Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

Jamie Dornan, Idris Elba တို့ကိုကျော်တက်ပြီး “ Rear Of The Year “ ဆုကို ရရှိခဲ့တဲ့ Daniel Radcliffe



ဟယ်ရီပေါ်တာရုပ်ရှင် သရုပ်ဆောင် မင်းသား Daniel Radcliffe ဟာ ဗြိတိန် နိုင်ငံ  ရဲ့ အနုပညာဆုတစ်ခုဖြစ်တဲ့  ၂၀၁၅ ခုနှစ်အတွက် Rear Of The Year ဆုကို လူပေါင်း ၁၀,၀၀၀ ကျော်က ထောက်ခံမဲပေးခဲ့လို့ ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသားဟာ Erin Drake နဲ့လက်ရှိ စုံတွဲခုတ်နေပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ “ Kill Your Darlings “ ရုပ်ရှင်မှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။

“ Rear of the Year “ ဆုအတွက် “ Fifty Shades of Grey “ မင်းသား Jamie Dornan က ဒုတိယနေရာမှာ ချိတ်နေပြီး သူ့ရဲ့ဇနီးဖြစ်သူ Amelia Warner ကတော့ S&M ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ တွဲပြီး အလုပ်လုပ်နေတာ သူ့အတွက် ပြဿနာမရှိပါဘူးလို့ ဆိုပါတယ်။

မင်းသားက Daily Mail ကို “ ကျွန်တော့်မိန်းမက ဇာတ်ညွန်းစာသားတွေကို ကောင်းကောင်းကြိုဖတ်ပြီးသားပါ။ Fifty Shades ဇာတ်ကားအတွက် သူကအများကြီး ကူညီပေးခဲ့တာပါ” လို့ဆိုပါတယ်။

တတိယနေရာမှာတော့ တင်းနစ်ကစားသမား Andy Murray က နေရာယူထားပြီး Idris Elba နဲ့ Eddie Redmaynet တို့ကတော့ စတုတ္ထနဲ့ ပဉ္စမနေရာတို့မှာ အသီးသီး နေရာယူထားကြပါတယ်။

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment