Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 15, 2015

လူပေါင်း ၂၅၇ ယောက် သေဆုံးခဲ့သည့် မွန်ဘိုင်ဗုံးခွဲတိုက်ခိုက်သူ ဇူလှိုင် ၃၀ တွင် ကြိုးပေးကွက်မျက်မည်


ရန်ကုန်၊ ဇူလှိုင် ၁၅

အိန္ဒိယ သမ္မတမှ သူ၏ အသနားခံလွှာအား ပယ်ချလိုက်ပြီးနောက် ၁၉၉၃ ခုနှစ် မွန်ဘိုင်းဗုံဖေါက်ခွဲရာတွင် အဓိက တရားခံဖြစ်သူ Yakub Memon ( ၅၃) နှစ်ကို ဇူလှိုင်လ ၃၀ ရက်နေ့တွင် ကြိုးပေး ကွက်မျက်တော့မည်ဟု The Independent သတင်းစာတွင် ဖော်ပြသည်။

၁၉၉၃ ခုနှစ်က မတ်လ ၁၂ ရက်နေ့က မွန်ဘိုင်းမြို့တွင် ဒါဇင်ချီသော ဗုံးခွဲ အကြမ်းဖမ်းတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၂၅၇ ယောက်သေဆုံးခဲ့ပြီး ၇၀၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။

Yakub Memon သည် ဖေါက်ခွဲမှု ၁၃ ခုကို ပြုလုပ်ရန် ငွေကြေး ထောက်ပံ့မှု ပြုလုပ်ခဲ့၍ ပြစ်မှုထင်ရှားသဖြင့် မွန်ဘိုင်း တရားရုံးတစ်ခုက ၂၀၀၇ ခုနှစ်ကတည်းက သေဒဏ်ချမှတ်ခဲ့သည်။

သူ့အား ယခုအခါ Nagpur ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ယင်းထောင်၌ပင် ကွက်မျက်မည်ဟု ဆိုသည်။

အဓိက ဖေါက်ခွဲရာတွင် ပါဝင်သည့် သူ၏ ညီအစ်ကို တော်စပ်သူ Tiger Memon မှာ ထွက်ပြေး လွတ်မြောက်နေသည်ဟု သတင်းတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/pages/Narinjara

No comments:

Post a Comment