Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မင်းသမီး Angelina Jolie နှင့်တွေ့ ဆုံ

ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် Angelina Jolie နှင့်အတူ လိုင်သာယာသို့သွား

သြဂုတ်လ ၁ ရက်နေ့ ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်က ရန်ကုန်မြို့တက္ကသိုရိပ်သာလမ်းရှိ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဥက္ကဋ္ဌ အား Angelina Jolie လာရောက်တွေ့ဆုံရာ ဥက္ကဋ္ဌမှ လက်ခံတွေဆုံခဲ့ပြီးနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ Angelina Jolie သည်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် သီရိဇေယျာလမ်းရှိ အမျိုးသမီးအဆောင်သို့ သွားရောက်ခဲ့လေ့လာခဲ့ကြသည်။ ထို့နောက် အမျိုးသမီး အလုပ်သမားများ၏ နေထိုင်စားသောက်မှု၊ အလုပ်လုပ်ကိုင်နိုင်မှု၊ လုပ်ခလစာနှင့် ပညာရေးလိုအပ်ချက်များအပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲစားရင်းတွင် ပါဝင်မှုရှိမရှိတို့မေးမြန်းခဲ့သည်။ ၎င်းနောက် လှိုင်ထိပ်ထား အမျိုးသမီးဆောင်၊ မင်းကြီးမဟာမင်းခေါင်လမ်း (စက်မှုဇုံ) ကျူးကျော်တဲများနှင့် သဲသူသူအောင် အမျိုးသမီးအထည်ချုပ်လုပ်ငန်းများသို့ သွားရောက်ခဲ့ပြီး အလုပ်အကိုင်များလုပ်ကိုင်မှု၊ နေထိုင်မှုနှင့် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိတို့ကို မေးမြန်းစုံစမ်းခဲ့သည်။
National League for Democracy



မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မင်းသမီး Angelina Jolie နှင့်တွေ့ ဆုံhttp://www.themeltingpot4u.com/2015/08/angelina-jolie.html
Posted by The Melting Pot 4 U on Saturday, 1 August 2015

No comments:

Post a Comment