CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
မိတ်ကပ်လိမ်းခြင်း၊ မလိမ်းခြင်းဟာ အမျိုးသမီးတွေအတွက် ရှက်စရာ မဟုတ်ကြောင်း မိတ်ကပ်တစ်ဝက်ပြင် Selfie ရိုက်ခြင်းဖြင့် ဖွင့်ထုတ်လာကြ
မေသော်
ကျွန်မတို့အားလုံးသိကြတာကတော့ မိတ်ကပ်လိမ်းလိမ်း မလိမ်းလိမ်း အမျိုးသမီးတစ်ဦးချင်းစီမှာ သူတို့ရဲ့ပင်ကိုယ်အလှဆိုတာ ရှိပြီးသားပါ။ အမျိုးသမီးတွေအတွက်တော့ မိတ်ကပ်လိမ်းထားရင်လည်း မိတ်ကပ်တွေလိမ်းထားပြန်ပြီ ဆိုပြီး အပြစ်စကားဆိုခံရသလို မလိမ်းပြန်ရင်လည်း မျက်နှာပြောင်နဲ့ မလှမပဆိုပြီး ပြောခံရပြန်ပါတယ်။ တကယ်တော့ မိတ်ကပ်ဆိုတာ လူတစ်ယောက်ရဲ့ ရွေးချယ်မှုပါ။ အပြစ်ဆိုစရာ မဟုတ်ပါဘူး။ ကြိုက်ရင်လိမ်း၊ မကြိုက်ရင် မလိမ်းနဲ့၊ပြီးတော့ ကြိုက်တဲ့အချိန် လိမ်းနိုင်ပါတယ်။ ကိုယ်ဝတ်ဆင်မယ့် အ၀တ်အစားလိုပါပဲ။
ဒီအခြေအနေနဲ့ပတ်သက်ပြီး YouTube မှာ မိတ်ကပ်ခြယ်သပုံတွေ တင်လေ့ရှိတဲ့ Nikki Tutorials ကနေ အမျိုးသမီးတွေ မိတ်ကပ်လိမ်းတယ်ဆိုတာကို မရှက်မရွံ့ဝန်ခံပြီး ပျော်ပျော်ရွှင်ရွင်ဖြစ်စေဖို့ မိတ်ကပ်တစ်ဝက်သာပြင်ထားတဲ့ ပုံတွေ တင်ပေးခဲ့ပါတယ်။ သူဆိုလိုချင်တာကတော့ အမျိုးသမီးတွေဟာ မိတ်ကပ်လိမ်းတာ မလိမ်းတာနဲ့ ပတ်သက်ပြီး ရှက်နေတာမျိုး မရှိရအောင်လို့ ရည်ရွယ်တာပါ။
YouTube မှာတင်ထားတဲ့ clip ကို လူပေါင်းများစွာ ၀င်ရောက်ကြည့်ရှုခဲ့ကြပြီး မိတ်ကပ်အစွမ်းကိုလည်း အားလုံးမြင်တွေ့နိုင်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ သိပ်ကိုမြန်ဆန်လွန်းအားကြီးတာကြောင့် #ThePowerOfMakeup ဆိုပြီး မျက်နှာတစ်ခြမ်းကို မိတ်ကပ်ပြင် တစ်ခြမ်းကိုမပြင်မဆင် နဂိုအတိုင်းထားကာ ဓာတ်ပုံရိုက်တင်လာကြတဲ့သူတွေလည်း ရှိလာပါတယ်။
ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေမယ့် ဘယ်အရာကိုမဆို စမ်းကြည့်ဖို့ လိုပြီး ရှက်ရွံ့နေစရာမလိုဘူးဆိုတာ မိန်းမသားတွေ သိစေဖို့ပါပဲ။
Ref:yourtango
http://www.trend.com.mm/2015/07/03/lifestyle-7058
မိတ်ကပ်လိမ်းခြင်း၊ မလိမ်းခြင်းဟာ အမျိုးသမီးတွေအတွက် ရှက်စရာ မဟုတ်ကြောင်း မိတ်ကပ်တစ်ဝက်ပြင် Selfie ရိုက်ခြင်းဖြင့် ဖွင့်ထုတ်လာကြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment