Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

မြန်မာ့ ပေါ်ဆန်းမွှေးဆန်ကို အမေရိကန်နှင့် စင်ကာပူသို့ ပိုမိုတင်ပို့မည်


မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးဆန်များကို အမေရိကန် ပြည်ထောင်စုနှင့် စင်ကာပူနိုင်ငံသို့ ပမာဏ တိုးမြှင့်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းထွက်ပေါ်ရာ နေရာများမှ ဇွန်လ ၂၉ ရက်၊ တနင်္လာနေ့က သိရှိရပါသည်။

ရနံ့သင်းပျံ့သော ပေါ်ဆန်းမွှေးဆန်ကို ချက်ထားသည့် ထမင်းများ ဖြစ်ပါသည်။ရနံ့သင်းပျံ့သော ပေါ်ဆန်းမွှေးဆန်ကို ချက်ထားသည့် ထမင်းများ ဖြစ်ပါသည်။ပြီးခဲ့သော ဘဏ္ဍာရေးနှစ်က အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့သော ပေါ်ဆန်းမွှေးဆန် တန်ချိန် ၂၀ ခန့်သာ ရှိခဲ့ပြီး၊ လက်ရှိ ပြည်ပသို့ တင်ပို့သော ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ရှိသည်။ ထိပ်တန်းအဆင့် ပေါ်ဆန်းမွှေးဆန်မှာ တစ်တန်လျှင် ဒေါ်လာ ၁,၀၀၀ ခန့် ပေါက်ပါသည်။

ယခုလောလောဆယ်တွင်၊ ဥရောပနိုင်ငံများအတွင်း ရနံ့မွှေးသော ဆန်များ ဝယ်လိုအားတက်နေသဖြင့် ဥရောပသမဂ္ဂ အီးယူနိုင်ငံများနှင့် ဆန်အမျိုးအစားနှစ်ခု အရောင်းအဝယ် လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းတို့မှာ လုံးသွယ်မွှေးနှင့် ပေါ်ဆန်းမွှေးတို့ ဖြစ်၏။

အီးယူ၏ ဝယ်လိုအားအလိုက် ရနံ့သင်းပျံသော ဆန်လုံးတိုဖြစ်စေ၊ ဆန်လုံးရှည်ဖြစ်စေ ကန်ထရိုက်စာချုပ်ဖြင့် စိုက်ပျိုးရေးစနစ်ကို အသုံးပြုကာ ထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ပြောကြားပြီး ဥရောပသို့ တင်ပို့ခြင်းအားဖြင့် မြန်မာလယ်သမားများသည် မိမိတို့၏ ဈေးကွက်ကို ဆင့်ပွားနိုင်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးဆန်သည် ၂၀၁၁ ခုနှစ်က ကျင်းပသော ကမ္ဘာ့ဆန်စပါးညီလာခံတွင် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် သတ်မှတ်ခံရပါသည်။

ထိပ်တန်းအဆင့် ပေါ်ဆန်းမွှေးဆန်ကို မိုးနည်းသော စစ်ကိုင်းတိုင်း ရွှေဘိုနယ်မှသာ ထွက်ရှိပြီး၊ အထူးအဆင့် ပေါ်ဆန်းမွှေးဆန်ကို ပဲခူးတိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ စိုက်ပျိုးထုတ်လုပ်သည်။

ကမ္ဘာ့နိုင်ငံများတွင် ဆူရှီးစားသုံးမှု တိုးပွားလာခြင်းကြောင့် ဆန်စပါးဈေးကွက် ကျယ်ပြန့်လာခဲ့သော်လည်း ဆူရှီးသုံး ဆန်မှာ ဆန်လုံးတို၍ ပိုမိုစေးသော ဂျပန်ဆန်အမျိုးအစား ဖြစ်သည်။

မြန်မာနိုင်ငံသည် မတ်လတွင်ကုန်ဆုံးသော ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆန်စပါး ပြည်ပတင်ပို့မှု တန်ချိန် ၂ သန်း ရှိခဲ့သဖြင့် ယခင်ဘဏ္ဍာရေးနှစ်ထက် ၄၀ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

http://kabarthit.com/index.php?option=com_content&view=article&id=694:2015-07-01-22-29-43&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment