Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 13, 2015

အမျိုးသမီး တစ်ယောက်ရဲ့ Sex Tape ကို အွန်လိုင်းမှာ တင်မိခဲ့တဲ့ အတွက် ဒေါ်လာ ၅ သန်း လျော်ကြေးပေးရမယ့် 50 Cent





ရပ်အဆိုတော် 50 Cent ဟာ အမျိုးသမီး တစ်ယောက်ရဲ့ Sex Tape ကို အွန်လိုင်းမှာ တင်မိခဲ့တဲ့ အတွက် ဒေါ်လာ ၅ သန်း လျော်ကြေးပေးရမယ်လို့ သိရပါတယ်။

Candy Shop သီချင်းနဲ့ အောင်မြင်လာခဲ့တဲ့ 50 Cent ဟာ ဖလော်ရီဒါ ပြည်နယ် က မိခင် တစ်ယောက်ဖြစ်တဲ့ Lastonia Leviston ရဲ့ လိင်ဆက်ဆံမှုတစ်ခုမှာ ပါဝင်ပတ်သက်နေတဲ့ ဗီဒီယို ကို အွန်လိုင်းမှာ တင်ခဲ့တာပဲ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

တရားရုံးမှာ ကြားနာခဲ့တာကတော့ 50 Cent အခုလို လုပ်ရခြင်းဟာ ထိုအမျိုးသမီးနဲ့ ကလေး တစ်ယောက် ရထားတဲ့ သူ့ရဲ့ ပြိုင်ဘက် ရပ်ပါ Rick Ross ကို တိုက်ခိုက် ဖို့အတွက် ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ထို ဗီဒီယိုထဲမှာလည်း 50 Cent ဟာ သူမ သေဆုံးသွားပြီဆိုတဲ့ စကားကို ကြေညာခဲ့ပါသေးတယ်။

"သူမ သေဆုံးသွားပြီဆိုတာဟာ သူ့အနေနဲ့သူမကို ဖျက်ဆီးလိုက်ပြီလို့ အဓိပ္ပာယ်ရပါတယ်။ သူမရဲ့ သိက္ခာ ကို ဖျက်ဆီးလိုက်တာပါ " လို့ Leviston ရဲ့ ရှေ့နေ Philip Freidin က Manhattan တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ Leviston ဟာ 50 Cent ကို သူမရဲ့ နိုင်ငံသားအခွင့်အရေး အကြမ်းဖက်ခံရမှုအတွက် တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ 50 Cent ဟာ Levisto ရဲ့ ဗီဒီယို သူမရဲ့ခွင့်ပြုချက်မရပဲ အသုံးပြုကာ သူမရဲ့ နိုင်ငံသား အခွင့်အရေးကို အကြမ်းဖက်ခဲ့မှုအတွက် လျော်ကြေးငွေ ဒေါ်လာ ၂.၅ သန်း ပေးဆောင်မှာ ဖြစ်ပြီး သူတစ်ပါးစိတ်ခံစားချက်ဆိုင်ရာ ဖိစီးမှုတွေဖြစ်လာစေဖို့ တမင် ရည်ရွယ်ပြီး တိုက်ခိုက် ခဲ့တဲ့အတွက် ဒေါ်လာ ၂.၅ သန်း ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment