Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

ပြည်အကျဉ်းထောင်မှ လွတ်မြောက်လာသူများတွင် နှစ်ရှည်အကျဉ်းသား ထောက်လှမ်းရေးဗိုလ်မှူးဟောင်းတစ်ဦး ပါဝင်


Byဇော်မင်းထိုက်


 နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင် ၃၀ ရက်က လွှတ်ပေးခဲ့သော အကျဉ်း သားများတွင် ပြည်အကျဉ်း ထောင်မှ နှစ်ရှည် အကျဉ်းသား ဗိုလ်မှူးတစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

ပြည်အကျဉ်းထောင်မှ အ မျိုးသမီးအကျဉ်းသား ခုနစ်ဦးနှင့် အမျိုးသားအကျဉ်းသား ၃၆ ဦး (စုစုပေါင်း ၄၃ ဦး) လွတ်ငြိမ်းချမ်း သာခွင့်ရရှိခဲ့ရာ ယခင်တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ (၁၂) မှ အကျဉ်းကျခံနေရသူ ဗိုလ်မှူး နေ စိုးလည်း ပါဝင်သည်။

‘‘ဗိုလ်မှူးက ပြည်အကျဉ်း ထောင်မှာကျနေတာ ၁၁ နှစ်ရှိပြီ။ နှစ်ပေါင်း (၂၀) ကျော်ကျထား တာလို့ သိရတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ကြုံတာ လေးခါ လောက်ရှိပြီ။ အခုလွတ်ငြိမ်းချမ်း သာခွင့်မှာပါသွားတယ်’’ဟု ပြည် အကျဉ်းထောင်မှ ၀န်ထမ်းတစ်ဦး က ပြောသည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွတ်မြောက်လာသူများတွင် သိမ်းဆည်းလယ်ယာမြေများ ပြန် လည် ရရှိရန် ကြိုးပမ်းမှုဖြင့် ထောင်ကျနေသော တောင်သူများ၊ မူး ယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင် ကျနေသူများ၊ အခြားသော ဒုစရိုက်မှုများဖြင့် ထောင်ကျနေသူ များ လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်မြို့တွင် ကျောင်းသား သမဂ္ဂအဆောက်အအုံပြန်လည် တည်ဆောက်ပေးရေး ဆန္ဒဖော် ထုတ်မှုကြောင့် ထောင်ဒဏ် လေး လကျခံနေရသူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွ လှုပ်ရှားသူ ကိုမျိုးသူထွဋ်တို့ နှစ်ဦး လည်း ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခန့်တွင် (လွတ်ငြိမ်းချမ်းသာခွင့်နှင့် မဆိုင်ဘဲ) ပြည်အကျဉ်းထောင်မှ လွတ်မြောက်လာ ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ လွတ်တာက လွတ်ငြိမ်းချမ်းသာခွင့်ထဲမပါဘူး။  သူဘာသာရက်စေ့လို့ လွတ်လာ တာ။ အခု ၂၀၀၈ အခြေခံဥပဒေ ကို လေ့လာနေတယ်။ လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်တစ်နေရာကို တစ် သီးပုဂ္ဂလအဖြစ် ၀င်ရွေးမယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့် အေးက ပြောသည်။

No comments:

Post a Comment