Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 13, 2015

သေနတ်နဲ့ ပစ်သတ်မယ်လို့ Rihanna ခြိမ်းခြောက်ခံရ





ဘာဘာဒီးယန်း အဆိုတော်မလေး Rihanna တစ်ယောက် လူမှုကွန်ရက် မှာ သေနတ် နဲ့ အပစ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးကို ရခဲ့ပြီးတဲ့နောက် Rihanna နောက်ကို လိုက်နှောင့်ယှက်နေသူလို့ ထင်ရသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက သူ့ရဲ့ အွန်လိုင်း အကောင့်တွေကိုပါ ရှာဖွေ စစ်ဆေးဖို့ကြိုးစားနေရပါတယ်။

အသိသက်သေတွေ TMZ သတင်းဌာနကို ပြောပြခဲ့တာကတော့ လော့အိန်ဂျလိစ် ရဲတပ်ဖွဲ့ဟာ Twitter နဲ့ Yahoo မှာ Alex Mercer နဲ့ Ralph Alexander ဆိုတဲ့ နာမည်တွေနဲ့ အသုံးပြုနေတဲ့သူတစ်ယောက်ရဲ့ မှတ်တမ်း အချို့ကို နောက်ယောင်ခံလိုက်ကာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ထိုပုဂ္ဂိုလ်ဟာ ဧပြီလ ၃၀ ရက်နေ့ကလည်း Rihanna ရဲ့ အရင်နေအိမ် အရှေ့မှာ Selfie ဓါတ်ပုံရိုက်ထားတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဓါတ်ပုံရိုက်ပြီး နောက်တစ်နေ့မှာတော့ ထို ပုဂ္ဂိုလ်က Twitter မှာ Rihanna ကို သေနတ် နဲ့ ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေကို Rihanna ရဲ့ Twitter အကောင့်နာမည်ပါထည့်သွင်းရေးသားပြီး Tweet ရေးသားခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ တွေလည်း ချက်ချင်းပဲ Rihanna ရဲ့ အရင်နေအိမ် အရှေ့ကို လိုက်သွားခဲ့ရာမှာတော့ နောက်ကျသွားခဲ့ပါတယ်။ ထို ပုဂ္ဂိုလ်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ထို ပုဂ္ဂိုလ်ကို ဖုန်း ၊ ကွန်ပျူတာ နဲ့ လူမှုမီဒီယာ မှတ်တမ်းတွေက တဆင့် အီလက်ထရောနစ် နည်းလမ်းတွေအရပဲ ရှာဖွေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ

No comments:

Post a Comment