Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

The Avengers ဇာတ်လမ်း ထဲမှာ Beyonce ပါဝင်သရုပ်ဆောင်တော့မှာလား




အဆိုတော် မလေး Beyonce တစ်ယောက် Marvel ကုမ္မဏီ ရဲ့ စူပါဟီးရိုး တစ်ယောက်ဖြစ်လာတော့မှာလား။ ဒါစိတ်ဝင်စားစရာပါ။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ Beyonce ကို Marvel ကုမ္မဏီ က The Avengers ဆိုတဲ့ စူပါဟီးရိုး ဇာတ်လမ်း ထဲမှာ ပါဝင်သရုပ်ဆောင်စေချင်နေပါတယ်။ ဒါ့အပြင် Marvel တင်သာမကပဲ Disney ကုမ္မဏီကလည်း အဆိုတော် ၊ သရုပ်ဆောင် Beyonce ကို အသစ် ရိုက်ကူးမယ့် ရုပ်ရှင်တွေမှာ ပါဝင် သရုပ်ဆောင်စေချင်နေကြပါတယ်။ Beyonce ကလည်း Dreamgirls နဲ့ Cadillac Records အပါအ၀င် ရုပ်ရှင် ဇာတ်လမ်းတော်တော်များများမှာ ပါဝင် သရုပ်ဆောင်ဖူးသလို Epic ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းထဲမှာလည်း  အသံ သရုပ်ဆောင် အဖြစ် ပါဝင်ထားပါသေးတယ်။ ထုတ်လုပ်သူတွေကလည်း Beyonce သာ Scarlett Johansson ၊ Elizabeth Olsen တို့ နဲ့အတူ Avengers စူပါဟီးရိုး အဖြစ် သရုပ်ဆောင်မယ်ဆိုရင် ဒေါ်လာ သန်းပေါင်းများစွာ နဲ့ ကမ်းလှမ်းသွားနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ Beyonce ဟာ ခင်ပွန်းဖြစ်သူ Jay-Z နဲ့အတူ နယူးယော့ခ် မှ ဟောလီးဝုဒ် တည်ရှိရာ လော့အိန်ဂျလိစ် မြို့ကို ပြောင်းရွှေ့သွားခဲ့တဲ့အတွက် သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခြေလည်း ရှိနေပါတယ်။ အရင်တစ်ကြိမ်တုန်းကလည်း Beyonce ဟာ အမျိုးသမီး စူပါဟီးရိုးတစ်ယောက် အဖြစ် သရုပ်ဆောင်ချင်ကြောင်း ဖွင့်ဟ ပြောကြားဖူးသလို DC Comic ရဲ့ အမျိုးသမီး စူပါဟီးရိုး တစ်ယောက် ဖြစ်တဲ့ Wonder Woman အဖြစ် သရုပ်ဆောင်ဖို့လည်း ဆွေးနွေးခဲ့ဖူးပါသေးတယ်။ 
Ref:mirror.co.uk
http://www.trend.com.mm/2015/06/22/news-6955

No comments:

Post a Comment