CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 15, 2015
၈၈ ခေါင်းဆောင် ကိုကိုကြီး ရွေးကောက်ပွဲဝင်မည်
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် မယ်လို့ သိရပါတယ်။ မဲဆန္ဒနယ်မြေနဲ့ ဘယ်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင် မယ်ဆိုတာကို ဒီရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်ကြေညာ သွားမယ်လို့ ပြောပါတယ်။
"ပြောတဲ့အခါကျရင် တကယ့်ကိုပြောမှာပါ၊ လွှတ်တော်နိုင်ငံရေးကိုလုပ်မယ်လို့ ပြောထားတာ၊ ဘယ်လိုဆိုတာ၊ ဘာမှမပြောထားသေးဘူး၊ ဘယ်လိုပုံစံ၊ ဘယ်အချိန် ဆိုတာကို ဘာမှမပြောသေးတာ"
နောက်ထပ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုမြအေးတို့ကတော့ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ လည်း သိရပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့်ခေါင်းဆောင်တွေနဲ့ မဲဆန္ဒနယ်မြေကိုလည်း အဲဒီသတင်း စာရှင်းလင်းပွဲမှာ ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
၈၈ ခေါင်းဆောင် ကိုကိုကြီး ရွေးကောက်ပွဲဝင်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment