင်မီ၊ ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အင်းယားလိတ်ဟိုတယ် မှဧရာဝတီတိုင်းသို့ ပို့ဆောင်မည့် အသက်ကယ်လှေကို၊ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုပါသည်။
ထို့အပြင် နံနက် (၉)နာရီ မှ(၁၀)နာရီအတွင်း အင်းယားလိတ် ဟိုတယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးခန်းသို့ ရေဘေးသင့်ပြည်သူများအ တွက်လာရောက်လှူဒါန်းကြသောအလှူ ရှင်များထံမှ လှူဒါန်းငွေများ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းသို့ အသက်ကယ်လှေစီးရေ ၁၀၀ အထိ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်သည်။
-
‪#‎Daw‬ Khin Kyi Foundation

No comments:

Post a Comment