Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

သမိုင်းတစ်လျှောက် တတိယမြောက် ၀င်ငွေ အကောင်းဆုံး ရုပ်ရှင်ကား ဖြစ်လာတဲ့ Jurassic World




ယခုတစ်ပတ် အင်္ဂါနေ့ မှာ Jurassic World ရုပ်ရှင်ကားဟာ Marvel ရဲ့ The Avengers ကို ဖြတ်ကျော်ပြီး တတိယမြောက် ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ကား ဖြစ်လာပါတယ်။ ဒီဒိုင်နိုဆောတွေရဲ့ လမ်းကြောင်းမှာ စူပါဟီးရိုး အဖွဲ့ တောင် မတောင့်ခံနိုင်ခဲ့ပါဘူး။ 
Chris Pratt နဲ့ Bryce Dallas Howard တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ Universal Picture ရဲ့ လူကြိုက်များ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားဟာ ကမ္ဘာအနှံ့ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁.၅၂၂ ဘီလီယံရရှိခဲ့ပြီး ဒေါ်လာ ၁. ၅၂၀ ဘီလီယံဝင်ငွေရရှိခဲ့တဲ့ The Avengers  ကို ဖြတ်ကျော်သွားတာဖြစ်ပါတယ်။ 
Jurassic World ဟာ ဂျပန်နိုင်ငံမှာ သြဂုတ်လ ၅ ရက်နေ့ မှ စတင်ပြသမှာဖြစ်တဲ့အတွက် စုစုပေါင်းဝင်ငွေဟာ ဒီထက်များလာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ Jurassic World ဇာတ်ကားဟာ တောင်အမေရိကမှာတင် ရုံဝင်ကြေး ဒေါ်လာ ၆၁၄.၃ မီလီယံ ရရှိခဲ့ပြီး ပြည်ပရုံဝင်ကြေး ဒေါ်လာ ၉၀၇.၃ မီလီယံရရှိပြီးဖြစ်ပါတယ်။ 
ယခုနှစ်အတွင်းမှာတင် Universal Studios ရဲ့ Fast and Furious 7 ဇာတ်ကားကလည်း ကမ္ဘာအနှံ့ စုစုပေါင်းဝင်ငွေ ၁.၅၁ ဘီလီယံရရှိခဲ့ပြီး ပဉ္စမမြောက် စုစုပေါင်းဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့ပါတယ်။သမိုင်းတစ်လျှောက်ဝင်ငွေ အများဆုံး ရုပ်ရှင်ကားစာရင်းမှာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avatar က ဒေါ်လာ ၂.၇၉ ဘီလီယံနဲ့ ထိပ်ဆုံးနေရာ ၊ ၁၉၉၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Titanic ဇာတ်ကားက ၂.၁၈ ဘီလီယံ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး မကြာမီက ထွက်ရှိခဲ့တဲ့ Jurassic World ဇာတ်ကားက တတိယနေရာမှာ ရပ်တည်နေပါတယ်။
Ref:ign
http://www.trend.com.mm/2015/07/23/news-7245

No comments:

Post a Comment