ပေကျင်း ၊ ၂၃-၇-၂၀၁၅
တရုတ်နိုင်ငံ အတွင်းရှိ နာမည် ကြီး ပန်းချီဆရာ များ၏ လက်ရာမြောက် ပန်းချီကား ၁၄ဝ ချပ်ကျော် ကို ခိုးယူ၍ ၄င်း ပန်းချီကားများ နေရာတွင် ပန်းချီကား အတုများဖြင့် အစားထိုး ပြသခဲ့သူ ပြတိုက်မှူး တစ်ဦးကို ယင်းနိုင်ငံ အာဏာပိုင် များက ဖမ်းဆီးနိုင် ခဲ့ကြောင်း မီဒီယာ တစ်ခုက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန် ခဲ့သည်။
နိုင်ငံတောင်ပိုင်း ကွမ်ကျို့ လက်မှုပညာ အတတ်သင် သိပ္ပံကျောင်းရှိ ပြခန်းမှ တာဝန်ခံ ကျောင်းယွမ် သည် အဆိုပါ နာမည်ကြီး ပန်းချီ ဆရာကြီးများ၏ ပန်းချီကား များကို ခိုးယူ ခဲ့ပြီးနောက် ပန်းချီကား ၁၂၅ ချပ်ကို ယွမ် ၃၄ သန်း (ဒေါ်လာ ၆ ဒသမ ၁ သန်း )ဖြင့် ရောင်းချခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။
ကျောင်းယွမ် သည် အဆိုပါ ပန်းချီကား များကို၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အကြား အတုလုပ်ပြီး ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်း၏ လက်ဝယ်တွင် ယွမ်သန်း ၇ဝ ခန့် တန်ဖိုးရှိ ပန်းချီကားများ ရှိနိုင် သေးကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
ပြခန်း တာဝန်ခံ ကျောင်းယွမ် ခိုးယူ ရောင်းချခဲ့သည့် ပန်းချီကား များတွင် ပန်းချီပညာ ရှင်ကျူတာ၊ ကျီပိုင်ရှီ နှင့် ကျန်းတကျန် တို့၏ လက်ရာများ ပါဝင်ကြောင်း သိရသည်။ သို့သော် ယင်းကိစ္စရပ် များနှင့် စပ်လျဉ်း၍ တရားရုံးက ကျောင်းယွမ် အား နောက်ပိုင်းတွင် စီရင်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment